ကိုဗစ္​​ေရာဂါနဲ႔ပတ္သက္တဲ့ေနရာမ်ားမွာ ဒူးရင္းသီးေရာင္းရ​ေသာ ေငြေတြအကုန္လုံးကို လႉဒါန္းေပးခဲ့တဲ့ နႏၵာလႈိင္ရဲ႕မိခင္

ပရိသတ္ရဲ႕အခ်စ္ေတာ္နႏၵာလႈိင္နဲ႔ ေမာင္တို႔ရဲ႕မိခင္ျဖစ္သူကေတာ့ ဒီေန႔မွာ ကိုဗစ္ေရာဂါကာကြယ္ေရးလုပ္ငန္းေတြမွာ အလႉေငြထည့္ဝင္ခဲ့ေၾကာင္း ေမာင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝလာပါတယ္။ သားသမီးေတြ ကိုဗစ္နဲ႔ ဒုကၡေရာက္ေနရခ်ိန္မွာ

မိခင္ျဖစ္သူက သူဒူးရင္းသီးေရာင္းၿပီးရွာထားတဲ့ေငြေတြနဲ႔ ကိုဗစ္ေရာဂါကာကြယ္ကုသေရးေနရာေတြမွာ လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ ကိုဗစ္ေရာဂါပိုးေၾကာင့္ သမီးငယ္ျဖစ္သူေႏြးေႏြးလႈိင္ရဲ႕ခင္ပြန္းဆုံးပါးခဲ့သလို ေျမးေလးေတြလည္း Q Center မွာပဲ ေနခဲ့ရပါတယ္။

ဒါ့အျပင္ သားငယ္ စိန္ၿဖိဳးလႈိင္( ေမာင္) လည္း တူ၊တူမေလးေတြနဲ႔အတူ Q ဝင္ေပးရင္း ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရၿပီး နႏၵာလႈိင္ရဲ႕ေနအိမ္ကိုလည္း Lock Down ခ်ထားျခင္း ခံခဲ့ရပါတယ္။ အခုလို ကိုဗစ္ေရာဂါပိုးဒဏ္ကို သားသမီးေတြ အကုန္ခံစားခဲ့ရတာေၾကာင့္

မိခင္ျဖစ္သူအေနနဲ႔ ကိုဗစ္ေရာဂါ ကာကြယ္ကုသေရးလုပ္ငန္းေတြမွာ တစ္တပ္တစ္အား ပါဝင္လာခဲ့တာပါ။ စိန္ၿဖိဳးလႈိင္ကေတာ့ မိခင္ျဖစ္သူရဲ႕အလႉေလးကို ”သားသမီးေတြ COVID နဲ႔ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ အေမက သူ ဒူးရင္းသီးေရာင္းၿပီး ရွာထားတာေတြနဲ႔

အလိုအပ္ဆုံးျဖစ္ေနတဲ့ေနရာေတြမွာ လႉမယ္ဆိုၿပီး ဦးခ်ိန္လႈိင္ + ေဒၚခင္လွ မိသားစုအေနနဲ႔ – ေတာင္ဥကၠလာအမ်ိဳးသမီးေဆး႐ုံ အတြက္ သိန္း (၄၀)၊ ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚေဆးကုသမႈဌာနအတြက္ သိန္း ၄၀၊ မရမ္းကုန္းၿမိဳ႕နယ္ ကိုဗစ္ထိန္းခ်ဳပ္ေရး

ေကာ္မတီအတြက္ သိန္း (၂၀)၊ ကမာ႐ြတ္ ၿမိဳ႕နယ္ ကိုဗစ္ထိန္းခ်ဳပ္ေရး ေကာ္မတီအတြက္ ၅ သိန္း စုစုေပါင္း ၁၀၅ သိန္း တို႔ကိုလႉဒါန္းလိုက္ပါတယ္။သာဓုပါေမႀကီးေရ” ဆိုၿပီး မိခင္ျဖစ္သူရဲ႕အလႉေလးကို မွ်ေဝေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်ရဲ့အချစ်တော်နန္ဒာလှိုင်နဲ့ မောင်တို့ရဲ့မိခင်ဖြစ်သူကတော့ ဒီနေ့မှာ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အလှူငွေထည့်ဝင်ခဲ့ကြောင်း မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာပါတယ်။ သားသမီးတွေ ကိုဗစ်နဲ့ ဒုက္ခရောက်နေရချိန်မှာ

မိခင်ဖြစ်သူက သူဒူးရင်းသီးရောင်းပြီးရှာထားတဲ့ငွေတွေနဲ့ ကိုဗစ်ရောဂါကာကွယ်ကုသရေးနေရာတွေမှာ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးကြောင့် သမီးငယ်ဖြစ်သူနွေးနွေးလှိုင်ရဲ့ခင်ပွန်းဆုံးပါးခဲ့သလို မြေးလေးတွေလည်း Q Center မှာပဲ နေခဲ့ရပါတယ်။

ဒါ့အပြင် သားငယ် စိန်ဖြိုးလှိုင်( မောင်) လည်း တူ၊တူမလေးတွေနဲ့အတူ Q ဝင်ပေးရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး နန္ဒာလှိုင်ရဲ့နေအိမ်ကိုလည်း Lock Down ချထားခြင်း ခံခဲ့ရပါတယ်။ အခုလို ကိုဗစ်ရောဂါပိုးဒဏ်ကို သားသမီးတွေ အကုန်ခံစားခဲ့ရတာကြောင့်

မိခင်ဖြစ်သူအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်လာခဲ့တာပါ။ စိန်ဖြိုးလှိုင်ကတော့ မိခင်ဖြစ်သူရဲ့အလှူလေးကို ”သားသမီးတွေ COVID နဲ့ဒုက္ခရောက်နေတဲ့အချိန်မှာ အမေက သူ ဒူးရင်းသီးရောင်းပြီး ရှာထားတာတွေနဲ့

အလိုအပ်ဆုံးဖြစ်နေတဲ့နေရာတွေမှာ လှူမယ်ဆိုပြီး ဦးချိန်လှိုင် + ဒေါ်ခင်လှ မိသားစုအနေနဲ့ – တောင်ဥက္ကလာအမျိုးသမီးဆေးရုံ အတွက် သိန်း (၄၀)၊ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဆေးကုသမှုဌာနအတွက် သိန်း ၄၀၊ မရမ်းကုန်းမြို့နယ် ကိုဗစ်ထိန်းချုပ်ရေး

ကော်မတီအတွက် သိန်း (၂၀)၊ ကမာရွတ် မြို့နယ် ကိုဗစ်ထိန်းချုပ်ရေး ကော်မတီအတွက် ၅ သိန်း စုစုပေါင်း ၁၀၅ သိန်း တို့ကိုလှူဒါန်းလိုက်ပါတယ်။သာဓုပါမေကြီးရေ” ဆိုပြီး မိခင်ဖြစ်သူရဲ့အလှူလေးကို မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။