ကိုဗစ္​ေရာဂါပုိး ကူးစက္​ခံထားရ​ေသာ ေဆး႐ုံဝန္ထမ္းမ်ားႏွင့္ လူနာ​ေတြအတြက္ အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ ေငြသိန္းဆယ္ႏွင့္ခ်ီၿပီးလႉဒါန္းခဲ့တဲ့ မင္​းသားႀကီး ခန႔္စည္သူ

မင္းသားေခ်ာ ခန႔္စည္သူကေတာ့ ေအာင္ျမင္တဲ့ အႏုပညာလမ္းမေပၚမွာ ေလွ်ာက္လွမ္းေနသလို အလႉအတန္းေတြကိုလည္း အခ်ိန္ေပးလုပ္ကိုင္ေနတဲ့ ပရဟိတသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ခန႔္စည္သူက လက္ရွိကိုဗစ္ကာလမွာလည္း သူ႔ရဲ႕ အႏုပညာအလုပ္ေတြကို

လုံးဝရပ္နားထားၿပီး ကိုဗစ္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ အလႉအတန္းေတြ ျပဳလုပ္ေနလ်က္ရွိပါတယ္။ ဒီကေန႔ စက္တင္ဘာလ (၂၄) ရက္ေန႔မွာလည္း ခန႔္စည္သူက ကိုဗစ္ P ေဆး႐ုံဝန္ထမ္းမ်ားႏွင့္လူနာမ်ားအတြက္ အလႉေလးတစ္ခုျပဳခဲ့ေၾကာင္း

အခုလိုပဲ မွ်ေဝေျပာျပထားပါတယ္။ “ရန္ကုန္တိုင္းေဒသႀကီး၊ေအာင္ဆန္းတီဘီေရာဂါအထူးကုေဆး႐ုံႀကီး၌ Home Lock down ျဖစ္ေနေသာ ေဆး႐ုံဝန္ထမ္းမ်ား၊ ကိုဗစ္ P ေဆး႐ုံဝန္ထမ္းမ်ားႏွင့္ လူနာမ်ားအတြက္ အလႉေငြ ၁၅ သိန္း၊ ဆန္ ၁၀ အိတ္၊ ပုဆိုးအထည္ ၁၀၀

တို႔ကို ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဒၚသႏၲာမႊန္းထံသို႔ သြားေရာက္လႉဒါန္းခဲ့ပါသည္။ အခက္အခဲမ်ားၾကားမွဝိုင္းဝန္းလႉဒါန္းေပးၾကပါေသာ အလႉရွင္မ်ားအားလုံးကိုလည္း အထူးပဲေက်းဇူးတင္ရွိပါတယ္။ ေဆး႐ုံဝန္ထမ္းမ်ား၊လူနာမ်ားႏွင့္အလႉရွင္မ်ား ေကာင္းက်ိဳး

လိုရာဆႏၵမ်ား ျပည့္ဝၾကပါေစ။” ဆိုၿပီး သူ႔ရဲ႕ အလႉေလးကို ပရိသတ္ေတြ သာဓုေခၚဆိုႏိုင္ဖို႔ မွ်ေဝထားပါတယ္။ ခန႔္စည္သူကေတာ့ အခက္အခဲျဖစ္ၿပီး လိုအပ္ေနတဲ့ ေနရာေတြကို သူကိုယ္တိုင္ သြားေရာက္ လႉဒါန္းၿပီး လိုအပ္တာမွန္သမွ်ကို ျဖည့္စြက္ကူညီေပးေန

တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခန႔္စည္သူရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသားချော ခန့်စည်သူကတော့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေသလို အလှူအတန်းတွေကိုလည်း အချိန်ပေးလုပ်ကိုင်နေတဲ့ ပရဟိတသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ခန့်စည်သူက လက်ရှိကိုဗစ်ကာလမှာလည်း သူ့ရဲ့ အနုပညာအလုပ်တွေကို

လုံးဝရပ်နားထားပြီး ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအတွက် အလှူအတန်းတွေ ပြုလုပ်နေလျက်ရှိပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၂၄) ရက်နေ့မှာလည်း ခန့်စည်သူက ကိုဗစ် P ဆေးရုံဝန်ထမ်းများနှင့်လူနာများအတွက် အလှူလေးတစ်ခုပြုခဲ့ကြောင်း

အခုလိုပဲ မျှဝေပြောပြထားပါတယ်။ “ရန်ကုန်တိုင်းဒေသကြီး၊အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၌ Home Lock down ဖြစ်နေသော ဆေးရုံဝန်ထမ်းများ၊ ကိုဗစ် P ဆေးရုံဝန်ထမ်းများနှင့် လူနာများအတွက် အလှူငွေ ၁၅ သိန်း၊ ဆန် ၁၀ အိတ်၊ ပုဆိုးအထည် ၁၀၀

တို့ကို ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန္တာမွှန်းထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ အခက်အခဲများကြားမှဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဆေးရုံဝန်ထမ်းများ၊လူနာများနှင့်အလှူရှင်များ ကောင်းကျိုး

လိုရာဆန္ဒများ ပြည့်ဝကြပါစေ။” ဆိုပြီး သူ့ရဲ့ အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေထားပါတယ်။ ခန့်စည်သူကတော့ အခက်အခဲဖြစ်ပြီး လိုအပ်နေတဲ့ နေရာတွေကို သူကိုယ်တိုင် သွားရောက် လှူဒါန်းပြီး လိုအပ်တာမှန်သမျှကို ဖြည့်စွက်ကူညီပေးနေ

တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။