ကြၽန္​​ေတာ္​တုိ႔ ျမန္မာျပည္ၾကီး​ရဲ႕ ရက္​သားပဲ႐ွ​ိ​ေသးတဲ့ အသက္အငယ္ဆုံး​ေသာ ကိုဗစ္လူနာ က​ေလးငယ္​​ေလး

ဒီေန႔ မနက္ပိုး‌ေတြ႕လူနာစာရင္းထဲမွာ အသက္ ၈ ရက္ပဲရွိေသးတဲ့ ပဲခူးတိုင္းက ေမြးကင္းစကေလးငယ္ တစ္‌ေယာက္ပါဝင္လာတယ္လို႔ ပဲခူးတိုင္းျပည္သူ႔က်န္းမာေရး ဦးစီးဌာနက

ထုတ္ျပန္လိုက္ပါတယ္။ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာလ ၂၃ ရက္ေန႔ မနက္ပိုင္းထုတ္ျပန္ခ်က္အရ ပဲခူးတိုင္းက ကိုဗစ္လူနာ ၁၁ ေယာက္ေတြ႕ရွိခဲ့ၿပီး

အဲဒီထဲမွာ ကိုဗစ္လူနာနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့ အသက္ ၈ ရက္အ႐ြယ္ ေမြးကင္းစကေလးတစ္‌ေယာက္ပါ ကူးစက္ခံခဲ့ရတာလို႔ သိရပါတယ္။ ဒါ့အျပင္ ဒီေန႔ ပဲခူးတိုင္းမွာေတြ႕ခဲ့တဲ့ ကိုဗစ္လူနာ

ေတြထဲမွာ ရန္ကုန္တိုင္း၊ ၾကည့္ျမင့္တိုင္ ငါးေစ်းက ျပန္လာသူ (၃)ေယာက္နဲ႔ ဗဟန္းကျပန္လာသူ(၁)ေယာက္တို႔မွာလည္း ကိုဗစ္ပိုးေတြ႕ခဲ့ၿပီး က်န္တဲ့ ပိုးေတြ႕လူနာ ေတြကေတာ့

ကိုဗစ္လူနာနဲ႔ ထိေတြ႕ဆက္စပ္မႈရွိတဲ့သူေတြျဖစ္ပါတယ္။ အခုကိုဗစ္ပိုးေတြ႕လူနာေတြဟာ အသြားအလာကန႔္သတ္ထားတဲ့သူေတြျဖစ္ၿပီး ပဲခူးကလိေဆး႐ုံႀကီးကို ပို႔ေဆာင္ကုသ

ေပးသြားမယ္လို႔ သိရပါတယ္။ ဒီေန႔ မနက္ပိုင္းအထိေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ (၆၉၅၉)‌ေယာက္ရွိၿပီး ျပန္ေကာင္းမြန္သူ(၁၉၅၁)ေယာက္နဲ႔ ေသဆုံးသူ(၁၁၆)ေယာက္ရွိေနပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီနေ့ မနက်ပိုး‌တွေ့လူနာစာရင်းထဲမှာ အသက် ၈ ရက်ပဲရှိသေးတဲ့ ပဲခူးတိုင်းက မွေးကင်းစကလေးငယ် တစ်‌ယောက်ပါဝင်လာတယ်လို့ ပဲခူးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက

ထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်းက ကိုဗစ်လူနာ ၁၁ ယောက်တွေ့ရှိခဲ့ပြီး

အဲဒီထဲမှာ ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အသက် ၈ ရက်အရွယ် မွေးကင်းစကလေးတစ်‌ယောက်ပါ ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။ ဒါ့အပြင် ဒီနေ့ ပဲခူးတိုင်းမှာတွေ့ခဲ့တဲ့ ကိုဗစ်လူနာ

တွေထဲမှာ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင် ငါးဈေးက ပြန်လာသူ (၃)ယောက်နဲ့ ဗဟန်းကပြန်လာသူ(၁)ယောက်တို့မှာလည်း ကိုဗစ်ပိုးတွေ့ခဲ့ပြီး ကျန်တဲ့ ပိုးတွေ့လူနာ တွေကတော့

ကိုဗစ်လူနာနဲ့ ထိတွေ့ဆက်စပ်မှုရှိတဲ့သူတွေဖြစ်ပါတယ်။ အခုကိုဗစ်ပိုးတွေ့လူနာတွေဟာ အသွားအလာကန့်သတ်ထားတဲ့သူတွေဖြစ်ပြီး ပဲခူးကလိဆေးရုံကြီးကို ပို့ဆောင်ကုသ

ပေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၆၉၅၉)‌ယောက်ရှိပြီး ပြန်ကောင်းမွန်သူ(၁၉၅၁)ယောက်နဲ့ သေဆုံးသူ(၁၁၆)ယောက်ရှိနေပါတယ်။