ေရာဂါပိုးကူစက္နိုင္မွန္းသိသိႀကီးနဲ႔ မိဘေက်းဇူးမ်ားကုိ အသက္နဲ႔ရင္းၿပီးဆပ္ေနေသာ သူရဲေကာင္း သားလိမ္မာတစ္ေယာက္
|ညက အခ်ိန္မေတာ္ႀကီး ေရာက္လာတဲ့ Positive လူနာ အသက္၇၅ ႏွစ္ ဘဘ နဲ႔ သူ႔သားကို ေသြးေပါင္ခ်ိန္ေပး၊ ေအာက္စီဂ်င္တိုင္းေပး၊
အပူခ်ိန္တိုင္းေပး သားအဖ ႏွစ္ေယာက္စလုံး ေသြးတိုး အခံရွိေတာ့ ေသြးတိုးေနတယ္။ မနက္က် ထပ္တိုင္းေတာ့ ပုံမွန္ ျပန္ျဖစ္သြားတယ္။
ဒီသားဖ ႏွစ္ဦးနဲ႔ ပတ္သက္ၿပီး ေျပာျပစရာေလးရွိတယ္။ ဘဘ က positive ဆိုေပမယ့္ အတူပါလာတဲ့ ဘဘ သားက ပိုး ကူးစက္ခံထားရျခင္း
မရွိဘဲ ဖခင္ကို ျပဳစုဖို႔ လက္မွတ္ထိုးၿပီး Positive လူနာေတြ ေနတဲ့ အေဆာင္အထိ လိုက္လာတာတဲ့။ အခုသူ႔ကို ပိုးရွိမရွိ စစ္ထားတယ္။
အေျဖက positive ပဲျဖစ္ျဖစ္ negative ပဲျဖစ္ျဖစ္ သူေက်ေက်နပ္နပ္ခံယူမယ္တဲ့ မနက္ အဖ်ားတိုင္းရင္းနဲ႔ ဘဘကေျပာတယ္။
သားတို႔နဲ႔ တစ္ေဆာင္တည္းက်တာ ေပ်ာ္တယ္သားရယ္ တဲ့။ ကၽြန္ေတာ္ျပဳံးၿပီး ဘဘကို ေျပာလိုက္တယ္။ ဘဘသား သူရဲေကာင္းႀကီးက ပိုေပ်ာ္ေနမွာပါလို႔။
ယူနီကုဒ္ျဖင့္ဖတ္ရန္
ညက အချိန်မတော်ကြီး ရောက်လာတဲ့ Positive လူနာ အသက်၇၅ နှစ် ဘဘ နဲ့ သူ့သားကို သွေးပေါင်ချိန်ပေး၊ အောက်စီဂျင်တိုင်းပေး၊
အပူချိန်တိုင်းပေး သားအဖ နှစ်ယောက်စလုံး သွေးတိုး အခံရှိတော့ သွေးတိုးနေတယ်။ မနက်ကျ ထပ်တိုင်းတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။
ဒီသားဖ နှစ်ဦးနဲ့ ပတ်သက်ပြီး ပြောပြစရာလေးရှိတယ်။ ဘဘ က positive ဆိုပေမယ့် အတူပါလာတဲ့ ဘဘ သားက ပိုး ကူးစက်ခံထားရခြင်း
မရှိဘဲ ဖခင်ကို ပြုစုဖို့ လက်မှတ်ထိုးပြီး Positive လူနာတွေ နေတဲ့ အဆောင်အထိ လိုက်လာတာတဲ့။ အခုသူ့ကို ပိုးရှိမရှိ စစ်ထားတယ်။
အဖြေက positive ပဲဖြစ်ဖြစ် negative ပဲဖြစ်ဖြစ် သူကျေကျေနပ်နပ်ခံယူမယ်တဲ့ မနက် အဖျားတိုင်းရင်းနဲ့ ဘဘကပြောတယ်။
သားတို့နဲ့ တစ်ဆောင်တည်းကျတာ ပျော်တယ်သားရယ် တဲ့။ ကျွန်တော်ပြုံးပြီး ဘဘကို ပြောလိုက်တယ်။ ဘဘသား သူရဲကောင်းကြီးက ပိုပျော်နေမှာပါလို့။