ယခုလက္​႐ွိ သမီးရည္းစားဘဝမွာလည္း လက္ထပ္ျပီးသားလုိ​​မ်ိဳးေနထိုင္ၾက​ေၾကာင္း ေျပာျပလာခဲ့တဲ့ သ႐ုပ္ေဆာင္စည္ၿဖိဳး (႐ုပ္သံ)

စည္ၿဖိဳးက လက္ရွိမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ အားေပးမႈေတြ ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူ တစ္ေယာက္ပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ဆယ္စုႏွစ္တစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။

လက္ရွိမွာလည္း ကိုယ္ပိုင္ ထုတ္လုပ္ေရးနဲ႔အတူ ႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။ စည္ၿဖိဳးဟာ ခ်စ္သူခင္လႊမ္းနဲ႔အတူ လက္ထပ္ဖို႔ စီစဥ္ထားေပမယ့္လည္း ကိုဗစ္ကာလျဖစ္တာေၾကာင့္ ၾကန႔္ၾကာေနခဲ့တာပါ။ ယခုရက္ပိုင္း မီဒီယာေတြ႕ဆုံမႈတစ္ခုမွာေတာ့

စည္ၿဖိဳးက ခ်စ္သူရည္းစား ဘဝမွာလည္း အိမ္ေထာင္သည္လိုပဲ က်င့္ႀကံတာေၾကာင့္ သူ႔အတြက္ လက္ထပ္တာဟာ သိပ္ထူးျခားသြားမွာမဟုတ္ဘူး လို႔ဆိုလာခဲ့တာပါ။ “Relationship ဘဝမွာလည္း Marriage ဘဝလိုပဲ က်င့္ႀကံတယ္။ အဲဒီေတာ့ Marriage ဘဝေရာက္သြားလည္း

က်ေနာ့္အတြက္က ေထြေထြထူးထူး ေျပာင္းလဲမႈမရွိႏိုင္ဘူး။ သားေပါက္ေလးေတြ ထြက္လာတာပဲ ထူးျခားတာရွိမယ္။ ခ်စ္သူက ခ်ဳပ္ခ်ယ္ထားတာမ်ိဳးမရွိလို႔ မလြတ္လပ္သြားတာမ်ိဳးလည္း မရွိေလာက္ပါဘူး။ နားလည္မႈနဲ႔ခြင့္လြတ္မႈ ေပါင္းထားတာက ခ်စ္ျခင္းေမတၱာပါ”

လို႔ဆိုလာခဲ့တာပါ။ ကြၽန္ေတာ့အေမေရာ ကြၽန္ေတာ္ေရာ ေခါင္းထဲမွာ လက္ထပ္ဖို႔ကိစၥက အၿမဲရွိပါတယ္။ သူ႔အိမ္ကလည္း သိပါတယ္။ ပထမတခါတုန္းက ေျပာၿပီးမွ ကိုဗစ္ျဖစ္လာေတာ့ မလုပ္ျဖစ္လိုက္ဘူးဆိုေတာ့ ေနာက္တခါ အဲ့လိုျဖစ္မွာဆိုးလို႔ မေျပာတာပါ။

မဂၤလာရက္ မသတ္မွတ္ရေသးတဲ့ အေၾကာင္းရင္းကိုလည္း ေျပာသြားခဲ့တာျဖစ္ပါတယ္။ စည္ၿဖိဳးကေတာ့ သူနဲ႔ခ်စ္သူျဖစ္သူ ခင္လႊမ္းရဲ႕မဂၤလာကိစၥနဲ႔ အခ်စ္ေရးအေၾကာင္း ဖြင့္ဟလာခဲ့တာပါေနာ္။ စည္ၿဖိဳးတို႔ စုံတြဲေလးအေပၚ အျမင္ေလးကိုလည္း မွ်ေဝခဲ့ၾကပါအုန္းေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။

လက်ရှိမှာလည်း ကိုယ်ပိုင် ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ စည်ဖြိုးဟာ ချစ်သူခင်လွှမ်းနဲ့အတူ လက်ထပ်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကာလဖြစ်တာကြောင့် ကြန့်ကြာနေခဲ့တာပါ။ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့

စည်ဖြိုးက ချစ်သူရည်းစား ဘဝမှာလည်း အိမ်ထောင်သည်လိုပဲ ကျင့်ကြံတာကြောင့် သူ့အတွက် လက်ထပ်တာဟာ သိပ်ထူးခြားသွားမှာမဟုတ်ဘူး လို့ဆိုလာခဲ့တာပါ။ “Relationship ဘဝမှာလည်း Marriage ဘဝလိုပဲ ကျင့်ကြံတယ်။ အဲဒီတော့ Marriage ဘဝရောက်သွားလည်း

ကျနော့်အတွက်က ထွေထွေထူးထူး ပြောင်းလဲမှုမရှိနိုင်ဘူး။ သားပေါက်လေးတွေ ထွက်လာတာပဲ ထူးခြားတာရှိမယ်။ ချစ်သူက ချုပ်ချယ်ထားတာမျိုးမရှိလို့ မလွတ်လပ်သွားတာမျိုးလည်း မရှိလောက်ပါဘူး။ နားလည်မှုနဲ့ခွင့်လွတ်မှု ပေါင်းထားတာက ချစ်ခြင်းမေတ္တာပါ”

လို့ဆိုလာခဲ့တာပါ။ ကျွန်တော့အမေရော ကျွန်တော်ရော ခေါင်းထဲမှာ လက်ထပ်ဖို့ကိစ္စက အမြဲရှိပါတယ်။ သူ့အိမ်ကလည်း သိပါတယ်။ ပထမတခါတုန်းက ပြောပြီးမှ ကိုဗစ်ဖြစ်လာတော့ မလုပ်ဖြစ်လိုက်ဘူးဆိုတော့ နောက်တခါ အဲ့လိုဖြစ်မှာဆိုးလို့ မပြောတာပါ။

မင်္ဂလာရက် မသတ်မှတ်ရသေးတဲ့ အကြောင်းရင်းကိုလည်း ပြောသွားခဲ့တာဖြစ်ပါတယ်။ စည်ဖြိုးကတော့ သူနဲ့ချစ်သူဖြစ်သူ ခင်လွှမ်းရဲ့မင်္ဂလာကိစ္စနဲ့ အချစ်ရေးအကြောင်း ဖွင့်ဟလာခဲ့တာပါနော်။ စည်ဖြိုးတို့ စုံတွဲလေးအပေါ် အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်။