လူသားဆန်​ပြီး ​ကျေးဇူးတရားကိုသိတက်​​တဲ့အ​ကြောင်း သက်သေပြသွား​သော မြင်းမူမြို့နယ်က ကိုဗစ်ပိုးတွေ့လူနာ







ယူနီကုဒ်ဖြင့်ဖတ်ရန်

မြင်းမူမြို့နယ် ဆေးရုံက ကိုဗစ် (+) လူနာရောဂါ သက်သာပျောက်ကင်းပြီးဆေးရုံဆင်းခွင့် ရသောအခါ သူ့ကိုကုသပေးခဲ့တဲ့ မြို့နယ်

ဆရာဝန်ကြီး ဒေါက်တာ Kaythi Khaing ကိုကျေးဇူးတရား အောက်မေ့ကာ ထိုင်ကန်တော့ နေပုံ။ ဆရာဝန်ကြီးမှလည်း အပြန်အလှန်

ဂါရဝတရားဖြင့် ဖိနပ်ကလေး ချွတ်ထားပုံ။ မြင်ရသူအပေါင်း စိတ်ချမ်းမြေ့ဖွယ်မို့ မျှဝေပါရစေ။ နောက်တစ်ပုံကတော့ လူနာဟာ သူနေခဲ့ရတဲ့

အခန်းလေးကို ဆေးရုံမဆင်းခင် သန့်ရှင်းသပ်ရပ်အောင် စေတနာထား သန့်ရှင်းရေး ပြန်လုပ်ပေးခဲ့ပုံ။ ကိုဗစ်ကာလမှာ အပြန်အလှန်

ကျေးဇူးတရားတွေရယ် လူသားပီသမှု စိတ်ဓာတ်တွေရယ် စည်းကမ်းလိုက်နာမှု ယဉ်ကျေးမှုတွေရယ် ဆထက်တပိုး ထွန်းကားနိုင်ပါစေ။

(တစ်ချိန်ချိန်မှာတော့ ကိုဗစ်ကို ကျနော်တို့တတွေ နိုင်ကို နိုင်ရမှာပါပဲ။)ဒေါက်တာ တေဇကျော် မေမြို့။