ကိုဗစ်ရောဂါပိုးတိုက်ဖျက်ရေးအတွက်ကို ၆ လနီးပါး မနေမနားပဲ လုပ်အားပေးနေခဲ့ကြတဲ့ လေးစားစရာကောင်းလှသော ပရဟိတလုပ်အားပေးနေတဲ့ လူငယ်များ
ယူနီကုဒ်ဖြင့်ဖတ်ရန်
ကိုဗစ်တိုက်ဖျက်ရေးအတွက် ၆လနီးပါး မနေမနား လုပ်အားပေးနေကြတဲ့ လေးစားဖွယ် ပရဟိတညီငယ်များအား ဂုဏ်ပြုလိုက်ပါတယ်။
သူတို့ မောနေကြပြီ။ သို့သော် အမိမြန်မာပြည်အတွက် မောရမှန်းမသိအောင် လုပ်နေကြဆဲ။
ပင်ပန်းနေပေမယ့် အပြုံးမပျက် ကူညီနေဆဲ လှူနေဆဲ။ မရှိ ရှိတာလှူ လှူစရာမရှိ အလှူခံ ကြံဖန်ပြီး ကူညီနေဆဲ။
ဟိုဆေးရုံက mask လိုပြန်ပြီ ဒီ qစင်တာက ppe လိုပြန်ပြီ ကူညီပေးပါဆိုတာနဲ့ အပြေးရောက်လာတတ်ကြသူတွေ။
လေးစားလိုက်တာဆိုတာထက် ပိုတဲ့စကား ပြောချင်ပါရဲ့။
ရက်ပေါင်း (၁၈၀) နီးပါး လုပ်အားပေးနေကြတဲ့ သူတို့လေးတွေ မမောသေးတာမဟုတ်ပါဘူး သူတို့ မနားနိုင်ကြသေးတာပါ။