သူ​နေထိုင်​​သော ရပ်ကွက်အတွင်းရှိ ပြည်သူများအတွက် Mask နဲ့ ပိုးသတ်ဆေးများကို ဝေငှလှူဒါန်းပေးခဲ့တဲ့ မင်းသားကြီး လွင်မိုး







ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသားချော လွင်မိုးကတော့ အသက် (၅၀) အရွယ်ထိတိုင် အနုပညာလောကမှာ လွှမ်းမိုးမှုရှိနေဆဲ မင်းသားချောတစ်ယောက်ပဲ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့

အနုပညာအလုပ်တွေထက် စီးပွားရေးလုပ်ငန်းတွေကိုသာ ပိုမိုအချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာတော့ လွင်မိုးက ဘယ်ကိုမှာမသွားပဲ သူ့ရဲ့ နေအိမ်မှာသာ

အလုပ်တွေကို စီမံခန့်ခွဲလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လွင်မိုးက သူနေထိုင်ရာ ရပ်ကွက်အတွင်းက ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် အလှူဒါနလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

လွင်မိုးကတော့ သူ့ရဲ့ ရပ်ကွက်အတွင်း Mask အခု (၁၀၀၀) နဲ့ ပိုးသတ်ဆေး (၂၅) လီတာကို လှူဒါန်းပေးပြီး ရပ်ကွက်အတွင်း လိုအပ်ချက်လေးတစ်ခုကို ဖြည့်စွက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

လွင်မိုးကတော့ ကိုဗစ်ကာလမှာ သူလက်လှမ်းမှီသလောက် အလှူအတန်းတွေပြုလုပ်ရင်း အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားကြီး အကယ်ဒမီ လွင်မိုးရဲ့

ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။