မင်းသား​ချော​လေး အောင်ရဲလင်းနဲ့အတူရိုက်ကူးထား​သော ဇာတ်လမ်းတွဲအသစ်လေးကို မကြာခင်​မှာ ပြသတော့မယ့်အကြောင်း မျှဝေပေးလာခဲ့တဲ့ ခေးဆက်သွင်







ယူနီကုဒ်ဖြင့်ဖတ်ရန်

ခေးဆက်သွင်ကတော့ “နှင်းဆီ”ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမဟာဆိုရင် ဇာတ်လမ်းတွဲတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို

ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်ရရှိထားလျက်ရှိပါတယ်။ သူမကတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်မှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်

ကိုလည်း အခိုင်အမာရရှိထားတဲ့သူပဲဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ လတ်တလောမှာ ရိုက်ကူးရေးတွေကို ရပ်နားထားရပေမယ့်လည်း သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေနဲ့

ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိပါတယ်။ ခေးဆက်သွင်က”ရွေးကောက်ပွဲမှာ ဆုံတဲ့ ဖူးစာ Coming Soon” လို့ဆိုပြီး အောင်ရဲလင်းနဲ့အတူ တွဲရက်

ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲအသစ်လေး မကြာခင်မှာ ပြသတော့မယ်အကြောင်းကို လူမှုကွန်ယက်စာမျက်နှာMydayပေါ်မှာ မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။ ခေးဆက်သွင်ရဲ့ ဇာတ်လမ်းတွဲအသစ်ကို

စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။