ညီမဖြစ်သူတို့ ဇနီးမောင်နှံရဲ့ လေးစားဖွယ်ရာအလေ့အကျင့်လေးကို ပြောပြလာခဲ့တဲ့ နန္ဒာလှိုင်







ယူနီကုဒ်ဖြင့်ဖတ်ရန်

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး (၃) ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်း

တစ်ယောက်အဖြစ် သူမရဲ့ဘဝကို အေးအေးဆေးဆေး တည်ဆောက်နေသူပါနော်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကြောင့် သူမရဲ့ညီမ ခင်ပွန်းဆုံးပါးသွားကာ သူမတို့မိသားစုတွေလည်း Home Quarantine ဝင်နေကြတာပါ။

ဒါ့အပြင် ဒီနေ့မနက်မှာလည်း သူမရဲ့ညီမလေးဇနီးမောင်နှံရဲ့ ချစ်စရာ ကောင်းလွန်းတဲ့ စိတ်ထားနဲ့ အလေ့အကျင့်လေးကို ဝေမျှပြောပြခဲ့တာပါ။ “စောစောက အဖူးလေးဆီဖုန်းဆက်တယ် (သူတို့ကလင်မယားနှစ်ယောက်လုံးဆရာဝန်ပါ)

သူဂျူတီမဝင်ခင်လေးအမှီဆက်လိုက်တာပါ ဖုန်းတော့ကိုင်တယ် ပြန်မပြောနိုင်သေးဘူး ကိုယ်အသာလေး ဖုန်းပြန်ချထားလိုက်ပါတယ် သူအဆင်ပြေတဲ့ အခါပြန်ခေါ်လိမ့်မယ်လေ သူဘာလုပျနလေဲ သိလားဂျူတီမဝင်ခင်ဘုရားစာ

ရွတ်နေတာပါကွယ်”ဆ်ုတဲ့စာလေးနဲ့ သူမရဲ့ညီမလေးတို့ဇနီးမောင်နှံအတွက် ဂုဏ်ယူဖွယ်ပြောပြခဲ့တာပါ။ မိသားစုတွေ ကိုဗစ်နဲ့ ရင်ဆိုင်နေရပေမယ့် ညီမဖြစ်သူဇနီးမောင်နှံဟာလည်း ပြည်သူတွေအတွက် ကိုဗစ် ရောဂါဆိုးကြီးကို

တိုက်ခိုက်ပေးနေကြောင်း ချစ်စဖွယ်ပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။