စေတနာ့ဝန်​ထမ်းဆရာဝန်​ လုပ်ပြီးကူညီဖို့အတွက်​ကို ဖောင်ဖြည့်လိုက်တဲ့ နန်းမြတ်ဖြိုးသင်း
ယူနီကုဒ်ဖြင့်ဖတ်ရန်
မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာ အလုပ်တွေကို လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတောင် ကြော်ငြာလေးတွေ ရိုက်ကူးနေဆဲဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက သားလေးတစ်ယောက်
ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နန်းမြတ်ဖြိုးသင်းက ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုပါ ကိုယ်ဝန်လွယ်ထားရတာ လေးလကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတဲ့ နန်းမြတ်ဖြိုးသင်းက အခုလည်း
လေးစားချင်စရာကောင်းတဲ့ အလုပ်လေးတစ်ခုကို လုပ်ပြလိုက်တာ ဖြစ်ပါတယ်။ Volunteer တွေ အများအပြားလိုအပ်နေတဲ့ အခုလို ကိုဗစ်ကာလမှာ နန်းမြတ်ဖြိုးသင်းက ဆရာဝန်တစ် ဦး ပီပီ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနိုင်ဖို့ Form ဖြည့်လိုက်တာ ဖြစ်ပါတယ်။ ဒီအလုပ်
ကတော့ Q စင်တာတွေကနေ သိလိုသမျှမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားပေးရမှာဖြစ် ပြီး Work From Home လုပ်လို့ရတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို နန်းမြတ်ဖြိုးသင်းက ”ကိုယ်ကတော့ volunteer လုပ်ဖို့ form ဖြည့်လိုက်ပြီ။ ဆရာဝန်သူငယ်ချင်းတွေကို မျှဝေတိုက်
တွန်းပါတယ်။ Edit စိတ်မပူကြပါနဲ့နော် ကိုယ်ဝန်နဲ့ဆိုတော့ ပိုပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တော့ ဒီလိုချိန်မှာ အရမ်းကူညီချင်နေတာပါ။ ဒါပေမယ့် ကိုယ်က risk group ဆိုတော့ မလုပ်နိုင်ဖြစ်နေတာ ဒီ call center အလုပ်ကတော့ work from home
ဖြစ်လို့ အားတက်သရော ကူညီချင်တာလောသွားလို့ အားလုံးကို စိတ်ပူစေမိသွားတယ် တောင်းပန်ပါတယ်” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ Volunteer လုပ်မယ့် နန်းမြတ်ဖြိုးသင်းရဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။