အမွိုက္ကားေပၚမွာပါသြားခဲ့တဲ့ စိန္နားကပ္ကို ကူညီၿပီးျပန္​လည္​ရွာေဖြေပးခဲ့​ေသာ စည္ပင္ဝန္ထမ္းကို ဂုဏ္ျပဳမည္

အမွိုက္ကားေပၚပါသြားတဲ့ စိန္နားကပ္ကို ကူညီရွာေဖြေပးခဲ့တဲ့ စည္ပင္ဝန္ထမ္းကို ဂုဏ္ျပဳသြားမယ္လို့ မႏၲေလးၿမိဳ့ေတာ္ဝန္ ေဒါက္တာရဲလြင္က ေျပာၾကားလိုက္ပါတယ္။

မႏၲေလးတိုင္း အမရပူရၿမိဳ့နယ္မွယာဥ္ေမာင္း ဦးသိန္းနိုင္ထြန္း(ယာယီ)ေမာင္းႏွင္ေသာRC-24 အမွိုက္ သိမ္းယာဥ္သည္တိုးခ်ဲ႕(၄)ရပ္ကြက္တြင္အမွိုက္သိမ္းဆည္းၿပီး၍ေတာင္အင္းေျမာက္အင္းအမွိုက္က်င္းသို့ အသြားတြင္ အမွိုက္ပစ္ရင္း

ကားေပၚသို့တစ္ရွူးျဖင့္ထုပ္ထားေသာစိန္နားကပ္ပါသြားေၾကာင္း ပိုင္ရွင္ျဖစ္သူမွ ဖုန္းဆက္ေျပာသျဖင့္ လမ္းေဘးတြင္ကားရပ္ထားၿပီး ပိုင္ရွင္ေရာက္အလာထိေစာင့္ေပးခဲ့ကာ ပိုင္ရွင္မ်ားမွ လမ္းေဘးတြင္မွိုက္သြန္ၿပီးခ်ရွာရန္

​ေတာင္းဆိုေသာ္လည္း ယာဥ္ေမာင္းမွ လမ္းေဘးဆိုလၽွင္ မျဖစ္နိုင္ေၾကာင္း အမ်ားျပည္သူသြား လမ္းေပၚျဖစ္ေနသျဖင့္အေရးယူ ခံရနိုင္ေၾကာင္းေျပာျပၿပီး ပိုင္ရွင္မ်ားကိုအမွိုက္က်င္းထိလိုက္လာခိုင္းကာ အမွိုက္က်င္းတာဝန္ခံထံ ခြင့္ေတာင္းၿပီး

သီးျခား တစ္ေနရာရာကိုအမွိုက္ခ်ကာ ရွာေဖြကူညီခဲ့ကာ စိန္နားကပ္တစ္ရံကိုရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ပိုင္ရွင္မွေက်းဇူးတင္သည့္အေနျဖင့္ ေငြက်ပ္ ၁၅၀၀၀ ေပးသြားပါေၾကာင္း၊

၎ေငြကိုကူညီၿပီး ရွာေပးသည့္ကေလးမ်ားလည္းခြဲေဝေပးခဲ့ တဲ့ ရိုးသားၿပီး တာဝန္သိမွု အတြက္ ႏွစ္ပတ္လည္ေန႔မွာ ဂုဏ္ျပဳေပးသြားမယ္လို့ ၿမိဳ့ေတာ္ဝန္ေဒါက္တာရဲ လြင္က ေျပာၾကားထားပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

အမှိုက်ကားပေါ်ပါသွားတဲ့ စိန်နားကပ်ကို ကူညီရှာဖွေပေးခဲ့တဲ့ စည်ပင်ဝန်ထမ်းကို ဂုဏ်ပြုသွားမယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားလိုက်ပါတယ်။

မန္တလေးတိုင်း အမရပူရမြို့နယ်မှယာဉ်မောင်း ဦးသိန်းနိုင်ထွန်း(ယာယီ)မောင်းနှင်သောRC-24 အမှိုက် သိမ်းယာဉ်သည်တိုးချဲ့(၄)ရပ်ကွက်တွင်အမှိုက်သိမ်းဆည်းပြီး၍တောင်အင်းမြောက်အင်းအမှိုက်ကျင်းသို့ အသွားတွင် အမှိုက်ပစ်ရင်း

ကားပေါ်သို့တစ်ရှူးဖြင့်ထုပ်ထားသောစိန်နားကပ်ပါသွားကြောင်း ပိုင်ရှင်ဖြစ်သူမှ ဖုန်းဆက်ပြောသဖြင့် လမ်းဘေးတွင်ကားရပ်ထားပြီး ပိုင်ရှင်ရောက်အလာထိစောင့်ပေးခဲ့ကာ ပိုင်ရှင်များမှ လမ်းဘေးတွင်မှိုက်သွန်ပြီးချရှာရန်

တောင်းဆိုသော်လည်း ယာဉ်မောင်းမှ လမ်းဘေးဆိုလျှင် မဖြစ်နိုင်ကြောင်း အများပြည်သူသွား လမ်းပေါ်ဖြစ်နေသဖြင့်အရေးယူ ခံရနိုင်ကြောင်းပြောပြပြီး ပိုင်ရှင်များကိုအမှိုက်ကျင်းထိလိုက်လာခိုင်းကာ အမှိုက်ကျင်းတာဝန်ခံထံ ခွင့်တောင်းပြီး

သီးခြား တစ်နေရာရာကိုအမှိုက်ချကာ ရှာဖွေကူညီခဲ့ကာ စိန်နားကပ်တစ်ရံကိုရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပိုင်ရှင်မှကျေးဇူးတင်သည့်အနေဖြင့် ငွေကျပ် ၁၅၀၀၀ ပေးသွားပါကြောင်း၊

၎င်းငွေကိုကူညီပြီး ရှာပေးသည့်ကလေးများလည်းခွဲဝေပေးခဲ့ တဲ့ ရိုးသားပြီး တာဝန်သိမှု အတွက် နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုပေးသွားမယ်လို့ မြို့တော်ဝန်ဒေါက်တာရဲ လွင်က ပြောကြားထားပါတယ်။ ခရက်ဒစ်