ရန္ကုန္ျမဳိ႕မွ ရဲတပ္ဖြဲ႔၀င္ ၁၃ ဦး ကိုဗစ္​ေရာဂါပုိး ကူးစက္ခံလိုက္ရပါၿပီ

ရန္ကုန္တိုင္းေဒသႀကီး အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးက ခ႐ိုင္ရဲတပ္ဖြဲ႕မႉးဒုရဲမႉးႀကီးတစ္ေယာက္အပါအဝင္ ဒုခ႐ိုင္ရဲတပ္ဖြဲ႕မႉးတို႔ အပါအဝင္ရဲတပ္ဖြဲ႕ဝင္စုစုေပါင္း ၁၃ေယာက္ ကိုဗစ္၁၉ေရာဂါကူးစက္ခံထားရေၾကာင္းရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ဒုတိုင္းတပ္ဖြဲ႕မႉး ရဲမႉးႀကီးေဇာ္မင္းဦးက

ေျပာပါတယ္။ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕က ၅ေယာက္၊အပါအဝင္အင္းစိန္၊ေ႐ႊျပည္သာ၊ေတာင္ဥကၠလာစတဲ့ၿမိဳ႕နယ္ေတြကပါတဲ့ရဲတပ္ဖြဲ႕ဝင္ေတြ စုစုေပါင္း၁၃ေယာက္ေရာဂါပိုးကူးစက္ခံထားရတာပါ။လက္ရွိမွာ ရဲတပ္ဖြဲ႕က ၅ေယာက္အထိေရာဂါပိုးကူးစက္ခံထားရတဲ့ ဗိုလ္တေထာင္

ၿမိဳ႕နယ္က အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးကို အသြားအလာကန႔္သတ္ထားတယ္လို႔လဲဆိုပါတယ္။”ခ႐ိုင္မႉးယာဥ္ေမာင္းကႏွလုံေရာဂါအခံရွိေတာ့ သြားျပရင္းနဲ႔ ကိုဗစ္၁၉ မသကၤာတာနဲ႔ စစ္လိုက္လို႔ေတြ႕တာ။ကိုဗစ္က ဘယ္မွၾကဴးခဲ့မွန္းမသိဘူး။သူ႔ကိုပိုးေတြ႕ၿပီဆိုေတာ့ သူနဲ႔ ဆက္စပ္တဲ့

ကားအတူစီးတဲ့ ခ႐ိုင္မႉးတို႔ကို ထပ္ၿပီးစိစစ္ရတယ္။ကြာရတင္းဝင္ရတယ္။ဝင္ေတာ့ ထပ္ေတြ႕တာပါ။ထပ္ေတြ႕ေတာ့ ႐ုံးကထိေတြ႕တဲ့သူေတြ ထပ္ဝင္ ဒီလိုေတြလုပ္ရတာေပါ့ဗ်ာ။”ဟု ရဲမႉးႀကီးေဇာ္မင္းဦးကေျပာပါတယ္။ေလာ့ေဒါင္းလုပ္ထားတဲ့ ခ႐ိုင္႐ုံးက ႐ုံးလုပ္ငန္းေတြကို Fax တို႔ Viber

တို႔ စတာေတြနဲ႔ ႐ုံးလုပ္ငန္းမထိခိုက္ေအာင္၊သူတို႔လည္း က်န္းမာေရးအတြက္ ကြာရတင္းဝင္ၿပီးသားျဖစ္ေအာင္အစားအေသာက္ေတြကို အျပင္ကေနပို႔ေပးေၾကာင္းသူကေျပာပါတယ္။က်န္တဲ့ၿမိဳ႕နယ္တခ်ိဳ႕က ေရာဂါပိုးကူးစက္ခံရတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြဟာ လုံၿခံဳေရးတာဝန္ ထမ္းေဆာင္ရင္း

ဖ်ားနာတာတို႔ ျဖစ္ၿပီးစစ္ေဆးရာမွာ ကိုဗစ္၁၉ေရာဂါေတြ႕ရွိေၾကာင္း၊သူတို႔နဲ႔ဆက္စပ္တဲ့ အိပ္ေဆာင္ေနသူေတြ၊႐ုံမွာေနသူေတြ ၊႐ုံးထုတ္ရင္ ႐ုံးထုတ္တဲ့အဖြဲ႕ေတြကို အသြားအလာကန႔္သတ္တာေတြလုပ္ေၾကာင္း၊အဲဒီ့ကေန ဆက္စပ္ၿပီးေတြ႕တာေတြလဲ ရွိေၾကာင္းေျပာပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးတစ်ယောက်အပါအဝင် ဒုခရိုင်ရဲတပ်ဖွဲ့မှူးတို့ အပါအဝင်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၃ယောက် ကိုဗစ်၁၉ရောဂါကူးစက်ခံထားရကြောင်းရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်မင်းဦးက

ပြောပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့က ၅ယောက်၊အပါအဝင်အင်းစိန်၊ရွှေပြည်သာ၊တောင်ဥက္ကလာစတဲ့မြို့နယ်တွေကပါတဲ့ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း၁၃ယောက်ရောဂါပိုးကူးစက်ခံထားရတာပါ။လက်ရှိမှာ ရဲတပ်ဖွဲ့က ၅ယောက်အထိရောဂါပိုးကူးစက်ခံထားရတဲ့ ဗိုလ်တထောင်

မြို့နယ်က အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို အသွားအလာကန့်သတ်ထားတယ်လို့လဲဆိုပါတယ်။”ခရိုင်မှူးယာဉ်မောင်းကနှလုံရောဂါအခံရှိတော့ သွားပြရင်းနဲ့ ကိုဗစ်၁၉ မသင်္ကာတာနဲ့ စစ်လိုက်လို့တွေ့တာ။ကိုဗစ်က ဘယ်မှကြူးခဲ့မှန်းမသိဘူး။သူ့ကိုပိုးတွေ့ပြီဆိုတော့ သူနဲ့ ဆက်စပ်တဲ့

ကားအတူစီးတဲ့ ခရိုင်မှူးတို့ကို ထပ်ပြီးစိစစ်ရတယ်။ကွာရတင်းဝင်ရတယ်။ဝင်တော့ ထပ်တွေ့တာပါ။ထပ်တွေ့တော့ ရုံးကထိတွေ့တဲ့သူတွေ ထပ်ဝင် ဒီလိုတွေလုပ်ရတာပေါ့ဗျာ။”ဟု ရဲမှူးကြီးဇော်မင်းဦးကပြောပါတယ်။လော့ဒေါင်းလုပ်ထားတဲ့ ခရိုင်ရုံးက ရုံးလုပ်ငန်းတွေကို Fax တို့ Viber

တို့ စတာတွေနဲ့ ရုံးလုပ်ငန်းမထိခိုက်အောင်၊သူတို့လည်း ကျန်းမာရေးအတွက် ကွာရတင်းဝင်ပြီးသားဖြစ်အောင်အစားအသောက်တွေကို အပြင်ကနေပို့ပေးကြောင်းသူကပြောပါတယ်။ကျန်တဲ့မြို့နယ်တချို့က ရောဂါပိုးကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း

ဖျားနာတာတို့ ဖြစ်ပြီးစစ်ဆေးရာမှာ ကိုဗစ်၁၉ရောဂါတွေ့ရှိကြောင်း၊သူတို့နဲ့ဆက်စပ်တဲ့ အိပ်ဆောင်နေသူတွေ၊ရုံမှာနေသူတွေ ၊ရုံးထုတ်ရင် ရုံးထုတ်တဲ့အဖွဲ့တွေကို အသွားအလာကန့်သတ်တာတွေလုပ်ကြောင်း၊အဲဒီ့ကနေ ဆက်စပ်ပြီးတွေ့တာတွေလဲ ရှိကြောင်းပြောပါတယ်။