Q စင်တာမှာ မေးခွန်းတွေကိုဖြေကြားပေးဖို့ လိုအပ်နေ​သော ​စေတနာဖြင့်​လုပ်​အား​ပေးမဲ့ ဆရာဝန်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမယ့် ဖြိုးပြည့်စုံ







ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုဗစ်ကာကွယ်စောင့်ရှောက်ရေး Q စင်တာမှာ ပါဝင်ကူညီပေးဖို့ Volunteer တွေ အများအပြား လိုအပ်နေပါတယ်။ လတ်တလောမှာလည်း Q စင်တာတွေမှာ

မေးမြန်းလာတဲ့ မေးခွန်းတွေကို ဖြေဆိုပေးဖို့ ဆရာဝန်တွေ Volunteerတွေလို အပ် နေတဲ့ လို့သိရှိရပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်

ဖြိုးပြည့်စုံကတော့ Q စင်တာတွေက ဖုန်းဆက်မေးလာတဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့ လိုအပ်နေတဲ့ ဆရာဝန် ဘော်လန်တီယာအဖြစ်

ပါဝင်ကူညီဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဖြိုးပြည့်စုံက ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်သလို ပရိသတ်တွေ အသိတွေထဲက ဆရာဝန်တွေကိုလည်း

ပါဝင်အားဖြည့်ပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါသေးတယ်။ အခုလို Stay Home နေရချိန်မှာ အိမ်ကနေ နေပြီး ကိုဗစ် ကပ်ရောဂါဆိုကြီးကို

ကာကွယ်စောင့်ရှောက်ရေးတွေမှာ တတ်နိုင်သလောက် ပါဝင်ကူညီဆောင်ရွက်ပေးသွားမယ့် ဖြိုးပြည့်စုံရဲ့ စိတ်ဓာတ်လေးကတော့ ချီးကျူးထိုက်ပါပေတယ်နော်။