​ေမ​ေမ့ထက္​ပုိၿပီး ​ေဖေဖကထိန္းခ်ဳပ္တက္​ၿပီး လူ​ေတြနဲ႔ဆက္​ဆံပုံ​ေတြကုိသင္​​ေပးတဲ့အေၾကာင္း ေျပာျပလာ​ေသာ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းရဲ႕သမီးေလး ေလေျပေသြး

ယေန႕ခ်ိန္ထိ လူငယ္ေလးတစ္ေယာက္လို ႏုပ်ိဳလြန္းေနၿပီး အႏုပညာရွင္ အခ်င္းခ်င္းေတာင္ အားက်ေနရသူကေတာ့ သ႐ုပ္ေဆာင္ မင္းသား မင္းေမာ္ကြန္းပဲ ျဖစ္ပါတယ္။ သူဟာ ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာလည္း

သိမ္းပိုက္ရရွိထားခဲ့ၿပီး အကယ္ဒမီထူးခြၽန္ဆုကိုလည္း ပိုင္ဆိုင္ထားသူ မင္းသားတစ္လက္ပါ။ မင္းေမာ္ကြန္းဟာ ခ်စ္ရတဲ့ မိသားစုနဲ႕အတူ ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းတဲ့ ဘဝေလးကို ဖန္တီးတည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ မင္းေမာ္ကြန္းရဲ႕သမီးျဖစ္သူ

ေလေျပေသြးကေတာ့ အႏုပညာအလုပ္ေတြကို ရံဖန္ရံခါလုပ္ကိုင္လွ်က္ရွိၿပီး ဒီလိုလုပ္ကိုင္ရာမွာ ဖခင္ျဖစ္သူ မင္းေမာ္ကြန္းက ထိန္းခ်ဳပ္မႈေတြရွိတယ္လို႔ ဆိုလာခဲ့တာပါ “အိမ္ကအရမ္းႀကီး ဟိုဟာမလုပ္ရဘူး ဒီဟာ မလုပ္ရဘူးရယ္ေတာ့ မဟုတ္ဘူး။ ကိုယ္လုပ္ခ်င္တာလုပ္

ျဖစ္လာမယ့္ဟာကို တာဝန္ယူနိုင္တယ္ဆိုရင္လုပ္ အဲ့လိုမ်ိဳးမိဘေတြပါ အေဖကေတာ့ အေမထက္စာရင္ ပို Control လုပ္တယ္လို႔ထင္တယ္ အေဖက Control လုပ္တာထက္စာရင္ လူေတြနဲ႕ ဘယ္လို ဆက္ဆံရမလဲဆိုတာ ျပေပးတာမ်ိဴး လုပ္ေပးပါတယ္”

လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္“တခါကေတာ့ ေဖေဖ့ Music Video မွာဝင္ရိုက္ရတုန္းက ေယာက်ာ္းေလးနဲ႕တြဲရိုက္ရမွာ အူတိုလို႔ဆိုၿပီးေတာ့ မိန္းကေလး ၂ ေယာက္နဲ႕တြဲရိုက္ခိုင္းတာမ်ိဳးေတြလည္းရွိပါတယ္ အဲ့တစ္ေခါက္ကေတာ့ ေဖေဖက အူတိုတာေပါ့”

လို႔ဖခင္ျဖစ္သူမင္းေမာ္ကြန္းရဲ႕ အူတိုတတ္ပုံကို ေျပာျပလာခဲ့တာပါ ေလေျပေသြးဟာ ခုခ်ိန္မွာေတာ့ ပညာေရးဘက္ကို အဓိက အားသာေနတာေၾကာင့္ အႏုပညာအလုပ္ေတြထက္ ပညာသင္ၾကားျခင္းကိုသာအာ႐ုံစိုက္ေနတယ္လို႔ ေျပာသြားခဲ့တာပါ။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ယနေ့ချိန်ထိ လူငယ်လေးတစ်ယောက်လို နုပျိုလွန်းနေပြီး အနုပညာရှင် အချင်းချင်းတောင် အားကျနေရသူကတော့ သရုပ်ဆောင် မင်းသား မင်းမော်ကွန်းပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာလည်း

သိမ်းပိုက်ရရှိထားခဲ့ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်း ပိုင်ဆိုင်ထားသူ မင်းသားတစ်လက်ပါ။ မင်းမော်ကွန်းဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့သမီးဖြစ်သူ

လေပြေသွေးကတော့ အနုပညာအလုပ်တွေကို ရံဖန်ရံခါလုပ်ကိုင်လျှက်ရှိပြီး ဒီလိုလုပ်ကိုင်ရာမှာ ဖခင်ဖြစ်သူ မင်းမော်ကွန်းက ထိန်းချုပ်မှုတွေရှိတယ်လို့ ဆိုလာခဲ့တာပါ “အိမ်ကအရမ်းကြီး ဟိုဟာမလုပ်ရဘူး ဒီဟာ မလုပ်ရဘူးရယ်တော့ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တာလုပ်

ဖြစ်လာမယ့်ဟာကို တာဝန်ယူနိုင်တယ်ဆိုရင်လုပ် အဲ့လိုမျိုးမိဘတွေပါ အဖေကတော့ အမေထက်စာရင် ပို Control လုပ်တယ်လို့ထင်တယ် အဖေက Control လုပ်တာထက်စာရင် လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ ပြပေးတာမျိူး လုပ်ပေးပါတယ်”

လို့ ဆိုလာခဲ့တာဖြစ်ပါတယ်“တခါကတော့ ဖေဖေ့ Music Video မှာဝင်ရိုက်ရတုန်းက ယောကျာ်းလေးနဲ့တွဲရိုက်ရမှာ အူတိုလို့ဆိုပြီးတော့ မိန်းကလေး ၂ ယောက်နဲ့တွဲရိုက်ခိုင်းတာမျိုးတွေလည်းရှိပါတယ် အဲ့တစ်ခေါက်ကတော့ ဖေဖေက အူတိုတာပေါ့”

လို့ဖခင်ဖြစ်သူမင်းမော်ကွန်းရဲ့ အူတိုတတ်ပုံကို ပြောပြလာခဲ့တာပါ လေပြေသွေးဟာ ခုချိန်မှာတော့ ပညာရေးဘက်ကို အဓိက အားသာနေတာကြောင့် အနုပညာအလုပ်တွေထက် ပညာသင်ကြားခြင်းကိုသာအာရုံစိုက်နေတယ်လို့ ပြောသွားခဲ့တာပါ။