အေရးေပၚရိကၡာ စားသုံးဆီမ်ားကုိ ၿမိဳ့နယ္အလိုက္ သိုေလွာင္ထားၾကရန္ မႏၲေလးတိုင္းအစိုးရမွ ညႊန္ၾကားၿပီ

မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ စက္တင္ဘာ ၂၀ ရက္ေန႔တြင္ စားသုံးဆီမ်ားအား အေရးေပၚအေျခေနမ်ားအတြက္ ၿမိဳ့နယ္အလိုက္ သိုေလွာင္ထားရန္ ညႊန္ၾကားခဲ့သည္။ အေရးေပၚ ရိကၡာစားဆီ ဆီပုံးမ်ားအား

ေက်ာက္ဆည္ၿမိဳ့နယ္၌ သိုေလွာင္ထားရန္ ​ ​ေၾကညာထားၿပီး သိုေလွာင္ရမည့္ ပမာဏႏွင့္ ၿမိဳ့နယ္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။ ေက်ာက္ဆည္ၿမိဳ႔ ၃၇၁၂ ပုံး၊ စဥ့္ကိုင္ၿမိဳ့နယ္တြင္ ၂၁၅၁ ပုံး၊ တံတားဦးၿမိဳ့နယ္တြင္ ၂၀၀၇ ပုံး၊

ျမစ္သားၿမိဳ့နယ္တြင္ ၂၈၂၀ ပုံး စုစုေပါင္း အေရးေပၚရိကၡာစားဆီပုံး ၁၀၆၉၀ အား သိုေလွာင္႐ုံမ်ားတြင္ သိုေလွာင္ထားၿပီျဖစ္ေၾကာင္း သိရသည္။ မႏၲေလးတိုင္း အစိုးရအဖြဲ႔မွ ျပည္သူလူထု စားနပ္ရိကၡာ အဆင္ေျပေစရန္အတြက္

ယခုကဲ့သို့ အေရးေပၚစားဆီမ်ားကို သိုေလွာင္ထားျခင္းျဖစ္ပါသည္။ ထို့အျပင္ ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားမႈ ျမင့္မားလာလၽွင္ သို့မဟုတ္ ျပည္သူမ်ား စားနပ္ရိကၡာ အခက္အခဲရွိလာလၽွင္ ယခုသိုေလွာင္ထားေသာ စားသုံးဆီမ်ားအား

ျဖန႔္ေဝေပးသြားမည္ ျဖစ္ပါသည္။ သိုေလွာင္႐ုံမ်ား၌ ဆီပုံးမ်ား ေလ်ာ့နည္းမွုမရွိေစရန္ႏွင့္ အေလအလြင့္မရွိေစရန္ ကြင္းဆင္းစစ္ေဆးမွုမ်ား ​ေဆာင္ရြက္မည္ျဖစ္ေၾကာင္းကိုလည္း သိရသည္။ ကြင္းဆင္း စစ္ေဆးရာတြင္ သက္ဆိုင္ရာ

ၿမိဳ့နယ္မ်ားမွ ခရိုင္သိုေလွာင္ ထိန္းသိမ္းမွု ႀကီးၾကပ္ေရးအဖြဲ႕ဝင္မ်ား၊ ခရိုင္စားသုံးသူေရးရာ ဦးစီးဌာနမွအဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ စစ္ေဆးသြားမည္ ျဖစ္ပါသည္။ ေက်ာက္ဆည္ခရိုင္အတြင္းရွိ ျပည္သူ

မ်ားအား အေရးေပၚရိကၡာ စားဆီမ်ားကို ခြဲတမ္းစနစ္ျဖင့္ ျဖန႔္ျဖဴးေပးနိုင္ရန္အတြက္ကိုလည္း သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၊ ဆီကုန္သည္မ်ား၊ ဆီလုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းကာ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရပါသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၂၀ ရက်နေ့တွင် စားသုံးဆီများအား အရေးပေါ်အခြေနေများအတွက် မြို့နယ်အလိုက် သိုလှောင်ထားရန် ညွှန်ကြားခဲ့သည်။ အရေးပေါ် ရိက္ခာစားဆီ ဆီပုံးများအား

ကျောက်ဆည်မြို့နယ်၌ သိုလှောင်ထားရန် ကြေညာထားပြီး သိုလှောင်ရမည့် ပမာဏနှင့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကျောက်ဆည်မြို့ ၃၇၁၂ ပုံး၊ စဉ့်ကိုင်မြို့နယ်တွင် ၂၁၅၁ ပုံး၊ တံတားဦးမြို့နယ်တွင် ၂၀၀၇ ပုံး၊

မြစ်သားမြို့နယ်တွင် ၂၈၂၀ ပုံး စုစုပေါင်း အရေးပေါ်ရိက္ခာစားဆီပုံး ၁၀၆၉၀ အား သိုလှောင်ရုံများတွင် သိုလှောင်ထားပြီဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်း အစိုးရအဖွဲ့မှ ပြည်သူလူထု စားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက်

ယခုကဲ့သို့ အရေးပေါ်စားဆီများကို သိုလှောင်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာလျှင် သို့မဟုတ် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲရှိလာလျှင် ယခုသိုလှောင်ထားသော စားသုံးဆီများအား

ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။ သိုလှောင်ရုံများ၌ ဆီပုံးများ လျော့နည်းမှုမရှိစေရန်နှင့် အလေအလွင့်မရှိစေရန် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။ ကွင်းဆင်း စစ်ဆေးရာတွင် သက်ဆိုင်ရာ

မြို့နယ်များမှ ခရိုင်သိုလှောင် ထိန်းသိမ်းမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ စစ်ဆေးသွားမည် ဖြစ်ပါသည်။ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူ

များအား အရေးပေါ်ရိက္ခာ စားဆီများကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ရန်အတွက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။