ကင်ဆာဖြစ်​တော့မယ့်​ အခြေအနေကြောင့် လျှင်​မြန်​စွာပဲ ခွဲစိတ်ကုသခဲ့ရကြောင်းပြောပြလာခဲ့တဲ့ မေကဗျာ (ရုပ်သံ)
ယူနီကုဒ်ဖြင့်ဖတ်ရန်
မေကဗျာကို ဇာတ်လမ်းတွဲတွေထဲမှာလည်း သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေနဲ့ တွေ့ရသလို အခုအချိန်မှာလည်း ဖေ့ဘွက်ပေ့ချ်တွေမှတဆင့် Live တွေမှာ မြင်တွေ့နေရမှာပဲဖြစ်ပါတယ်။ အနုပညာလုပ်ကိုင်ရင်း သမီးလေးနဲ့အတူ အခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း
လုပ်ကိုင်နေတဲ့ မေကဗျာတစ်ယောက် မကြာသေးခင်ကမှ ရင်သားအကျိတ်ကိုခွဲစိတ် ပြုလုပ်ခဲ့ရပြီး သူမရဲ့အခြေအနေကို ပရိသတ်ကို ပြောပြလာခဲ့တာပါ။ ရုပ်ရှင်မင်းသမီးချောလေး မေကဗျာက “သင်္ကြန်မတိုင်ခင်က ရင်သားမှာ အကျိတ်ရှိတာ စမ်းမိသွားတယ်။
အကျိတ်က ကြီးနေပြီ။ ဒါပေမယ့် ကိုဗစ်ကြောင့် ဆေးခန်းပြဖို့စောင့်ရင်း အရမ်းကြီးပြီး မခွဲလို့မရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ တစ်မျိုးလုံးက ကင်ဆာနဲ့ဆုံးတာများတော့ စိတ်ပူနေပြီး ချက်ချင်း ဆေးရုံတက် ခွဲစိတ်ကုသမှု ခံယူခဲ့တယ်။ ကံကောင်းတာက ကင်ဆာ မဖြစ်ခဲ့ဘူး”
လို့ ပြောလာခဲ့တာပါ။ အမှန်တကယ်တော့ မေကဗျာက မကြောက်တတ်လို့ တကယ်ကကြောက်ရမှာ မေကဗျာတို့ မျိုးရိုးတစ်ခုလုံးက ကင်ဆာမျိူး အမျိုး ၁၀ ယောက်မှာ ၈ ယောက်က ကင်ဆာနဲ့ ဆုံးကြတာ။ ဘေးပတ်ဝန်းကျင်မှာလည်း ကင်ဆာနဲ့ဆုံးတာ အများကြီးပဲ။
အမေ့ကို အစကမပြဘူး။ နောက်အဲ့ဒီ အကြိတ်လေးကို ကိုင်ကြည့်ခိုင်းလိုက်တော့ အမေက အရမ်းလန့်သွားတာ။ သူပဲဆေးရုံတက်ဖို့ အကုန်စီစဉ်တာ Booking ယူတာကအစ ကဗျာ့အတွက်တော့ ကံကောင်းသွားတာပေါ့” လို့ စိတ်ပူပူနဲ့ ဖြတ်သန်းခဲ့ရတဲ့အကြောင်း
ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ မေကဗျာကတော့ ကင်ဆာရောဂါဖြစ်ခါနီး အခြေအနေကြောင့် ခွဲစိတ်ကုသခဲ့ရတဲ့အကြောင်း ပရိသတ်ကို အသိပေးလာခဲ့ တာပဲဖြစ်ပါတယ်နော်။ မေကဗျာအတွက် အားပေးစကားလေး ပြောခဲ့ကြပါအုန်းနော်။