ကိုဗစ်​ရောဂါကာကွယ်​​ရန်​အတွက်​ ရန်ပုံငွေကျပ် ဘီလီယံတစ်​​ထောင်​ကျာ် ပြင်ဆင်ထားပါတယ်လို့ အမေစုမိန့်​ခွန်းမှာ​ပြောကြားခဲ့







ယူနီကုဒ်ဖြင့်ဖတ်ရန်

အခုဘီလီယံ(၁၀၀၀)ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက်သုံးဖို့ဖြစ်ပါတယ်လို့ ” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က

မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ် ။ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးအားဖြည့်ပေးရေး အဖွဲ့ကိုလည်း ကျန်းမာရေးဝန်ကြီး ဟောင်း ပါမောက္ခဒေါက်တာကျော်မြင့် ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆေးရုံများ လုံလုံလောက်လောက် ရှိစေရေး၊ ကွာရန်တင်းစင်တာတွေ လုံလောက်စေရေးနဲ့ ဒီစင်တာတွေမှာ လိုအပ်တဲ့ စေတနာ့ဝန်ထမ်းများ၊ အခြားဝန်ထမ်းများနဲ့ ဆေးပစ္စည်း၊ ဆေးဝါးများ၊ အခြားပစ္စည်းပစ္စများကိုလည်း

လုံလောက်အောင် လက်တွေ့ကျကျ လုပ်ဆောင်နေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ် ။ ကိုဗစ် ၁၉ အလွန်ကာလမှာ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်၁၉ရောဂါနဲ့ပတ်သတ်ပြီး အသုံးပြုဖို့အတွက် သဘာဝဘေးအန္တရာယ် ရန်ပုံငွေအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အထွေထွေပိုလျှံငွေ ဘီလီယံ ၁၀၀၀ ကျော်ကို ပြင်ဆင်ထားတယ်လို့ စက်တင်ဘာလ ၂၁ ရက်

ည ၈ နာရီမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန်းခွန်းမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။