ယခုရက်​ပိုင်းမှာ ကိုဗစ်​​ရောဂါပိုးတွေ့လူနာတွေများလာပြီး လူနာတင်မဲ့ကားမလုံလောက်​တော့တာမို့ အလှူခံလာခဲ့တဲ့ ဝေဠုကျော်







ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရဟိတမင်းသားကြီးဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ဝေဠုကျော် ဖောင်ဒေးရှင်း ကနေတဆင့် ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးလျက် ရှိပါတယ်။ အခုဆိုရင် ပိုးတွေ့လူနာအရေအတွက်နဲ့ သေဆုံးသူ

လူနာ အရေအတွက်လည်း များပြားလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အခက်ခဲတစ်ခုကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ ရန်ကုန်မှာ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့လူနာတွေ များလာတာနဲ့ အမျှဝေဠုကျော် ဖောင်ဒေးရှင်း

အသင်းရဲ့ကားတွေ မလုံလောက်တော့တဲ့အပြင် ရှိနေတဲ့ကားထဲက သေဆုံးသွားတဲ့ လူတွေအတွက်လဲ လိုလာပြီဖြစ်လို့ သီးသန့် သပ်သပ်ထားရတော့မှာ ဖြစ်ပါတယ်။ လာရောက်ပူးပေါင်းတဲ့ အသင်းတွေကလဲ ရိုးရိုးလူနာနဲ့

သပ်သပ်စီခွဲထားရလို့ လူနာတင် ကားတွေ လိုလာပြီး အခုချိန် ဆေးရုံဆင်းတဲ့ သူများကလည်း နယ်ပြန်ဖို့ လူနာတင်ကားတွေနဲ့ ပြန်မှရမယ့် အခြေအနေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက်

လိုအပ်နေတဲ့ လူနာတင်ကားများကို ဝေဠုကျော်ဖောင်ဒေးရှင်း ကနေတဆင့် အလှူခံလိုကြောင်း ရေးသားဖော်ပြထားပြီး တစ်ယောက်ကို ၁၀၀၀ ကျပ်စီ ဝိုင်းထည့်ကြရင်တောင် လူ ၇၀၀၀ ဆို လူနာတင်ကားတစ်စီး ပစ္စည်းစုံနဲ့

ရမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းလှူဒါန်းကြဖို့ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လှူဒါန်းချင်တယ်ဆိုရင် ဝေဠုကျော်ဖောင်ဒေးရှင်း ကနေတဆင့် ဆက်သွယ်လှူဒါန်းကြဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။