ကေလးတစ္​ဖက္နဲ႔ ေဖာင္ေဒးရွင္းအတြက္အျပင္၊ ဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းမ်ားရဲ႕ ေနထုိင္စား​ေသာက္​​ေရးကိုပါ ေထာင့္ေစ့ေအာင္လုိ႔ စီစဥ္ခဲ့ရတယ္​ဆုိတဲ့ ခ်စ္သုေဝ

ပရိသတ္ေတြ ခ်စ္ၾကတဲ့ ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္ျဖစ္သူ ခ်စ္သုေဝက ဆရာဝန္တစ္ဦးျဖစ္ေပမယ့္ သူမခ်စ္တဲ့ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနသူ တစ္ဦးပါ။ ခ်စ္သုေဝက လက္ရွိမွာေတာ့ သူမရဲ႕ ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကို ထိန္းေက်ာင္းရင္းနဲ႔

အႏုပညာလုပ္ငန္းေတြ၊ ပရဟိတအလုပ္ေတြကို တြဲဖက္ လုပ္ကိုင္ေနလ်က္ရွိပါတယ္။ လက္ရွိ ကိုဗစ္ကာလမွာ ခ်စ္သုေဝရဲ႕ ေဖာင္ေဒးရွင္းကလည္း အလုပ္ေတြအရမ္းမ်ားၿပီး ခ်စ္သုေဝကေတာ့ အိမ္မွာေနေနရင္းနဲ႔ပဲ အလုပ္ေတြ ေထာင့္ေစ့ေအာင္ လုပ္ကိုင္ေနရေၾကာင္း အခုလိုပဲ

ေျပာလာပါတယ္။ “ေအာင္ဆန္းတီဘီေရာဂါအထူးကုေဆး႐ုံႀကီး မွာ ေဆး႐ုံမွာပဲေနထိုင္ရေတာ့မယ္. က်န္းမာေရးဝန္ထမ္းမ်ားအတြက္ အေရးေပၚလိုအပ္လ်က္ရွိေသာ အိပ္ယာခင္းဖ်ာ+ေခါင္းအုံး (60)+ ေခါင္းအုံးစြပ္ (120) ေတြကို ေခတ္သစ္ေဖာင္ေဒးရွင္းမွ ေန႔မကူးပဲ မွ်ေဝလႉဒါန္း

ေပးႏိုင္ဖို႔ရယ္၊ Home q ဝင္ရတဲ့ မိသားစုအတြက္ အေျခခံစားေသာကုန္ရယ္၊ 330ဦးေသာ လူနာႏွင့္က်န္းမာေရးဝန္ထမ္းမ်ားအတြက္ မနက္ေန႔လည္ ညစာ ရသမွ် စီစဥ္ႏိုင္ဖို႔ရယ္ လုံးပမ္းလိုက္တာ “Clean Yangon” က အိမ္ေထာင္စုအေျခခံစားေသာက္ကုန္ 66ထုပ္ကိုလႉမယ္။

မစုကလည္း 4ရက္စာ ေန႔လည္စာအလႉရတယ္။ ဒီညမွာ ေကာင္းေကာင္းနားေစခ်င္ေဇာနဲ႔ စက္႐ုံေရာ ဆိုင္ေရာ ပိတ္ေနေပမယ့္ ဆရာဝန္ေတြကိုေကာင္းေကာင္းနားေစခ်င္လို႔ ခ်က္ခ်င္းေလးစီစဥ္ေပးပါဆိုတာကို ကူညီေပးတဲ့ sweety homeကိုလည္းေက်းဇူးတင္တယ္ လူအင္အား ၂

ေယာက္တစ္ပိုင္းနဲ႔အလႉေတြအထေျမာက္ေအာင္လုပ္ေနရတဲ့ ေဖာင္ေဒးရွင္း မွာ ထူးစိန္ေရာ အိမ္က တို႔ရဲေဘာ္ ကားဆရာေလး ေရာတစ္ေနကုန္မနားရရွာ။ ကဲ ဘာပဲေျပာေျပာ နက္ဖန္ ႐ိုးမ q centerနဲ႔ positiveေဆာင္ဘက္ ဆရာဝန္ေတြလိုတာေတြ လည္း ဒီ ေန႔အကုန္အၿပီး စီစဥ္ႏိုင္

ခဲ့တယ္။ မိတ္ေဆြေတြ သူငယ္ခ်င္းေတြကလည္း အကုန္လုံးကူညီၾကတယ္။ COVIDရယ္ မင္းေတာ့လား?? ေၾသာ္ ေမ့ေတာ့မလို႔… အင္းစိန္ေဆး႐ုံ က်န္းမာေရးဝန္ထမ္းေတြ ရဲ႕ ေန႔လည္စာ ညစာရယ္ ႐ိုးမq centerက volunteer ေတြရဲ႕ ညစာရယ္ တစ္ပတ္စာmenuလည္း ေဒၚ treza ပဲ

ဆြဲတယ္ လူပင္ပမ္း စိတ္ပင္ပမ္းေနရတဲ့ၾကားထဲ ဒါေတြခ်ည္းစားေနရတာမ်ိဳးမျဖစ္ရေလေအာင္ ေဒၚ treကေတာ့ စီမံတယ္ ကေလး ၂ ဖက္နဲ႔ ကြၽန္မကေလးအေမကို ဘာမွတ္ေနလဲ” ဆိုၿပီး ေျပာလာပါတယ္။ ခ်စ္သုေဝကေတာ့ ကေလးႏွစ္ဖက္နဲ႔ မအားလပ္ေပမယ့္ ေဖာင္ေဒးရွင္းအတြက္

အျပင္၊ ဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းေတြရဲ႕ စားေရးေသာက္ေရး၊ ေနေရးထိုင္ေရးကိုပါ ေထာင့္ေစ့ေအာင္စီစဥ္ခဲ့တဲ့ အံ့ဖြယ္အမ်ိဳးသမီးပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့

အနုပညာလုပ်ငန်းတွေ၊ ပရဟိတအလုပ်တွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာ ချစ်သုဝေရဲ့ ဖောင်ဒေးရှင်းကလည်း အလုပ်တွေအရမ်းများပြီး ချစ်သုဝေကတော့ အိမ်မှာနေနေရင်းနဲ့ပဲ အလုပ်တွေ ထောင့်စေ့အောင် လုပ်ကိုင်နေရကြောင်း အခုလိုပဲ

ပြောလာပါတယ်။ “အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး မှာ ဆေးရုံမှာပဲနေထိုင်ရတော့မယ်. ကျန်းမာရေးဝန်ထမ်းများအတွက် အရေးပေါ်လိုအပ်လျက်ရှိသော အိပ်ယာခင်းဖျာ+ခေါင်းအုံး (60)+ ခေါင်းအုံးစွပ် (120) တွေကို ခေတ်သစ်ဖောင်ဒေးရှင်းမှ နေ့မကူးပဲ မျှဝေလှူဒါန်း

ပေးနိုင်ဖို့ရယ်၊ Home q ဝင်ရတဲ့ မိသားစုအတွက် အခြေခံစားသောကုန်ရယ်၊ 330ဦးသော လူနာနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် မနက်နေ့လည် ညစာ ရသမျှ စီစဉ်နိုင်ဖို့ရယ် လုံးပမ်းလိုက်တာ “Clean Yangon” က အိမ်ထောင်စုအခြေခံစားသောက်ကုန် 66ထုပ်ကိုလှူမယ်။

မစုကလည်း 4ရက်စာ နေ့လည်စာအလှူရတယ်။ ဒီညမှာ ကောင်းကောင်းနားစေချင်ဇောနဲ့ စက်ရုံရော ဆိုင်ရော ပိတ်နေပေမယ့် ဆရာဝန်တွေကိုကောင်းကောင်းနားစေချင်လို့ ချက်ချင်းလေးစီစဉ်ပေးပါဆိုတာကို ကူညီပေးတဲ့ sweety homeကိုလည်းကျေးဇူးတင်တယ် လူအင်အား ၂

ယောက်တစ်ပိုင်းနဲ့အလှူတွေအထမြောက်အောင်လုပ်နေရတဲ့ ဖောင်ဒေးရှင်း မှာ ထူးစိန်ရော အိမ်က တို့ရဲဘော် ကားဆရာလေး ရောတစ်နေကုန်မနားရရှာ။ ကဲ ဘာပဲပြောပြော နက်ဖန် ရိုးမ q centerနဲ့ positiveဆောင်ဘက် ဆရာဝန်တွေလိုတာတွေ လည်း ဒီ နေ့အကုန်အပြီး စီစဉ်နိုင်

ခဲ့တယ်။ မိတ်ဆွေတွေ သူငယ်ချင်းတွေကလည်း အကုန်လုံးကူညီကြတယ်။ COVIDရယ် မင်းတော့လား?? သြော် မေ့တော့မလို့… အင်းစိန်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ နေ့လည်စာ ညစာရယ် ရိုးမq centerက volunteer တွေရဲ့ ညစာရယ် တစ်ပတ်စာmenuလည်း ဒေါ် treza ပဲ

ဆွဲတယ် လူပင်ပမ်း စိတ်ပင်ပမ်းနေရတဲ့ကြားထဲ ဒါတွေချည်းစားနေရတာမျိုးမဖြစ်ရလေအောင် ဒေါ် treကတော့ စီမံတယ် ကလေး ၂ ဖက်နဲ့ ကျွန်မကလေးအမေကို ဘာမှတ်နေလဲ” ဆိုပြီး ပြောလာပါတယ်။ ချစ်သုဝေကတော့ ကလေးနှစ်ဖက်နဲ့ မအားလပ်ပေမယ့် ဖောင်ဒေးရှင်းအတွက်

အပြင်၊ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးကိုပါ ထောင့်စေ့အောင်စီစဉ်ခဲ့တဲ့ အံ့ဖွယ်အမျိုးသမီးပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။