ကုိဗစ္​​ေရာဂါ႐ွိမ႐ွိ SWAB TEST စစ္​​ေဆးထား​ေသာ အေျဖမသိရေသး​ေတာ့ စိတ္ပင္ပန္းရတယ္လို႔ ရင္ဖြင့္လာခဲ့တဲ့ ေမာင္

ဟိုတယ္မွာ တူ၊တူမေလးေတြနဲ႔အတူ Q ဝင္ေနသူ မင္းသား ေမာင္ကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္။ ေမာင္ကေတာ့ အႏုပညာအလုပ္ေတြကို ရပ္နားခဲ့ၿပီး အျပင္စီးပြားေရးအလုပ္ကိုသာ လုပ္ကိုင္ေနေပမယ့္ အားေပးခ်စ္ခင္တဲ့

ပရိသတ္ေတြကေတာ့ အခိုင္အမာ ရွိေနဆဲပဲျဖစ္ပါတယ္.။လတ္တေလာေလးမွာပဲ ေမာင္က အစ္မျဖစ္သူ မိသားစု ကိုဗစ္ပိုးေတြ႕ရွိတာေၾကာင့္ တူ၊တူမေလးေတြကို ထိန္းၿပီး ဟိုတယ္မွာ Q ဝင္ေနတာပါ။ ကိုယ္တိုင္က ပိုးေတြ႕လူနာေတြနဲ႔ ထိေတြ႕ခဲ့တာမ်ိဳးမရွိေပမယ့္ တူ၊တူမေလးေတြနဲ႔အတူ

ဟိုတယ္မွာ Q ဝင္ကာ ပိုးစစ္ေဆးတာကို ခံယူထားတာသူ ေမာင္ကေတာ့ ဒီေန႔ စက္တင္ဘာလ ၂၂ ရက္ေန႔မွာ ပိုးေတြ႕စစ္ေဆးခ်က္နဲ႔ ပတ္သက္ၿပီး စစ္ေဆးခ်က္အေျဖ မသိရေသးလို႔ စိတ္ပင္ပန္းရတဲ့ အေၾကာင္းေလးကို “က်န္းမာေရးဝန္ႀကီးဌာနက အရမ္းအလုပ္ရႈပ္မွန္းလည္း သိပါတယ္။

အရမ္းပင္ပန္းေနမွန္းလည္း သိပါတယ္။ Swab Test ယူၿပီး ေစာင့္ေနရတဲ့လူေတြမွာလည္း အေျဖမထြက္ခင္ထိ စိတ္အရမ္းပင္ပန္းရပါတယ္။ စစ္ထားတာ ၂ ရက္ေလာက္ရွိၿပီး အေျဖမသိရေသးလို႔ Reception ကိုလွမ္းေမးၾကည့္ေတာ့ ဖုန္းမဆက္ရင္ Negative လို႔ေျပာလိုက္ပါတယ္။

စစ္တဲ့ အသုတ္ေတြကလည္း မ်ားတယ္၊ စစ္ထားတာည္း ႏွစ္ရက္ေလာက္ရွိၿပီဆိုေတာ့ ကိုက Negative လို႔ယူဆၿပီးမွ ဖုန္းဆက္လာရင္ ပိုစိတ္ပင္ပန္းရမွာျဖစ္လို႔ Negative သမားေတြကိုလည္း Negative ျဖစ္ေၾကာင္းေလး ေျပာေပးေစခ်င္ပါတယ္။ အခုထိေတာ့ ကြၽန္ေတာ့ကို ဖုန္းမဆက္

ေသးပါဘူး။” ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။ ေမာင္တစ္ေယာက္ေတာ့ အေျဖက ဖုန္းမဆက္ရင္ Negative လို႔ ေျပာေပမယ့္ Negative လို႔ သတ္မွတ္ၿပီးမွ Positive ျဖစ္ေနတဲ့ အေျခအေနေတြ ျဖစ္လာမွာစိုးလို႔ ဘာကိုမွ အတည္မမွတ္ယူႏိုင္ ျဖစ္ေနမယ္

ထင္ပါတယ္ေနာ္။ ပရိသတ္ႀကီးလည္း ဟိုတယ္မွာ Q ဝင္ရင္း ပိုးေတြ႕စစ္ခ်က္ကို ေစာင့္ေနသူ ေမာင္အတြက္ အားေပးစကားေလးေတြ ေျပာေပးခဲ့ပါဦးေနာ္။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္႐ႊင္သာယာတဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဟိုတယ်မှာ တူ၊တူမလေးတွေနဲ့အတူ Q ဝင်နေသူ မင်းသား မောင်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ မောင်ကတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး အပြင်စီးပွားရေးအလုပ်ကိုသာ လုပ်ကိုင်နေပေမယ့် အားပေးချစ်ခင်တဲ့

ပရိသတ်တွေကတော့ အခိုင်အမာ ရှိနေဆဲပဲဖြစ်ပါတယ်.။လတ်တလောလေးမှာပဲ မောင်က အစ်မဖြစ်သူ မိသားစု ကိုဗစ်ပိုးတွေ့ရှိတာကြောင့် တူ၊တူမလေးတွေကို ထိန်းပြီး ဟိုတယ်မှာ Q ဝင်နေတာပါ။ ကိုယ်တိုင်က ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တာမျိုးမရှိပေမယ့် တူ၊တူမလေးတွေနဲ့အတူ

ဟိုတယ်မှာ Q ဝင်ကာ ပိုးစစ်ဆေးတာကို ခံယူထားတာသူ မောင်ကတော့ ဒီနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပိုးတွေ့စစ်ဆေးချက်နဲ့ ပတ်သက်ပြီး စစ်ဆေးချက်အဖြေ မသိရသေးလို့ စိတ်ပင်ပန်းရတဲ့ အကြောင်းလေးကို “ကျန်းမာရေးဝန်ကြီးဌာနက အရမ်းအလုပ်ရှုပ်မှန်းလည်း သိပါတယ်။

အရမ်းပင်ပန်းနေမှန်းလည်း သိပါတယ်။ Swab Test ယူပြီး စောင့်နေရတဲ့လူတွေမှာလည်း အဖြေမထွက်ခင်ထိ စိတ်အရမ်းပင်ပန်းရပါတယ်။ စစ်ထားတာ ၂ ရက်လောက်ရှိပြီး အဖြေမသိရသေးလို့ Reception ကိုလှမ်းမေးကြည့်တော့ ဖုန်းမဆက်ရင် Negative လို့ပြောလိုက်ပါတယ်။

စစ်တဲ့ အသုတ်တွေကလည်း များတယ်၊ စစ်ထားတာည်း နှစ်ရက်လောက်ရှိပြီဆိုတော့ ကိုက Negative လို့ယူဆပြီးမှ ဖုန်းဆက်လာရင် ပိုစိတ်ပင်ပန်းရမှာဖြစ်လို့ Negative သမားတွေကိုလည်း Negative ဖြစ်ကြောင်းလေး ပြောပေးစေချင်ပါတယ်။ အခုထိတော့ ကျွန်တော့ကို ဖုန်းမဆက်

သေးပါဘူး။” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ မောင်တစ်ယောက်တော့ အဖြေက ဖုန်းမဆက်ရင် Negative လို့ ပြောပေမယ့် Negative လို့ သတ်မှတ်ပြီးမှ Positive ဖြစ်နေတဲ့ အခြေအနေတွေ ဖြစ်လာမှာစိုးလို့ ဘာကိုမှ အတည်မမှတ်ယူနိုင် ဖြစ်နေမယ်

ထင်ပါတယ်နော်။ ပရိသတ်ကြီးလည်း ဟိုတယ်မှာ Q ဝင်ရင်း ပိုးတွေ့စစ်ချက်ကို စောင့်နေသူ မောင်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။