အမႈိက္ပုံကပစၥည္းေတြေကာက္ၿပီးေရာင္းေနရတဲ့ ႏြမ္းပါးလြန္းလွေသာ အိမ္ေထာင္စု ၆၅ စုအတြက္ကို ကူညီေထာက္ပံ့ခဲ့တဲ့ ဒိန္းေဒါင္
|ရယ္ေမာစရာဟာသေတြနဲ႔ ပရိသတ္ေတြကို ေဖ်ာ္ေျဖေပးခဲ့တဲ့ ဒိန္းေဒါင္တစ္ေယာက္ ပရိသတ္ေတြကိုလည္း ျပန္ၿပီး အက်ိဳးျပဳခဲ့ပါေသးတယ္။ သက္ႀကီးလူ႐ႊင္ေတာ္ေတြရဲ႕ အခက္အခဲ
ေတြကို ကူညီေျဖရွင္းေပး႐ုံမကဘဲ အလႉရွင္တစ္ခ်ိဳ႕နဲ႔ပူးေပါင္းၿပီး ခ်ိဳ႕တဲ့သူေတြကိုပါ ကူညီေထာက္ပံ့ ေပးေနခဲ့ပါေသးတယ္။ ဒီေန႔မွာလည္း အမႈိက္ပုံက စြန႔္ပစ္ပစၥည္းေတြကို ေကာက္ယူၿပီး
အဆင္ေျပရာ ေ႐ြးကာ ေရာင္းစားေနရတဲ့ အေျခခံလူတန္းစားေတြအတြက္ အိမ္ေျခ (၆၅) ခုစာ ဆန္နဲ႔ဆီေတြကို အလႉရွင္ေတြနဲ႔ ပူးေပါင္းလႉတန္းေပးခဲ့ပါတယ္။ ကိုယ္တိုင္လည္း အမ်ားႀကီး
အဆင္ေျပေနတာ မဟုတ္ေပမယ့္ ကိုယ့္ေလာက္အဆင္မေျပသူေတြကို ငဲ့ၾကည့္တတ္တဲ့ စိတ္သေဘာထားကေတာ့ ေလးစားစရာပါ။ အားလုံးရဲ႕စုေပါင္းအလႉေလးကို ” အမႈိက္ပုံက စြန႔္ပစ္
ပစၥည္းေတြကို ေကာက္ၿပီး ေရာင္းစားရတဲ့ ဘဝေလးေတြအဆင္ေျပေအာင္ အလႉဆို လက္မေႏွးတဲ့ကိုစိုးဝင္းထက္ႏွင့္ဇနီးေဒၚမာလာေအး သားေမာင္ စိုးလင္းထူး (ခ) ဖိုးလျပည့္မိသားစုက
အိမ္ေထာင္စု ၆၅ ခုအတြက္ ဆန္ႏွင့္ဆီမ်ားကို လႉဒါန္းခဲ့ပါတယ္ ကြၽန္ေတာ္လဲပါတာေပါ့ေလ နတ္လူသာဓုေခၚေစေသာ္” ဆိုၿပီး ဒိန္းေဒါင္က ကုသိုလ္မွ်ေဝေပးခဲ့ပါတယ္။
ယူနီကုဒ္ျဖင့္ဖတ္ရန္
ရယ်မောစရာဟာသတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့တဲ့ ဒိန်းဒေါင်တစ်ယောက် ပရိသတ်တွေကိုလည်း ပြန်ပြီး အကျိုးပြုခဲ့ပါသေးတယ်။ သက်ကြီးလူရွှင်တော်တွေရဲ့ အခက်အခဲ
တွေကို ကူညီဖြေရှင်းပေးရုံမကဘဲ အလှူရှင်တစ်ချို့နဲ့ပူးပေါင်းပြီး ချို့တဲ့သူတွေကိုပါ ကူညီထောက်ပံ့ ပေးနေခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း အမှိုက်ပုံက စွန့်ပစ်ပစ္စည်းတွေကို ကောက်ယူပြီး
အဆင်ပြေရာ ရွေးကာ ရောင်းစားနေရတဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ခြေ (၆၅) ခုစာ ဆန်နဲ့ဆီတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းလှူတန်းပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်း အများကြီး
အဆင်ပြေနေတာ မဟုတ်ပေမယ့် ကိုယ့်လောက်အဆင်မပြေသူတွေကို ငဲ့ကြည့်တတ်တဲ့ စိတ်သဘောထားကတော့ လေးစားစရာပါ။ အားလုံးရဲ့စုပေါင်းအလှူလေးကို ” အမှိုက်ပုံက စွန့်ပစ်
ပစ္စည်းတွေကို ကောက်ပြီး ရောင်းစားရတဲ့ ဘဝလေးတွေအဆင်ပြေအောင် အလှူဆို လက်မနှေးတဲ့ကိုစိုးဝင်းထက်နှင့်ဇနီးဒေါ်မာလာအေး သားမောင် စိုးလင်းထူး (ခ) ဖိုးလပြည့်မိသားစုက
အိမ်ထောင်စု ၆၅ ခုအတွက် ဆန်နှင့်ဆီများကို လှူဒါန်းခဲ့ပါတယ် ကျွန်တော်လဲပါတာပေါ့လေ နတ်လူသာဓုခေါ်စေသော်” ဆိုပြီး ဒိန်းဒေါင်က ကုသိုလ်မျှဝေပေးခဲ့ပါတယ်။