NOUL (ႏို) အမည္​႐ွိ အပူပိုင္းမုန္တိုင္းေၾကာင့္ ေရႀကီးပ်က္စီးမႈမ်ား ျဖစ္ေပၚလာႏိုင္သည့္အ​ေၾကာင္​းကုိ မုိးဇလမွ သတိေပးခ်က္ထုတ္ျပန္

၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၁၆)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ (၁၅:၀၀) နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝွမ္း မိုးႀကီးကာ ေရႀကီးပ်က္စီးမႈမ်ား ေတြ႕ရွိႏိုင္သျဖင့္ ပ်က္စီးဆုံးရႈံးမႈမျဖစ္ေစရန္ ႀကိဳတင္ျပင္ဆင္လုပ္ေဆာင္ၾကဖို႔ အသိေပးႏႈိးေဆာ္လိုက္ရပါတယ္။

မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနမွ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၄:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ အေရွ႕ဘက္မွလာေသာ အပူပိုင္းမုန္တိုင္း “ႏို”(NOUL)သည္ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားကာ ဗီယက္နမ္ကမ္းေျခကို ျဖတ္ေက်ာ္ၿပီး ၎၏အႂကြင္းအက်န္ တိမ္တိုက္မ်ား

ျဖတ္သန္းလာႏိုင္မႈ ေၾကာင့္လည္းေကာင္း၊ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလအားေကာင္းရာမွ အားအလြန္ေကာင္းလာႏိုင္ျခင္း တို႔ေၾကာင့္လည္းေကာင္း၊ (၁၉.၉.၂၀၂၀) မွ (၂၂.၉.၂၀၂၀) ရက္ေန႔အတြင္း ေနျပည္ေတာ္၊

မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုး ထစ္ခ်ဳန္း႐ြာၿပီး

ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသည္။ ယင္းကာလအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္

မြန္ျပည္နယ္တို႔တြင္ ၂၄ နာရီအတြင္း မိုးေရခ်ိန္ ၃ လက္မ (၇၇-မီလီမီတာ) ႏွင့္အထက္၊ ေနျပည္ေတာ္ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔ တြင္ ၂၄ နာရီအတြင္း မိုးေရခ်ိန္ ၁.၅ လက္မ (၃၈-မီလီမီတာ) ႏွင့္အထက္ ႐ြာသြန္းႏိုင္ပါသည္။ ခရက္ဒစ္ – မိုးဇလ။

ယူနီကုဒ္ျဖင့္ဖတ္ရန္

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်း မိုးကြီးကာ ရေကြီးပျက်စီးမှုများ တွေ့ရှိနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ပြင်ဆင်လုပ်ဆောင်ကြဖို့ အသိပေးနှိုးဆော်လိုက်ရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အရှေ့ဘက်မှလာသော အပူပိုင်းမုန်တိုင်း “နို”(NOUL)သည် အနောက်ဘက်သို့ ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး ၎င်း၏အကြွင်းအကျန် တိမ်တိုက်များ

ဖြတ်သန်းလာနိုင်မှု ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်း တို့ကြောင့်လည်းကောင်း၊ (၁၉.၉.၂၀၂၀) မှ (၂၂.၉.၂၀၂၀) ရက်နေ့အတွင်း နေပြည်တော်၊

မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး

ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇-မီလီမီတာ) နှင့်အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့ တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁.၅ လက်မ (၃၈-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ပါသည်။ ခရက်ဒစ် – မိုးဇလ။