ျမန္မာလူမ်ိဴး​ေတြဟာ ကိုဗစ္ခံႏိုင္ရည္ရွိတယ္ဆိုၿပီး အခုက်​ေတာ့ ဘာလို႔အမ်ားႀကီးကူးစက္​ခံရၿပီး အမ်ားအျပား​ေသေနရတာလဲ

၇၂ ရာခိုင္ႏႈန္း ဖ်ားကို မဖ်ားဘဲ ျပန္ေပ်ာက္သြားတာက သက္ေသပါပဲ။ အေတာ္ခံႏိုင္ရည္ရွိတယ္ဆိုတဲ့ သက္ေသပါ။ Positive ဆိုတာဘာလဲ။ ႏွာေခါင္းအတြင္းထဲ ပိုးကပ္ေနတာပါ။ ဒီေတာ့ ႏွာေခါင္းကို swab ယူရင္ေတြ႕မွာပါ။ ပိုးက ကပ္ၿပီး ပြါးပါတယ္။ အဲ့ပိုးကို မပြါးေအာင္

ခႏၶာကိုယ္ကလဲ ႀကိဳးစားသတ္ပါတယ္။ ႏွစ္ခုၿပိဳင္တာမွာ သတ္တာႏိုင္သြားရင္ မဖ်ားေတာ့ပါဘူး။ ၇၂ ရာခိုင္ႏႈန္းက သတ္ႏိုင္တဲ့ လူေတြပါ မသတ္ႏိုင္ရင္ ပိုးအရမ္းပြါးလာရင္ ဖ်ားပါတယ္။ ဖ်ားတယ္ဆိုတာ ခႏၶာကိုယ္ရဲ႕ ပိုးကိုသတ္ႏိုင္ဖို႔ တုံ႔ျပန္ပုံတစ္ခုပါ။ ဒါေၾကာင့္ လူအမ်ားစုဟာ

ခံႏိုင္ရည္ရွိတယ္ဆိုတာ ျငင္းမရပါ။ (ဆက္ေျပာတာ အမွန္တရားျဖစ္လို႔ စကားလုံး ၾကမ္းပါမယ္ ႀကိဳေျပာတာပါ) ဒါဆို ေသတဲ့သူေတြကေရာဘာလဲလို႔ေမးရင္ တည့္တည့္ပဲေျပာပါမယ္။ အမ်ားစုက ဆီးခ်ိဳ ေသြးတိုး ႏွလုံး ကင္ဆာ ေၾကာင့္ေသတာပါ။ ပိုၿပီး သိသာေအာင္ေျပာရရင္

အဲ့လူေတြဟာ အစားမေရွာင္တာရယ္ က်န္းမာေရးလိုက္စားမႈမရွိပဲ အပ်င္းထူတာရယ္ ေၾကာင့္ေသတာပါ။ စားခ်င္ရာစားတယ္ မေရွာင္ဘူး မထိန္းဘူး။ လွ်ာရင္းေလးျမက္မွ၊ ဗိုက္ကေလးတင္းေနမွ ေက်နပ္တာမဟုတ္လား။ က်န္းမာတဲ့အစာဆို အရသာမရွိဘူး စားမေကာင္းဘူး၊

ဆန္ေတာင္ ေပၚဆန္းမွ။ အရသာလားဆိုေတာ့ ဟင္းဆို နီမွ၊ မွ်စ္ဆို နီမွဆိုတာေတြပါေသးတယ္၊ အလွကႀကိဳက္ေတာ့ ဆိုးေဆးနဲ႔ညားေရာ။ ဝိတ္ေလ်ာ့ပါဆိုေတာ့လဲ ဝမွ လွတယ္ဆိုတာပါေသးတယ္။ လွမလွေတာ့မသိဘူး ႏွလုံးေရာဂါနဲ႔ ဂန္႔မွာေတာ့ ေသခ်ာတယ္။ ေလ့က်င့္ခန္းလုပ္ပါ

ဆိုေတာ့ ပင္ပန္းလို႔တဲ့၊ ေလွကားတက္ဖို႔မေျပာနဲ႔ လမ္းေတာင္ မေလွ်ာက္ခ်င္ဘူး၊ ကိုယ္သြားခ်င္တဲ့ေနရာေလး တည့္တည့္ကားရပ္လိုက္ရမွ။ တစ္သက္လုံး အပ်င္းထူ ေလ့က်င့္ခန္မလုပ္ အစားမေရွာင္ပဲ ခုမွ လာေၾကာက္ေနလို႔ ဘယ္သူမွမကယ္ႏိုင္ပါဘူး။ ကိုယ္လုပ္ခဲ့တာ ကိုယ္ခံရတာပါ။

ေနာက္သူငယ္ခ်င္းတစ္ေယာက္ကလဲ ကိုဗစ္အတြက္ ေျဖရွင္းနည္းတဲ့။ ဒီေလာက္ ခဏခဏေျပာေနတာကို အစားမပုတ္ပါနဲ႔ (က်န္းမာေစတာပဲစားပါ) အပ်င္းမထူပါနဲ႔ (ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ) ဒါပါပဲ။ ဒီ့ထက္လဲ တည့္တည့္မေျပာတတ္ေတာ့ဘူး (ေဒါက္တာေက်ာ္ေက်ာ္စိုင္း)။

ယူနီကုဒ္ျဖင့္ဖတ္ရန္

၇၂ ရာခိုင်နှုန်း ဖျားကို မဖျားဘဲ ပြန်ပျောက်သွားတာက သက်သေပါပဲ။ အတော်ခံနိုင်ရည်ရှိတယ်ဆိုတဲ့ သက်သေပါ။ Positive ဆိုတာဘာလဲ။ နှာခေါင်းအတွင်းထဲ ပိုးကပ်နေတာပါ။ ဒီတော့ နှာခေါင်းကို swab ယူရင်တွေ့မှာပါ။ ပိုးက ကပ်ပြီး ပွါးပါတယ်။ အဲ့ပိုးကို မပွါးအောင်

ခန္ဓာကိုယ်ကလဲ ကြိုးစားသတ်ပါတယ်။ နှစ်ခုပြိုင်တာမှာ သတ်တာနိုင်သွားရင် မဖျားတော့ပါဘူး။ ၇၂ ရာခိုင်နှုန်းက သတ်နိုင်တဲ့ လူတွေပါ မသတ်နိုင်ရင် ပိုးအရမ်းပွါးလာရင် ဖျားပါတယ်။ ဖျားတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ပိုးကိုသတ်နိုင်ဖို့ တုံ့ပြန်ပုံတစ်ခုပါ။ ဒါကြောင့် လူအများစုဟာ

ခံနိုင်ရည်ရှိတယ်ဆိုတာ ငြင်းမရပါ။ (ဆက်ပြောတာ အမှန်တရားဖြစ်လို့ စကားလုံး ကြမ်းပါမယ် ကြိုပြောတာပါ) ဒါဆို သေတဲ့သူတွေကရောဘာလဲလို့မေးရင် တည့်တည့်ပဲပြောပါမယ်။ အများစုက ဆီးချို သွေးတိုး နှလုံး ကင်ဆာ ကြောင့်သေတာပါ။ ပိုပြီး သိသာအောင်ပြောရရင်

အဲ့လူတွေဟာ အစားမရှောင်တာရယ် ကျန်းမာရေးလိုက်စားမှုမရှိပဲ အပျင်းထူတာရယ် ကြောင့်သေတာပါ။ စားချင်ရာစားတယ် မရှောင်ဘူး မထိန်းဘူး။ လျှာရင်းလေးမြက်မှ၊ ဗိုက်ကလေးတင်းနေမှ ကျေနပ်တာမဟုတ်လား။ ကျန်းမာတဲ့အစာဆို အရသာမရှိဘူး စားမကောင်းဘူး၊

ဆန်တောင် ပေါ်ဆန်းမှ။ အရသာလားဆိုတော့ ဟင်းဆို နီမှ၊ မျှစ်ဆို နီမှဆိုတာတွေပါသေးတယ်၊ အလှကကြိုက်တော့ ဆိုးဆေးနဲ့ညားရော။ ဝိတ်လျော့ပါဆိုတော့လဲ ဝမှ လှတယ်ဆိုတာပါသေးတယ်။ လှမလှတော့မသိဘူး နှလုံးရောဂါနဲ့ ဂန့်မှာတော့ သေချာတယ်။ လေ့ကျင့်ခန်းလုပ်ပါ

ဆိုတော့ ပင်ပန်းလို့တဲ့၊ လှေကားတက်ဖို့မပြောနဲ့ လမ်းတောင် မလျှောက်ချင်ဘူး၊ ကိုယ်သွားချင်တဲ့နေရာလေး တည့်တည့်ကားရပ်လိုက်ရမှ။ တစ်သက်လုံး အပျင်းထူ လေ့ကျင့်ခန်မလုပ် အစားမရှောင်ပဲ ခုမှ လာကြောက်နေလို့ ဘယ်သူမှမကယ်နိုင်ပါဘူး။ ကိုယ်လုပ်ခဲ့တာ ကိုယ်ခံရတာပါ။

နောက်သူငယ်ချင်းတစ်ယောက်ကလဲ ကိုဗစ်အတွက် ဖြေရှင်းနည်းတဲ့။ ဒီလောက် ခဏခဏပြောနေတာကို အစားမပုတ်ပါနဲ့ (ကျန်းမာစေတာပဲစားပါ) အပျင်းမထူပါနဲ့ (လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ) ဒါပါပဲ။ ဒီ့ထက်လဲ တည့်တည့်မပြောတတ်တော့ဘူး (ဒေါက်တာကျော်ကျော်စိုင်း)။