ကိုဗစ္ကူးစက္ျမန္ေသာ ကပ္ေရာဂါဆုိးႀကီး စတင္ျဖစ္ပြားခ်ိန္ကေန ယေန႔အထိ ျမန္မာႏိုင္ငံရဲ႕အမာခံ အဓိကလႉဒါန္းေပးေနၾကေသာ ေလးစားအားကိုးရသည့္သူေဌးႀကီးမ်ား
|ကိုဗစ္ေရာဂါစျဖစ္ခ်ိန္ကေန ယေန႔ထိ ျမန္မာႏိုင္ငံရဲ႕အမာခံ အဓိကလႉဒါန္းေနေသာ ေလးစားအားကိုးရသည့္သူေဌးႀကီးမ်ားအေၾကာင္း
(၁) ဦးေဇာ္ေဇာ္ MAXဆီဆိုင္ MAX Group/ AYA ဘဏ္
ဦးေဇာ္ေဇာ္ကိုေတာ့ ပရိတ္သတ္ႀကီးနဲ႔ အထူးမိတ္ဆက္ေပးေနစရာေတာင္လိုမယ္မထင္ပါဘူးေနာ္ ျမန္မာနိုင္ငံအတြင္းမွာ လုပ္ငန္းေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားသလို အဓိကလူသိမ်ားဆုံးလုပ္ငန္းေတြျဖစ္တဲ့
MAX group နဲ႕ AYA bank တို႔ရဲ႕ ပိုင္ရွင္ႀကီးျဖစ္ၿပီး။ ခ်မ္းသာသေလာက္လည္း အလႉအတန္းရက္ေရာလြန္းသူျဖစ္ပါတယ္။ ခုလိုကိုဗစ္ကာလႀကီးမွာေငြသိန္းေပါင္းမ်ားစြာကို ျပည္သူေတြအတြက္အက်ိဳးျပဳလႉတန္းေနခဲ့တာအားရေက်နပ္စရာပါ။ သာဓုလည္း ေခၚမိပါတယ္ ဦးေဇာ္ေရ။
(၂) ဦးေအာင္ကိုဝင္း KBZ air line/ KBZ ဘဏ္
ဦးေအာင္ကိုဝင္းကိုေတာ့ အားလုံးသိၾကၿပီးသားပါ သူ႔ကိုဆရာေက်ာင္းလို႔လည္းေခၚၾကပါေသးတယ္။ တစ္နိုင္ငံလုံး ဒုကၡေရာက္ေနရတဲ့ ကိုဗစ္တိုက္ပြဲႀကီးမွာ
KBZ လုပ္ငန္းစုမ်ားရဲ႕ပဲ့ကိုင္ရွင္သူေဌးႀကီးကလည္း မေနနိုင္ရွာပဲ လႉတန္းမႈေတြအမ်ားအျပားျပဳလုပ္ေနၿပီး ေနာက္ထပ္လိုအပ္သမွ်ကိုလည္း ဦးေဆာင္လႉတန္းမယ္လို႔ ဆိုထားပါေသးတယ္။
(၃) ဦးေဇာ္မိုးခိုင္ဇနီးေဒါက္တာေစာေနႏြယ္ AA ေဆးႏွင့္ေဆးဝါးပစၥည္းထုတ္ ကုမၸဏီ
AA ေဆးႏွင့္ေဆးဝါးပစၥည္းထုတ္ ကုမၸဏီမ်ားပိုင္ရွင္ သူေဌးႀကီးဇနီးေမာင္ႏွံကလည္း ကိုဗစ္တိုက္ပြဲမွာ လိုေလသင့္မရွိရေအာင္ အဖက္ဖက္ကေန ဝိုင္းဝန္းလႉတန္းေနတာ တကယ့္ကိုေလးစားခ်ီးက်ဴးရမွာပါ။
(၄) အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရဘြဲ႕ရ ဦးစိုင္းမ်ိဳးဝင္းဇနီး အဂၢမဟာသီရိသုဓမၼသိဂႌေဒၚနန္းခင္ျမင့္ ရီ EFD Group ႏွင့္ EFF Foundation
ျမန္မာနိုင္ငံမွာ အလႉအတန္းရက္ေရာသူေတြနဲ႕ သာသနာ့အက်ိဳး သယ္ပိုးသူေတြကိုသာ အထူးေပးအပ္ခ်ီးျမင့္ေလ့ရွိတဲ့ ဘြဲ႕ထူးေတြကိုပိုင္ဆိုင္ထားတဲ့ ဒီသူေဌးႀကီးဇနီးေမာင္ႏွံကေတာ့
ေျပာစရာေတာင္မလိုေလာက္ေအာင္ကို ကိုဗစ္တိုက္ပြဲအတြက္ လိုအပ္သမွ်ကို တက္တက္ႂကြႂကြကို ပါဝင္လႉတန္းေနတာပါ။တကယ့္ကို အားရေက်နပ္စရာပါပဲဗ်ာ။ ကိုဗစ္တိုက္ပြဲမွာ ခုလိုလႉတန္းေနၾကတဲ့ သူေဌးေတြမ်ားစြာရွိပါတယ္။
အဲ့ထဲကမွ ကိုဗစ္အတြက္အမ်ားဆုံး လႉတန္းထားတဲ့ သူေဌးႀကီးေတြကို အလ်င္သင့္သလိုေဖာ္ျပေပးလိုက္ပါတယ္ ေနာ္။ကိုယ္တိုင္မလႉနိုင္ခဲ့ရင္ေတာင္ သူေဌးႀကီးေတြရဲ႕ အလႉအတြက္ သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။ ခရက္ဒစ္
ယူနီကုဒ္ျဖင္႔ ဖတ္ရန္
ကိုဗစ်ရောဂါစဖြစ်ချိန်ကနေ ယနေ့ထိ မြန်မာနိုင်ငံရဲ့အမာခံ အဓိကလှူဒါန်းနေသော လေးစားအားကိုးရသည့်သူဌေးကြီးများအကြောင်း
(၁) ဦးဇော်ဇော် MAXဆီဆိုင် MAX Group/ AYA ဘဏ်
ဦးဇော်ဇော်ကိုတော့ ပရိတ်သတ်ကြီးနဲ့ အထူးမိတ်ဆက်ပေးနေစရာတောင်လိုမယ်မထင်ပါဘူးနော် မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားသလို အဓိကလူသိများဆုံးလုပ်ငန်းတွေဖြစ်တဲ့
MAX group နဲ့ AYA bank တို့ရဲ့ ပိုင်ရှင်ကြီးဖြစ်ပြီး။ ချမ်းသာသလောက်လည်း အလှူအတန်းရက်ရောလွန်းသူဖြစ်ပါတယ်။ ခုလိုကိုဗစ်ကာလကြီးမှာငွေသိန်းပေါင်းများစွာကို ပြည်သူတွေအတွက်အကျိုးပြုလှူတန်းနေခဲ့တာအားရကျေနပ်စရာပါ။ သာဓုလည်း ခေါ်မိပါတယ် ဦးဇော်ရေ။
(၂) ဦးအောင်ကိုဝင်း KBZ air line/ KBZ ဘဏ်
ဦးအောင်ကိုဝင်းကိုတော့ အားလုံးသိကြပြီးသားပါ သူ့ကိုဆရာကျောင်းလို့လည်းခေါ်ကြပါသေးတယ်။ တစ်နိုင်ငံလုံး ဒုက္ခရောက်နေရတဲ့ ကိုဗစ်တိုက်ပွဲကြီးမှာ
KBZ လုပ်ငန်းစုများရဲ့ပဲ့ကိုင်ရှင်သူဌေးကြီးကလည်း မနေနိုင်ရှာပဲ လှူတန်းမှုတွေအများအပြားပြုလုပ်နေပြီး နောက်ထပ်လိုအပ်သမျှကိုလည်း ဦးဆောင်လှူတန်းမယ်လို့ ဆိုထားပါသေးတယ်။
(၃) ဦးဇော်မိုးခိုင်ဇနီးဒေါက်တာစောနေနွယ် AA ဆေးနှင့်ဆေးဝါးပစ္စည်းထုတ် ကုမ္ပဏီ
AA ဆေးနှင့်ဆေးဝါးပစ္စည်းထုတ် ကုမ္ပဏီများပိုင်ရှင် သူဌေးကြီးဇနီးမောင်နှံကလည်း ကိုဗစ်တိုက်ပွဲမှာ လိုလေသင့်မရှိရအောင် အဖက်ဖက်ကနေ ဝိုင်းဝန်းလှူတန်းနေတာ တကယ့်ကိုလေးစားချီးကျူးရမှာပါ။
(၄) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ရ ဦးစိုင်းမျိုးဝင်းဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဒေါ်နန်းခင်မြင့် ရီ EFD Group နှင့် EFF Foundation
မြန်မာနိုင်ငံမှာ အလှူအတန်းရက်ရောသူတွေနဲ့ သာသနာ့အကျိုး သယ်ပိုးသူတွေကိုသာ အထူးပေးအပ်ချီးမြင့်လေ့ရှိတဲ့ ဘွဲ့ထူးတွေကိုပိုင်ဆိုင်ထားတဲ့ ဒီသူဌေးကြီးဇနီးမောင်နှံကတော့
ပြောစရာတောင်မလိုလောက်အောင်ကို ကိုဗစ်တိုက်ပွဲအတွက် လိုအပ်သမျှကို တက်တက်ကြွကြွကို ပါဝင်လှူတန်းနေတာပါ။တကယ့်ကို အားရကျေနပ်စရာပါပဲဗျာ။ ကိုဗစ်တိုက်ပွဲမှာ ခုလိုလှူတန်းနေကြတဲ့ သူဌေးတွေများစွာရှိပါတယ်။
အဲ့ထဲကမှ ကိုဗစ်အတွက်အများဆုံး လှူတန်းထားတဲ့ သူဌေးကြီးတွေကို အလျင်သင့်သလိုဖော်ပြပေးလိုက်ပါတယ် နော်။ကိုယ်တိုင်မလှူနိုင်ခဲ့ရင်တောင် သူဌေးကြီးတွေရဲ့ အလှူအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်