စည္​း႐ုံး​ေရး​ေကာင္​းၿပီး လူအမ်ားကုိဦးေဆာင္ႏိုင္စြမ္းရွိ​ေသာ အမ်ိဳးသားေတြရဲ႕ စ႐ိုက္လကၡဏာ (၅) မ်ိဳး

လူေတြကို စည္း႐ုံးေရးေကာင္းၿပီး လူအုပ္ႀကီးကို ဦးေဆာင္ႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ဖို႔ဆိုတာ သာမန္အရည္အခ်င္းနဲ႔ မျဖစ္ႏိုင္ပါဘူး။ အဂၤလိပ္စကားမွာ ဒီလိုလူေတြကို Alpha Male လို႔ ေခၚပါတယ္။

ေခတ္သစ္လူ႔အဖြဲ႕အစည္းမွာ Alpha Male ဆိုသူေတြဟာ ခက္ခဲတဲ့အၾကပ္အတည္းေတြကို​ေျဖရွင္းဖို႔ ေနရာေပးခံထားရသူေတြ ျဖစ္ပါ တယ္။ ထက္ျမက္ၿပီး လူ႔အဖြဲ႕အစည္းတစ္ခုကို

ေခါင္းေဆာင္ႏိုင္တဲ့ လူတစ္ေယာက္ဟုတ္မဟုတ္ ဘယ္လိုသိႏိုင္မလဲ။ Alpha Mal တစ္ေယာက္မွာ ဘယ္လို ဝိေသသ လကၡဏာေတြ ရွိႏိုင္သလဲ။

(၁) ကိုယ့္ကိုယ္ကို ​ေလးစားမႈရွိတယ္

Self-respect ဆိုတာ လူတိုင္းမွာရွိသင့္တဲ့ အရာပါ။ လူေတြကို ဦးစီးေခါင္းေဆာင္ျပဳမယ့္ သူအတြက္ဆိုရင္ေတာ့ မရွိမျဖစ္ အရည္အခ်င္းတစ္ခု ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို ေလးစားမႈရွိသူဟာ

တစ္ျခားသူေတြနဲ႔သူ႔အခ်ိန္ကိုတန္ဖိုးထားပါတယ္။ ကိုယ္လုပ္တဲ့အလုပ္ အေကာင္းဆုံးအရည္အေသြးထြက္ေအာင္ လုပ္တယ္။ ကိုယ့္ကိုယ္ကို ေလးစားတာေၾကာင့္ ကိုယ့္ပုံရိပ္ညိဳးႏြမ္းေစတဲ့ အလုပ္ေတြမလုပ္မိေအာင္ ေရွာင္ၾကဥ္ပါတယ္။

(၂) အခက္အခဲေတြကို ရင္ဆိုင္ရဲတယ္

အခက္အခဲ၊ စိန္ေခၚမႈနဲ႔ရႈံးနိမ့္ျခင္းေတြက လူတစ္ေယာက္ ဘယ္ေလာက္မာေက်ာသလဲကို စစ္ေဆးေပးတဲ့ ကိရိယာေတြပါ။ ေအာင္ျမင္မႈခ်ည္း ဆက္တိုက္ရေနတာဟာ အံ့ဩစရာဆိုရင္ အခက္အခဲနဲ႔ရႈံးနိမ့္မႈ​ေတြကုိ ဖန္တရာေတေအာင္

ခံစားရေပမယ့္ကိုယ့္ပန္းတိုင္ကို မ်က္ေျခမျပတ္တမ္း ၾကည့္ေနသူက တကယ့္အံ့ဖြယ္ပါပဲ။ တစ္ခ်ိန္ခ်ိန္မွာ လူေတြကို ဦးေဆာင္မယ့္သူဆိုတာ စိတ္ဓါတ္ႀကံ့ခိုင္တယ္။ ေဝဖန္မႈေတြနဲ႔ အတိုက္အခံေတြအၾကား နစ္မြန္းေပ်ာက္ကြယ္ သြားမယ့္ လူမ်ိဳးမဟုတ္ပါဘူး။

(၃) သတၱိေကာင္းတယ္

သတၱိေကာင္းမွ ေခါင္းေဆာင္ျဖစ္တာပါ။ သတၱိေကာင္းတယ္ဆိုတာ အေၾကာက္အ႐ြံ႕ကင္းတယ္လို႔ ေျပာတာမဟုတ္ပါဘူး။ ဘီစီ ၅ ရာစုက ဂရိသမိုင္းပညာရွင္ တူဆိုက္ဒီးစ္က ေျပာဖူးပါတယ္။

“သတၱိအေကာင္းဆုံး လူေတြပဲ သူတို႔​ေရွ႕မွာႀကဳံရမယ့္ ဂုဏ္သိကၡာနဲ႔ အႏၲရာယ္​ေတြကို အျပတ္သားဆုံး ျမင္ပါတယ္။ ဒီလိုျမင္တဲ့ အရာေတြကိုလည္း ေနာက္မတြန႔္စတမ္း ရင္ဆိုင္ပါတယ္”တဲ့။

(၄) ဟာသနဲ႔ လူသားဆန္မႈရွိတယ္

ေသာမတ္စ္ကာလိုင္းရဲ႕ စကားတစ္ခြန္းရွိပါတယ္။“ဟာသဆိုတာ အႏုပညာေျမာက္တဲ့ ပါရမီရွင္တစ္ဦးရဲ႕ အျပည့္စုံဆုံးပုံရိပ္အျဖစ္ သတ္မွတ္ႏိုင္ပါတယ္။”တဲ့။ ကိုယ့္ကိုယ္ကို အရင္ရယ္‌ေမာႏိုင္တယ္ဆိုရင္

သင့္ကိုဘယ္သူမွ တူးတူးခါးခါး ​ေဝဖန္ေတာ့မွာမဟုတ္ပါဘူး။ Alpha Man ဆိုသူေတြဟာ သူတို႔အမွား၊ သူတို႔အရႈံးေတြကို ေပါ့ေပါ့ပါးပါး ျဖတ္သန္းသြားႏိုင္သူေတြပါ။

ဒီလိုမ်ိဳးကိုယ့္ကိုယ္ကို အလြန္အၾကဴး အေလးအနက္ မခံစားတာဟာ ကိုယ့္ကိုယ္ကို ေလးစားမႈနဲ႔အတၱအၾကား ျခားနားမႈကို တံတားထိုးေပးထားပါ။

လူတစ္ေယာက္ဟာသူ႔ကိုယ္သူ တကယ္ေလးစားတယ္ဆိုရင္ မွားယြင္းတဲ့​ေျခလွမ္းဟာ ဘဝဆုံးသြားတာမဟုတ္ဘူးဆိုတာကို နားလည္ပါတယ္။ ဒီလို အမွားေတြကေန ပိုႀကီးၿပီးပိုက်ယ္ေျပာတဲ့ ရႈေထာင့္သစ္ေတြကေန ျမင္လာပါတယ္။

(၅) ဇြဲေကာင္းတယ္

Alpha Male ဆိုသူေတြဟာ စြဲၿမဲထက္သန္တဲ့ ဇြဲလုံ႔လရွိသူေတြပါ။ သူတို႔ဟာ လြယ္လြယ္ေလး အေလွ်ာ့မေပးတတ္သူေတြပါ။ သူတို႔ဟာအၿမဲတမ္း ေနာက္ဆုံးအခ်ိန္အထိ

မားမားမတ္မတ္ရပ္သူေတြအျဖစ္ျမင္ရမယ့္ သူေတြျဖစ္ပါတယ္။ လူေတြဟာ ယုံၾကည္တဲ့အရာတစ္ခုအတြက္ ဇြဲစိတ္သန္သန္နဲ႔ ဖန္တီးပုံေဖာ္ေနသူေနာက္ကို လိုက္ဖို႔ ဝန္မေလးတတ္ပါဘူး။ ခရက္ဒစ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

လူတွေကို စည်းရုံးရေးကောင်းပြီး လူအုပ်ကြီးကို ဦးဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ဖို့ဆိုတာ သာမန်အရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။ အင်္ဂလိပ်စကားမှာ ဒီလိုလူတွေကို Alpha Male လို့ ခေါ်ပါတယ်။

ခေတ်သစ်လူ့အဖွဲ့အစည်းမှာ Alpha Male ဆိုသူတွေဟာ ခက်ခဲတဲ့အကြပ်အတည်းတွေကိုဖြေရှင်းဖို့ နေရာပေးခံထားရသူတွေ ဖြစ်ပါ တယ်။ ထက်မြက်ပြီး လူ့အဖွဲ့အစည်းတစ်ခုကို

ခေါင်းဆောင်နိုင်တဲ့ လူတစ်ယောက်ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ Alpha Mal တစ်ယောက်မှာ ဘယ်လို ဝိသေသ လက္ခဏာတွေ ရှိနိုင်သလဲ။

(၁) ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်

Self-respect ဆိုတာ လူတိုင်းမှာရှိသင့်တဲ့ အရာပါ။ လူတွေကို ဦးစီးခေါင်းဆောင်ပြုမယ့် သူအတွက်ဆိုရင်တော့ မရှိမဖြစ် အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုရှိသူဟာ

တစ်ခြားသူတွေနဲ့သူ့အချိန်ကိုတန်ဖိုးထားပါတယ်။ ကိုယ်လုပ်တဲ့အလုပ် အကောင်းဆုံးအရည်အသွေးထွက်အောင် လုပ်တယ်။ ကိုယ့်ကိုယ်ကို လေးစားတာကြောင့် ကိုယ့်ပုံရိပ်ညိုးနွမ်းစေတဲ့ အလုပ်တွေမလုပ်မိအောင် ရှောင်ကြဉ်ပါတယ်။

(၂) အခက်အခဲတွေကို ရင်ဆိုင်ရဲတယ်

အခက်အခဲ၊ စိန်ခေါ်မှုနဲ့ရှုံးနိမ့်ခြင်းတွေက လူတစ်ယောက် ဘယ်လောက်မာကျောသလဲကို စစ်ဆေးပေးတဲ့ ကိရိယာတွေပါ။ အောင်မြင်မှုချည်း ဆက်တိုက်ရနေတာဟာ အံ့ဩစရာဆိုရင် အခက်အခဲနဲ့ရှုံးနိမ့်မှုတွေကို ဖန်တရာတေအောင်

ခံစားရပေမယ့်ကိုယ့်ပန်းတိုင်ကို မျက်ခြေမပြတ်တမ်း ကြည့်နေသူက တကယ့်အံ့ဖွယ်ပါပဲ။ တစ်ချိန်ချိန်မှာ လူတွေကို ဦးဆောင်မယ့်သူဆိုတာ စိတ်ဓါတ်ကြံ့ခိုင်တယ်။ ဝေဖန်မှုတွေနဲ့ အတိုက်အခံတွေအကြား နစ်မွန်းပျောက်ကွယ် သွားမယ့် လူမျိုးမဟုတ်ပါဘူး။

(၃) သတ္တိကောင်းတယ်

သတ္တိကောင်းမှ ခေါင်းဆောင်ဖြစ်တာပါ။ သတ္တိကောင်းတယ်ဆိုတာ အကြောက်အရွံ့ကင်းတယ်လို့ ပြောတာမဟုတ်ပါဘူး။ ဘီစီ ၅ ရာစုက ဂရိသမိုင်းပညာရှင် တူဆိုက်ဒီးစ်က ပြောဖူးပါတယ်။

“သတ္တိအကောင်းဆုံး လူတွေပဲ သူတို့ရှေ့မှာကြုံရမယ့် ဂုဏ်သိက္ခာနဲ့ အန္တရာယ်တွေကို အပြတ်သားဆုံး မြင်ပါတယ်။ ဒီလိုမြင်တဲ့ အရာတွေကိုလည်း နောက်မတွန့်စတမ်း ရင်ဆိုင်ပါတယ်”တဲ့။

(၄) ဟာသနဲ့ လူသားဆန်မှုရှိတယ်

သောမတ်စ်ကာလိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။“ဟာသဆိုတာ အနုပညာမြောက်တဲ့ ပါရမီရှင်တစ်ဦးရဲ့ အပြည့်စုံဆုံးပုံရိပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။”တဲ့။ ကိုယ့်ကိုယ်ကို အရင်ရယ်‌မောနိုင်တယ်ဆိုရင်

သင့်ကိုဘယ်သူမှ တူးတူးခါးခါး ဝေဖန်တော့မှာမဟုတ်ပါဘူး။ Alpha Man ဆိုသူတွေဟာ သူတို့အမှား၊ သူတို့အရှုံးတွေကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားနိုင်သူတွေပါ။

ဒီလိုမျိုးကိုယ့်ကိုယ်ကို အလွန်အကြူး အလေးအနက် မခံစားတာဟာ ကိုယ့်ကိုယ်ကို လေးစားမှုနဲ့အတ္တအကြား ခြားနားမှုကို တံတားထိုးပေးထားပါ။

လူတစ်ယောက်ဟာသူ့ကိုယ်သူ တကယ်လေးစားတယ်ဆိုရင် မှားယွင်းတဲ့ခြေလှမ်းဟာ ဘဝဆုံးသွားတာမဟုတ်ဘူးဆိုတာကို နားလည်ပါတယ်။ ဒီလို အမှားတွေကနေ ပိုကြီးပြီးပိုကျယ်ပြောတဲ့ ရှုထောင့်သစ်တွေကနေ မြင်လာပါတယ်။

(၅) ဇွဲကောင်းတယ်

Alpha Male ဆိုသူတွေဟာ စွဲမြဲထက်သန်တဲ့ ဇွဲလုံ့လရှိသူတွေပါ။ သူတို့ဟာ လွယ်လွယ်လေး အလျှော့မပေးတတ်သူတွေပါ။ သူတို့ဟာအမြဲတမ်း နောက်ဆုံးအချိန်အထိ

မားမားမတ်မတ်ရပ်သူတွေအဖြစ်မြင်ရမယ့် သူတွေဖြစ်ပါတယ်။ လူတွေဟာ ယုံကြည်တဲ့အရာတစ်ခုအတွက် ဇွဲစိတ်သန်သန်နဲ့ ဖန်တီးပုံဖော်နေသူနောက်ကို လိုက်ဖို့ ဝန်မလေးတတ်ပါဘူး။ ခရက်ဒစ်