ကိုဗစ်​ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဆိုင်ဝန်ထမ်းများအားလုံးကို အပြည့်အဝ တာဝန်ယူပါတယ်​ဆိုတဲ့အကြောင်း ပြောကြားလိုက်​သော အောင်သမာဓိ ရွှေဆိုင်ပိုင်​ရှင်​ ဦး​အောင်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ရောဂါပိုးတွေ့တဲ့ ဆိုင်ဝန်ထမ်းများကို အပြည့်ဝ တာဝန်ယူပေးမဲ့အကြောင်း ပြောကြားလိုက်တဲ့ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်။ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အောင်သမာဓိ ရွှေဆိုင်မှ
ဝန်ထမ်း များထံမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရတယ် ဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက ပြောကြားထားပါတယ်။ ရန်ကုန်က ဝန်ထမ်းတဦး ဖျားတာကစလို့
ကိုဗစ်သံသယကြောင့် ဆိုင်ပိတ်လိုက်ပါတယ်။ နောက်ထပ် (၇) ဦးထပ်ပြီးတော့ ဖျားပါတယ်၊ အဲဒီသူတွေကိုလည်း ကျန်း မာရေးဌာနကို အကြောင်းကြားပြီး ဟော်တယ်မှာ Q ထားပေးပါတယ်။
Q ဝင်ပြီး (၃/၄)ရက်လောက်နေတော့ အနံ့ပျောက်သူတွေရှိလာလို့ ဆေးစစ်လိုက်တော့ Positive ဖြစ်နေလို့ သူတို့အားလုံးကို ဆေးရုံတင်ပေထားလိုက်ပါပြီ။ သူတို့နဲ့ ဆက်စပ်သူတွေကိုလည်း သီးခြားခွဲနေခိုင်းခဲ့ပါတယ်။
ကျန်းမာရေးဌာနနဲ့ တိုင်ပင်အကူညီတောင်းပြီးတော့ လူစာရင်းတွေပေးပြီး ခွင့်ပြုချက်အရ ရန်ကုန်မှ ဝန်ထမ်းအားလုံးကို Q ဝင်ဘို့စီစဉ်ခဲ့ပါတယ်။” လို့ ဦးအောင်ဆန်းဝင်းက ဆိုပါတယ်။ လက်ရှိမှာ ကိုဗစ်လူနာများနဲ့ ဆက်စပ်သူ
တစ်ရာနီပါး နေထိုင်ဖို့ ရွှေပြည်သာမှာရှိတဲ့ ဇေတဝန်ရွှေကျောင်းက အောင်သမာဓိ ဓမ္မာရုံရှိတဲ့နေရာမှ ထူးကြီးဆရာတော်ရဲ့ မေတ္တာခံယူပြီး ခွင့်ပြုချက်ရ အမျိုးသမီးဆောင်နဲ့ အမျိုးသားဆောင်များမှာ Q ဝင်ထားဖို့
အားလုံးစီစဉ်ပြီးပြီလို့ သိရပါတယ်။ အဆိုပါ ဝန်ထမ်းများ စားသောက်ရေးအတွက်ကိုလည်း ပါဆယ်မှာထားပြီး အလုံးစုံကုန်ကြစရိတ်ကို အောင်သမာဓိကပဲ တာဝန်ယူပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အောင်သမာဓိ ရွှေဆိုင်ရဲ့ ဆိုင်ခွဲအားလုံးကိုလဲ စက်တင်ဘာလ ၁၂ရက်နေ့ကထဲက စတင်ပြီး ခေတ္တပိတ်ထားခဲ့တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုတာ့ ပြန်လည်းအကြောင်းကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရက်ဒစ်