ယခုလက္​တ​ေလာမွာ ေျပတီဦးပညာေရးေဖာင္ေဒးရွင္းနဲ႔ပတ္သက္ၿပီး​ေတာ့ ပ်ံ႕ႏွံ႔ေနတဲ့ေကာလဟာလတခ်ိဳ႕အေပၚကုိ သတိေပးခ်က္ထုတ္လိုက္တဲ့ ေျပတီဦး

ပရိသတ္ႀကီးေရ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း မင္းသားေတြထဲက တစ္ေယာက္ျဖစ္သူ ေျပတီဦးကိုေတာ့ အထူးအေထြမိတ္ဆက္ေပးစရာလိုမယ္ မထင္ပါဘူးေနာ္။ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူ ေျပတီဦးကေတာ့ အကယ္ဒမီ႐ုပ္ရွင္

ထူးခြၽန္ဆုေတြ ကိုလည္း သိမ္းပိုက္ရရွိထားသူျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကိုလည္း ရရွိေနသူပဲျဖစ္ပါတယ္။ ေပ်ာ္႐ႊင္သာယာတဲ့ မိသားစုဘဝေလးကို ဇနီးသည္ အိျႏၵာေက်ာ္ဇင္နဲ႔အတူ တည္ေဆာက္ထားၿပီး သားတစ္ေယာက္ သမီးတစ္ေယာက္

ပိုင္ဆိုင္ထားသူေတြပဲ ျဖစ္ပါတယ္။ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ကေတာ့ သူတို႔ရဲ႕ မဂၤလာေဆာင္ကို တခမ္းတနား (၇)ရက္ဆက္တိုက္ က်င္းပခဲ့ၿပီး ရရွိခဲ့တဲ့ မဂၤလာေဆာင္လက္ဖြဲ႕မ်ားနဲ႔ မတည္ကာ ေျပတီဦးပညာေရး ေဖာင္ေဒးရွင္းကို စတင္တည္ေထာင္ခဲ့ၾကတာပါ။

ဒီေန႔ စက္တင္ဘာလ ၂၁ ရက္ေန႔မွာေတာ့ ေျပတီဦးက သူတို႔ရဲ႕ ေျပတီဦးပညာေရးေဖာင္ေဒးရွင္းကေန ေခ်းေငြေတြ ေခ်းေပးေနတယ္ဆိုတဲ့ ေကာလဟာလသတင္းေတြအေပၚ အသိေပးေၾကျငာခ်က္ကို “တတ္ႏိုင္သေလာက္ share ေပးၾကပါခင္ဗ်ာ”

ဆိုၿပီး သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။ ေျပတီဦးကေတာ့ မဟုတ္မမွန္တဲ့ သတင္းေတြ ပ်ံ႕ႏွံ႔ေနတာမ်ိဳးကို မဟုတ္မမွန္ေၾကာင္း တရားဝင္ သတိေပးစာ တင္ၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။ ပရိသတ္ႀကီးလည္း ေျပတီဦး

ပညာေရးေဖာင္ေဒးရွင္းမွ တရားဝင္ထုတ္ျပန္တဲ့ သတိေပးစာ ေလးကို အမ်ားသိေအာင္ မ်ားမ်ား Share ေပးလိုက္ၾကပါဦးေနာ္။ ဖတ္ရႈေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္႐ႊင္သာယာတဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသားတွေထဲက တစ်ယောက်ဖြစ်သူ ပြေတီဦးကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူးနော်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ ပြေတီဦးကတော့ အကယ်ဒမီရုပ်ရှင်

ထူးချွန်ဆုတွေ ကိုလည်း သိမ်းပိုက်ရရှိထားသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း ရရှိနေသူပဲဖြစ်ပါတယ်။ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ဇနီးသည် အိန္ဒြာကျော်ဇင်နဲ့အတူ တည်ဆောက်ထားပြီး သားတစ်ယောက် သမီးတစ်ယောက်

ပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကတော့ သူတို့ရဲ့ မင်္ဂလာဆောင်ကို တခမ်းတနား (၇)ရက်ဆက်တိုက် ကျင်းပခဲ့ပြီး ရရှိခဲ့တဲ့ မင်္ဂလာဆောင်လက်ဖွဲ့များနဲ့ မတည်ကာ ပြေတီဦးပညာရေး ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့ကြတာပါ။

ဒီနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ပြေတီဦးက သူတို့ရဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ ချေးငွေတွေ ချေးပေးနေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေအပေါ် အသိပေးကြေငြာချက်ကို “တတ်နိုင်သလောက် share ပေးကြပါခင်ဗျာ”

ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ ပြေတီဦးကတော့ မဟုတ်မမှန်တဲ့ သတင်းတွေ ပျံ့နှံ့နေတာမျိုးကို မဟုတ်မမှန်ကြောင်း တရားဝင် သတိပေးစာ တင်ပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ပြေတီဦး

ပညာရေးဖောင်ဒေးရှင်းမှ တရားဝင်ထုတ်ပြန်တဲ့ သတိပေးစာ လေးကို အများသိအောင် များများ Share ပေးလိုက်ကြပါဦးနော်။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။