Stay Home ဘယ်ကစသလဲဆိုတာကို အသေအချာရှင်းပြလိုက်​သော ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့ရဲ့ အခွီဗီဒီယို







ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေအတွက် အွန်လိုင်းပေါ်ကနေ Stay Home ဘယ်ကစလဲ အသေအချာရှင်းပြလိုက်တဲ့ ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့ရဲ့ အခွီဗီဒီယို။ ပရိတ်သတ်တွေချစ်ကြတဲ့ ဒါရိုက်တာကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့ကတော့ အောင်မြင်မှုတွေ ကိုယ်စီဖြင့် အနုပညာ

လောကကို အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူတွေပဲဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက်ကတော့ သရုပ်ဆောင်အပြင် မြန်မာ့ရုပ်ရှင်လောကကို တစ်ထောင့်တစ်နေရာကနေ တိုးတက်အောင် အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ကို သဘာဝကျကျ သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီဆုကို ရရှိခဲ့တာဖြစ်ပါတယ်၊ ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့နှစ်ယောက်ကတော့ သာယာပျော်ရွှင်စရာကောင်းလောက်တဲ့ မိသားစုဘဝတွေကို

ရရှိပိုင်ဆိုင်ထားတဲ့ သူတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကို အထူးဝါသနာကြီးတဲ့သူတွေ ဖြစ်တာကြောင့် မကြာခဏဆိုသလို tik tok ဗီဒီယိုလေးတွေ ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင် ကိုပေါက်က ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့အတွက် ဟာသဗီဒီယို

လေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးဟာ ကျော်ကျော်ဗိုလ်နဲ့ ကိုပေါက်တို့နှစ်ယောက်က အွန်လိုင်းပေါ်ကနေ Stay Home ပေါ်လာပုံလေးကို ရှင်းခန်းထုတ်ခဲ့တဲ့ အခွီဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ယောက်သား အတွဲညီညီနဲ့ သဘာဝကျကျ ပြောဆိုထားတဲ့

ဒီဗီဒီယိုလေးကို ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားမယ်လို့ မျှော်လင့်မိပါတယ်၊ ကဲ ချစ်ပရိသတ်တွေရေ တစ်နေ့တာရဲ့ အချိန်တွေကို ရယ်စရာလေးတွေနဲ့ ဖြတ်သန်းရအောင် ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့ရဲ့ ဟာသဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။