သြားေလသူ ဖိုးဖိုးႀကီးအတြက္ရည္စူးၿပီး​ေတာ့ က်န္ရစ္သူမိသားစုမ်ားနဲ႔အတူ ေငြသိန္းဆယ္ႏွင့္ခ်ီၿပီး အလႉအတန္းေတြျပဳလုပ္​ေပးခဲ့တဲ့ ေအးျမျဖဴ

သီခ်င္းဆိုေကာင္းသလို ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကိုလည္း ပိုင္ဆိုင္ထားတဲ့ ေအးျမျဖဴကေတာ့ လက္ရွိမွာ သူမဝါသနာပါရာ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိလို႔ေနၿပီပဲ ျဖစ္ပါတယ္။ ေအးျမျဖဴက အဆိုေတာ္တစ္ေယာက္အျဖစ္လည္း သီခ်င္းေတြကို ထြက္ရွိခဲ့ၿပီးျဖစ္သလို၊

သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ႐ုပ္ရွင္ဇာတ္ကားႀကီး (၂) ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ အ႐ြယ္နဲ႔မလိုက္ေအာင္ ေအာင္ျမင္မႈေတြရရွိေနတဲ့ ေအးျမျဖဴက ၿပီးခဲ့တဲ့ရက္ပိုင္းက သူမရဲ႕လူမႈေရးကိစၥနဲ႔ပက္သတ္ၿပီး ေကာလဟာလေတြထြက္ရွိခဲ့သလို သူမအခ်စ္ဆုံး

အဖိုးျဖစ္သူကလည္း ကြယ္လြန္သြားခဲ့တာမို႔ ေတာ္ေတာ္ေလး စိတ္ထိခိုက္ ဝမ္းနည္းခဲ့ရတာပဲ ျဖစ္ပါတယ္။ စက္တင္ဘာလ ၁၉ ရက္ေန႔မွာေတာ့ ေအးျမျဖဴက “ဖိုးဖိုးႀကီးဦးျမင့္သိန္း (၈၃ ႏွစ္) အား ရည္စူး၍ က်န္ရစ္သူမိသားစုတို႔မွ ရက္လည္ကုသိုလ္အျဖစ္ကိုဗစ္ေရာဂါ ကာကြယ္ေရး

အတြက္ ၁၁ သိန္းက်ပ္၊ သကၤန္းကြၽန္းစံျပေဆး႐ုံသို႔ ေဆး႐ုံသုံးကုတင္ႏွင့္ အလႉေငြ ၂ သိန္းက်ပ္၊ မတၱရာဆရာေတာ္မွတဆင့္ လိုအပ္သည့္ေနရာမ်ားကို လႉဒါန္းႏိုင္ရန္ ၃ သိန္းက်ပ္လႉဒါန္းၿပီး ကုသိုလ္ေကာင္းမႈမ်ားျပဳလုပ္ခဲ့ပါတယ္။ တရားနာဖိတ္ၾကားကာ ေရစက္သြန္းခ်၍ ဖိုးဖိုးႀကီး

ဦးျမင့္သိန္း အား အမွ်ေပးေဝၾကပါတယ္။ ဖိုးဖိုးႀကီး ျမင္ၾကားသိ၍ သာဓုေခၚဆိုႏိုင္ပါေစ” ဆိုၿပီး သူမတို႔မိသားစုရဲ႕ ကုသိုလ္ေလးကို မွ်ေဝေပးထားပါတယ္။ ေအးျမျဖဴကေတာ့ ကြယ္လြန္သြားရွာသူ ဖိုးဖိုးႀကီးအတြက္ရည္စူးၿပီး က်န္ရစ္သူမိသားစုမ်ားနဲ႔ အတူတူ ေငြက်ပ္ ၁၆ သိန္းေက်ာ္ဖိုး

လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ေအးျမျဖဴရဲ႕ ဖိုးဖိုးႀကီးလည္း ေကာင္းရာဘုံဘဝကေန ဝမ္းေျမာက္စြာ သာဓုေခၚဆိုေနမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစ လို႔ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

သီချင်းဆိုကောင်းသလို ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ အေးမြဖြူကတော့ လက်ရှိမှာ သူမဝါသနာပါရာ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ အေးမြဖြူက အဆိုတော်တစ်ယောက်အဖြစ်လည်း သီချင်းတွေကို ထွက်ရှိခဲ့ပြီးဖြစ်သလို၊

သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေရရှိနေတဲ့ အေးမြဖြူက ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့လူမှုရေးကိစ္စနဲ့ပက်သတ်ပြီး ကောလဟာလတွေထွက်ရှိခဲ့သလို သူမအချစ်ဆုံး

အဖိုးဖြစ်သူကလည်း ကွယ်လွန်သွားခဲ့တာမို့ တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းခဲ့ရတာပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ အေးမြဖြူက “ဖိုးဖိုးကြီးဦးမြင့်သိန်း (၈၃ နှစ်) အား ရည်စူး၍ ကျန်ရစ်သူမိသားစုတို့မှ ရက်လည်ကုသိုလ်အဖြစ်ကိုဗစ်ရောဂါ ကာကွယ်ရေး

အတွက် ၁၁ သိန်းကျပ်၊ သင်္ကန်းကျွန်းစံပြဆေးရုံသို့ ဆေးရုံသုံးကုတင်နှင့် အလှူငွေ ၂ သိန်းကျပ်၊ မတ္တရာဆရာတော်မှတဆင့် လိုအပ်သည့်နေရာများကို လှူဒါန်းနိုင်ရန် ၃ သိန်းကျပ်လှူဒါန်းပြီး ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ပါတယ်။ တရားနာဖိတ်ကြားကာ ရေစက်သွန်းချ၍ ဖိုးဖိုးကြီး

ဦးမြင့်သိန်း အား အမျှပေးဝေကြပါတယ်။ ဖိုးဖိုးကြီး မြင်ကြားသိ၍ သာဓုခေါ်ဆိုနိုင်ပါစေ” ဆိုပြီး သူမတို့မိသားစုရဲ့ ကုသိုလ်လေးကို မျှဝေပေးထားပါတယ်။ အေးမြဖြူကတော့ ကွယ်လွန်သွားရှာသူ ဖိုးဖိုးကြီးအတွက်ရည်စူးပြီး ကျန်ရစ်သူမိသားစုများနဲ့ အတူတူ ငွေကျပ် ၁၆ သိန်းကျော်ဖိုး

လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ အေးမြဖြူရဲ့ ဖိုးဖိုးကြီးလည်း ကောင်းရာဘုံဘဝကနေ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနေမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။