ပြည်သူအများကိုဖုံးကွယ်ထားခဲ့တဲ့ ဗဟိုစည်ဆေးရုံကြောင့် ၂၀ ရက်နေ့ညက သွေးပျက်ခဲ့ရတဲ့ လမ်းမတော်မြို့နယ်
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဗဟိုစည်ဆေးရုံရဲ့ ကောင်းမှုကျေးဇူးမေတ္တာတော်တွေကြောင့် လမ်းမတော်မှာ ဒီည ၉ နာရီကျော်ကစပြီးလမ်းတွေအစုံနီးပါးဆိုသလောက် ၅လမ်း ၆လမ်း ၈လမ်း ၉လမ်း ၁၄လမ်း ဝါးတန်းလမ်း(လက်ရှိ သိထားသလောက်လမ်းတွေပါ)
လူနာတင်ကား ၈ စီးနဲ့ Positive လူနာ ထိတွေ့မှုကြောင့် Q ဝင်ဖို့ လိုက်ခေါ်နေတဲ့ မြင်ကွင်းပါသူတို့ရဲ့ အတ္တဆိုးကျိုးတွေရဲ့ ရလဒ်က လမ်းမတော်မြို့နယ်က ပြည်သူတွေ အားလုံးရင်စီးခံပြီး ကြောက်လန့်နေရရှာပါပြီ။
လမ်းမတော်မြို့နယ်လေးက ကျဉ်းပါတယ်။ အခုဆို ဗဟိုစည်ဆေးရုံကြောင့် ကိုဗစ်လူနာပေါင်း ၈၀ တောင်ကျော်သွားပါပြီ။ သူတို့သာ ဆေးရုံက သူတို့ဝန်ထမ်းတွေမှာ ပိုးစတွေ့တာသိတဲ့နေ့ထဲက မဖုံးကွယ်ထားခဲ့ပဲ
တာဝန်သိစိတ်နဲ့ လော့ဒေါင်း လုပ်ပေးခဲ့ရင် အခြေနေတွေ ဒီလောက်ဆိုးရွားလာမှာ မဟုတ်ဘူး၊ ခုတော့ အထူးကုဆေးရုံကြီးဖြစ်နေပြီး လူတွေရဲ့ကျန်းမာရေးနဲ့ အသက်တွေကိုမှအားမနာပဲ ၂ ရက်တိတိ ဖုံးကွယ်ပြီး
ဆက်ဖွင့်ထားခဲ့တယ်၊ ဒါတောင် သူများဖော်လိုက်လို့ပေါ်သွားပြီး လော့ဒေါင်းလုပ်လိုက်ရတာနော် သူတို့ရဲ့ အသိစိတ်ကြောင့်လုပ်ပေးခဲ့တာလုံးဝမဟုတ်ပါဗဟိုစည်ရဲ့ သက်ဆိုင်ရာတာဝန်ရှိသူ သူဋ္ဌေးရဲ့
လူသားမဆန်တဲ့ စိတ်ဓာတ်နဲ့လုပ်ရက်ကို လုံးဝရှုံ့ချပါတယ်။ပြီးတေ့ာ အင်မတန်ရွံရှာ စက်ဆုပ်မိပါတယ်။ တကယ်ပါ ကိုယ့်မိဘ မိသားစုအတွက်တကယ်စိတ်ပူနေရတဲ့ ရင်ထဲက ပူလောင်မှုတွေကြောင့်မျက်ရည်ပါ ကျရတယ်။