လှိုင်မြို့နယ်​မှာရှိ​သော Q စင်တာမှာ အသင့်စားလို့ရတဲ့ဝက်အူချောင်းတွေလှူ​ပေးဖို့ ကိုယ်တိုင်ပြင်ဆင်နေတဲ့ စီနွန်







ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းဆိုလည်းရက်ရောပြီးမကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စီနွန်ကိုတော့ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့

ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်လျက်ရှိပါတယ်။လက်ရှိမှာလည်းရန်ကုန်မှာရှိတဲ့ Q စင်တာတွေထဲကမှ လှိုင်မှာရှိတဲ့ Q စင်တာဆောင်တစ်ဆောင်ကို အသင့်စား

ဝက်အူချောင်းတွေပေးပို့လှူဒါန်းသွားမယ်လို့သိရပါတယ်။ဒီရောဂါနဲ့ပတ်သက်ပြီးတော့စီနွန်က လူတစ်ဦးနဲ့တစ်ဦးပိုပီးတော့ဂရုစိုက်ပေးရမယ် ပိုပီး ကြင်နာသနားပေးရမယ် ဆိုတာကို သိလိုက်ရတယ် လို့ပြောပြခဲ့ပါတယ်။

အဲဒီအကြောင်းလေးကိုတော့”ရန်ကုန်မှာရှိတဲ့ Q အဆောင်တွေထဲကမှ လှိုင်မှာရှိတဲ့ Q အဆောင်တစ်ဆောင်ကို ကျတော်တို့ ဒီနေ့ အသင့်စားဝက်အူချောင်းတွေ ပေးဝေဖို့စီစဉ်နေပါတယ်။ ဒီကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ

ကျတော်သိလိုက်ရတာကလူတစ်ဦးနဲ့တစ်ဦး ပိုပီးတော့ဂရုစိုက်ပေးရမယ် ပိုပီးတော့ကြင်နာသနားပေးရမယ်။ ဘာတွေဘဲဖြစ်နေပါစေတစ်ယောက်ကိုတစ်ယောက်ကူညီဖေးမပေးရမယ်ဆိုတာပါဘဲ ကိုဗစ်ရောဂါကပ်ဘေးကြီးမှာ

ကျတော်တို့အားလုံးဟာတစ်ယောက်တည်းပါဘဲ။ အဆုံးထိတိုက်ထုတ်လိုက်ကြရအောင် ဒီကပ်ရောဂါကြီးမပီးမချင်း!”ဆိုပြီး အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။