ကိုဗစ္​​ေရာဂါလူနာမ်ားကုိလက္ခံကုသမည့္ ဧရာဝတီစင္တာအတြက္ မက္စ္ျမန္မာအုပ္စုက ေငြက်ပ္ သိန္းတ​ေသာင္​း မ,တည္ၿပီးလွူဒါန္းခဲ့

ရန္ကုန္ၿမိဳ့၊ သဃၤန္းကၽြန္းၿမိဳ့နယ္၊ သုဝဏၰေဘာလုံးအ ကယ္ဒမီေက်ာင္း၊ ျမက္ခင္းတု အားကစားကြင္းရွိ Covid-19 လူနာမ်ားကို

လက္ခံကုသေပးမည့္ ဧရာဝတီ စင္တာအတြက္မက္စ္ျမန္မာအုပ္စုကေငြက်ပ္ သိန္း (၁၀၀၀၀) မတည္လွူဒါန္းခဲ့ေၾကာင္း သိရသည္။

ဧရာဝတီ ေဖာင္ေဒးရွင္းက အဓိက ပံ့ပိုးကူညီ ဦးေဆာင္မွုျဖင့္ ဧရာဝတီ စင္တာ၏ အေဆာက္အဦႏွင့္ Infrastructure မ်ား၊ ေဆးဝါးမ်ား၊

အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္ အျခား လိုအပ္သည္မ်ားအတြက္ AYA Bank၊ AYA SOMPO Insurance ႏွင့္ မက္စ္ျမန္မာ အုပ္စုမွ

လွူဒါန္းခဲ့ျခင္းျဖစ္သည္။ အဆုိပါစင္တာတြင္ COVID-19 အတည္ျပဳလူနာမ်ား၊ လူနာမ်ားႏွင့္ ထိေတြ႕ဆက္စပ္သည့္ သူမ်ားအား အသြားအလာ

ကန္႔သတ္ ေစာင့္ၾကပ္ၾကည့္ရွု ထားရွိနိုင္ရန္ျပင္ဆင္ထားျခင္း ျဖစ္ၿပီး လူနာ (၄၀၀)ေက်ာ္ လက္ခံနိုင္ရန္အတြက္ စီစဥ္ထားေၾကာင္း သိရသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးအ ကယ်ဒမီကျောင်း၊ မြက်ခင်းတု အားကစားကွင်းရှိ Covid-19 လူနာများကို

လက်ခံကုသပေးမည့် ဧရာဝတီ စင်တာအတွက်မက်စ်မြန်မာအုပ်စုကငွေကျပ် သိန်း (၁၀၀၀၀) မတည်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ဧရာဝတီ စင်တာ၏ အဆောက်အဦနှင့် Infrastructure များ၊ ဆေးဝါးများ၊

အသုံးအဆောင် ပစ္စည်းများနှင့် အခြား လိုအပ်သည်များအတွက် AYA Bank၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာ အုပ်စုမှ

လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါစင်တာတွင် COVID-19 အတည်ပြုလူနာများ၊ လူနာများနှင့် ထိတွေ့ဆက်စပ်သည့် သူများအား အသွားအလာ

ကန့်သတ် စောင့်ကြပ်ကြည့်ရှု ထားရှိနိုင်ရန်ပြင်ဆင်ထားခြင်း ဖြစ်ပြီး လူနာ (၄၀၀)ကျော် လက်ခံနိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။