သက်ဆိုင်ရာမှ အထက်လူကြီးများ သိဖို့ပါ၊ လှိုင်သာယာက Q စင်တာမှာတဲ့ဗျာ (အပြစ်တင်တာ မဟုတ်ပါ)
ယူနီကုဒ်ဖြင့်ဖတ်ရန်
လှိုင်သာယာ အ.ထ.က ၁ Q စင်တာ ပြင်ဆင်ထားပုံပါ။ စာရေးခုံနှစ်ခုံပဲ ချပေးထားတယ်။ လျှပ်စစ်ပလပ်ပေါက်မရှိ။ အိမ်သာက အများသုံး။
မိသားစုအိမ်ကို lockdown လုပ်ထားတာမှ ပိုစိတ်ချရသေးတယ်။ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးမရှိ၊ နေ့ခင်းကြောင်တောင်တောင် ခြင်အတော်ကိုက်နေတယ် သိရပါတယ်။
အစားအစာနဲ့ရေ ပိုဆိုးနိုင်ခြေရှိ ဒီအခြေအနေကို သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ဘယ်လိုဖြတ်သန်းမလဲ။
သက်ဆိုင်ရာ ဆေးရုံအုပ်တွေ ရပ်ကွက်ဥက္ကဠ၊ ရာအိမ်မှုးတွေကို ဆက်သွယ်ထားတဲ့ အသံဖိုင်မှတ်တမ်းတွေ ရှိပါတယ်။
ဘယ်သူမှ ဒီအခြေအနေကို မသိကြဘူး အံ့ဩစရာပါ။ အများနဲ့မို့ နိုင်ငံတော်ကမဖြည့်ဆည်းနိုင်တာကို လက်ခံလို့ရပါတယ်။
ဒါပေမယ့် ဘာတွေလိုအပ်တယ်၊ ယူခဲ့ပါဆိုတာမျိုးတော့ မှာသင့်တယ်ထင်ပါတယ်။ သက်ဆိုင်ရာ MOHS မှ အကြီးအကဲများ Updated သတင်းများ ဆက်လက်ပေးပို့နေပါမည်။