ယခုကျ​ရောက်​​နေ​သောကိုဗစ်ကာလကြီးမှာ တကယ့်အ​ရေးကြီးအသုံးအဝင်ဆုံး​သော အလှူကြီးတစ်ခုကို ထပ်မံပြုလုပ်ခဲ့တဲ့ စမိုင်းလ်တို့မိသားစု







ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသမီးချော စမိုင်းလ်ကတော့ ချစ်ရတဲ့သမီးချောလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စမိုင်းလ်က အလှူအတန်းနဲ့ပတ်သက်ရင်လည်း ရက်ရက်ရောရောရှိပြီး စေတနာထက်သန်စွာ မကြာခဏဆိုသလို လှူဒါန်းလေ့ရှိတာလည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ လက်ရှိမှာဆိုရင်လည်း အလှူအတန်းတွေကို တတ်နိုင်သလောက်အများအပြားလုပ်ဆောင်နေတာဖြစ်ပါတယ်။

အခုလည်း အသက်ရူရခက်ပြီး အောက်စီဂျင်လိုအပ်နေတဲ့ လူနာတွေအတွက် အောက်စီဂျင်စက် (၁၀ ) လုံးကို ထပ်မံလှူဒါန်းခဲ့ကြောင်းသိရှိပါတယ်။

တကယ်ကိုလေးစားအားကျမိပြီး ကြည်နူးပီတိဖြစ်မိတာအမှန်ပဲဖြစ်တာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။