ယနေ့မှာကျ​​ရောက်​​သော မြန်မာအိုက်ဒေါပြိုင်ပွဲဝင်ဟောင်း ချမ်းမြေ့မောင်ချိုရဲ့​မွေး​နေ့​လေးအတွက်​ ဆု​တောင်းစကား​လေးများ​ပြောခဲ့​ပေးကြပါဦး







ယူနီကုဒ်ဖြင့်ဖတ်ရန်

ပြီးခဲ့တဲ့ မြန်မာအိုက်ဒေါ Season 4 ဟာ အရင်နှစ်တွေတုန်းကလိုပဲ ပရိသတ်တွေ စိတ်ဝင်စားမှုခံရတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ ပြိုင်ပွဲဝင်တွေ အားလုံးဟာ ကိုယ်စီမှာရှိကြတဲ့ အသံစွမ်းရည်

တွေကို အပြိုင်အဆိုင် ပြကြရတာဖြစ်ပြီး ပရိသတ်တွေကလည်း တခဲနက် အားပေးကြပါတယ်။ ဒီပြိုင်ပွဲရဲ့ Final ကတော့ လူစိတ်အဝင်စားခံရဆုံး Season တစ်ခုဖြစ်ခဲ့ပါတယ်။

ဒီနောက်ဆုံး Final ထိ တက်လှမ်းနိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာဆိုရင် အသက်ငယ်ပေမယ့် သူမရဲ့ဂီတအရည်အသွေးကို အပြည့်အဝ ထုတ်ပြနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် Final ပွဲမှာ လာရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေမယ့် ပွဲအပြီးမှာတော့ သူမရဲ့ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ပရိသတ်တွေဆီ ချပြနိုင်ခဲ့ပါတယ်။

ဒီနေ့ဟာတော့ ချမ်းမြေ့မောင်ချိုရဲ့ အသက် ၂၁ ပြည့်မွေးနေ့လေးဖြစ်ပြီး ချစ်ခင်ရသူတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်း စကားလေးတွေ ပြောပေးခဲ့ကြပါတယ်။

Happy Birthday ပါ မောင်ချိုရေ ဒီနှစ်မွေးနေ့ကစပြီး ကိုယ်လုပ်ချင်သမျှ အရာတွေ အကောင်အထည်ပေါ်ပြီး အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေ။