ဝါရင့်​ဇာတ်ပို့သရုပ်ဆောင်ဖြစ်​​သော ဦးတင်အေးအတွက် ကျောက်ကပ်ခွဲစိတ်ဖို့ အလှူငွေများ လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောလေးကတော့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်နော်။ အချိန်တိုအတွင်း အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဖြူဖြူထွေးဟာ
အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့ သူမရဲ့စိတ်ထားစေတနာလေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာပါ။ အလှူလေးတွေ အမြဲပြုလုပ်တတ်တဲ့ ဖြူဖြူထွေးဟာ အခုတစ်ခါမှာလည်း
ကျောက်ကပ်ခွဲစိတ်ကုသမှုခံယူရမယ့် ဇာတ်ပို့သရုပ်ဆောင်အတွက် အလှူငွေတွေ လှူဒါန်းခဲ့ပြန်ပါတယ်နော်။ ကျောက်ကပ်ခွဲစိတ်မှုပြုလုပ်ရမယ့် ဇာတ်ပို့သရုပ်ဆောင် ဦးတင်အေးအတွက် အလှူငွေ(၂)သိန်းကျပ် တိတိကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး
သူမရဲ့လှူလေးကိုတော့ ဦးဝင်းမြိုင်က ပြန်လည်မျှဝေပြောပြထားတာပါ။”ကျောက်ကပ် ခွဲစိတ်ကုသမှုခံယူရမည့် ဇာတ်ပို့သရုပ်ဆောင် ဦးတင်အေး အတွက် သရုပ်ဆောင်ဖြူဖြူထွေးမှ အလှူငွေ ၂၀၀,၀၀၀/ ပေးပို့လှူဒါန်းပါသည်။
သာဓု သာဓု သာဓု”ပါဆိုပြီး ဦးဝင်းမြိုင်က ပြောပြထားတာပါ။ ပရိသတ်တွေကလည်း အလှူရေစက်လက်နဲ့မကွာ အမြဲတမ်းလှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတဲ့ ဖြူဖြူထွေးရဲ့အလှူလေးကိုလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်။ ခရက်ဒစ်