လက်ရှိမှာပြင်းထန်လာ​​သော ကိုဗစ်ရောဂါဖြင့်ကွယ်လွန်သွားတဲ့ ဗဟိုစည်ဆေးရုံမှအချိန်ပိုင်း သူနာပြုဆရာမလေး






ယူနီကုဒ်ဖြင့်ဖတ်ရန်

RIP ပါ မခင်မျိုးသူ အသက်၂၃ စီးပွားစီမံ တတိယနှစ် ဗဟိုလ်စည်ဆေးရုံမှာ သူနာပြုအကူတာဝန် ထမ်းဆောင်ရင်း ကိုရိုနာ ဗိုင်းရပ်ပိုး ကူးစက်ခံရမှုကြောင့် ဆေးကုသမှု ခံယူနေရင်း

ဒီနေ့မနက် ၁၀.၄၀ က ဆုံးသွားပါပြီ။ ဧရာဝတီတိုင်း ပန်းတနော်သူလေးပါ ကိုဗစ်က အရမ်းကြောက်စရာကောင်းလာပြီ ကြီးတာငယ်တာ မရွေးတော့ဘူး ဂရုစိုက်ကြပါဗျာ။

တကယ်ဆို ဒီအရွယ်ဆိုတာ ဟာ ခုခံအား ကောင်းတဲ့ အရွယ်ပါ ဒီလို ခုခံအားကောင်းတဲ့ အရွယ်တောင်မှ ဒီရောဂါဆိုကြီး က အသက်ယူသွားတယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။

အဓိက က သက်ကြီး ရွယ်အိုတွေနဲ့ ကလေး တွေကို အထူး ဂရုစိုက်ရမှာပါ။ အဲ့ဒိ အရွယ်တွေ ဆိုတာ ခုခံ အား လျှော့နည်းတဲ့ အချိန်ဖြစ်တဲ့ အတွက် အထူး ဂရုစိုက်သင့်ပါတယ်။

ဒီရောဂါဆိုးကြီး ဒီကမ္ဘာမြေပေါ်က အမြန်ဆုံး ထွက်သွားပါစေ လို့ ဆုတောင်းရင်း မြန်မာနိုင်ငံသူ နိင်ငံသားအားလုံး ကျန်းမာ ချမ်းသာပြီး ရောဂါဘယများလဲ ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။