သူမရဲ့ကိုယ်​တိုင်​လုပ်​ပစ္စည်းလေးတွေ စရောင်းဖြစ်ခဲ့တုန်းက အခက်အခဲလေးတွေကို ပရိသတ်တွေထံမျှဝေပေးလာခဲ့တဲ့ အေသင်ချိုဆွေ
ယူနီကုဒ်ဖြင့်ဖတ်ရန်
နာမည်ကျော်အဆိုတော်မလေး အေသင်ချိုဆွေကိုတော့ ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ အေသင်ချိုဆွေရဲ့ ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေလျက် ရှိပါတယ်။ သူမဟာဆိုရင် ကိုဗစ်ကာလအတွင်း
aဖျာ်ဖြေရေးပွဲတွေရပ်နားချိန်မှာ ကိုယ်ပိုင်စီးပွားရေးလေးပြုလုပ်ခဲ့ကြောင်းလေးကို” Athen’s Plants ရဲ့ အရင်းကအိမ်မှာရှိတဲ့ အဒေါ်လက်ဆောင်ပေးထားတဲ့ Snake Plant လေးတွေကို မားသားရဲ့ ကော်ဖီခွက်တွေကို အပေါက်ဖောက်လှလှလေးပြန်လုပ်ပီး ရောင်းရာကနေစခဲ့တယ်။
အဲ့ဒီကနေရောင်းလို့ရတာလေးနဲ့ အပင်လက်ကားပေးတဲ့ ဆိုင်လေးမှာ သွားထပ်ဝယ်တယ်။ (ဆိုင်မှာအကြွေးတောင်ကျန်ခဲ့သေး) အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာ အကြွေးရှိတာပဲ ငါလည်းရှိမှာပေါ့ ဆိုပြီး နှစ်သိမ့်ရတယ်။ (အခုတော့ ဆပ်ပြီးပါပြီ)။ ပြီးတော့ ကျွန်မကိုကိုကလည်း
အပင်တပင်ရောင်းရင် ဘယ်လောက်မြတ်လဲတွက်ခိုင်းတယ်။ အဲ့ဒီရဲ့ (၃)ဆပေးမယ်တဲ့။ တပင်ရောင်းရတိုင်း သူဆီက (၃)ဆရတယ်။ (အခုမပေးခိုင်းတော့ဘူး)ဒီတိုင်းပေးလိုက်ရင် အလကားရတာဆိုပြီး တန်ဖိုးမထားမှာဆိုးလို့တဲ့။ (အဲ့လို supporting ကောင်းသူကြီး) အဲ့လိုကနေ
စလိုက်တာ အခုလိုလေးတွေ ဖြစ်လာတယ်ဆိုပါတော့ သူများလို အရေအတွက်အများကြီးမရောင်းနိုင်သေးပေမယ့် Banding လေးတခုတည်ဆောက်နိုင်အောင်ကြိုးစားနေပါတယ်။ စီးပွါးရေး အကြောင်း Branding အကြောင်း နားလည်လာတယ်။ Customer တွေနဲ့ စကားပြော
တတ်လာတယ်။ လူတွေဘာကြိုက်လဲဆိုတာ သိလာတယ်။ စိတ်ရှည်သည်းခံတတ်လာတယ်။ ဒါတွေကလည်း အမြတ်ပေါ့နော်”လို့ဆိုပြီး သူမရဲ့ Athen Plantလေး စလုပ်ခဲ့ဖြစ်တုန်းက အရာလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။