​ေဖ့စ္​ဘုတ္​​ေပၚမွာ Live လႊင့္ၿပီးေဈးေရာင္းေပးလို႔ရရွိလာ​ေသာ အႏုပညာေၾကးကို Q စင္တာမွ ေစတနာ့ဝန္ထမ္းေတြကို လႉဒါန္းသြားမယ့္ ေမလသံစဥ္

ကိုဗစ္နဲ႔ပတ္သက္ၿပီး အႏုပညာရွင္အသီးအသီးက မိမိတို႔တတ္အားသမွ် ပါဝင္ကူညီၿပီး လႉဒါန္းမႈေတြ ျပဳလုပ္လ်က္ရွိၿပီး လတ္တေလာမွာေတာ့ ပရိသတ္အခ်စ္ေတာ္ အဆိုေတာ္မေလး ေမလသံစဥ္ကလည္း တစ္ေထာင့္တစ္ေနရာက ပါဝင္လႈပ္ရွားလာခဲ့ပါတယ္။

Q စင္တာေတြမွာ Q အေရအတြက္နဲ႔ Volunteer အင္အားမမွ်တာ အခက္အခဲေတြျဖစ္ေနၾကတာ သတင္းေတြတက္လာေတာ့ ေမလ တစ္ေထာင့္တစ္ေနရာက ဘယ္လိုကူညီ ပံ့ပိုးေပးႏိုင္လဲလို႔ စဥ္းစားခဲ့တယ္လို႔ ပရိသတ္ေတြကို ေျပာျပလာခဲ့တာပါ။

ရန္ကုန္တစ္ၿမိဳ႕တည္းမွာ Q camp ၂၀ ေက်ာ္ရွိပါတယ္။ ႐ိုးမစင္တာလိုေနရာမ်ိဳး Q ၁၄၀၀ နီးပါးကို Volunteer ၃၀ ေက်ာ္နဲ႔လုပ္ေနရေတာ့ အရမ္းလည္း လူေရာစိတ္ပါ ပင္ပန္းေနၾကပါၿပီ။ ဒါေၾကာင့္ အင္အားေလးတစ္ခုအေနနဲ႔ ေမလ တတ္ႏိုင္တာေလး ပါဝင္ခ်င္ပါတယ္။

လို႔ သူမရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒီကိုဗစ္ကာလမွာ ဘာအလုပ္မွ မလုပ္ေတာ့ဖို႔ စိတ္ကူးပီးသားဆိုေပမယ့္ အႏၲရာယ္ကင္းကင္း Live လႊင့္ၿပီး ေဈးေရာင္းေပးဖို႔ အလုပ္အပ္သူေတြကိုေတာ့ အရင္ကလိုမျငင္းေတာ့ပဲ Live လႊင့္ေဈးေရာင္းလို႔

ရသမွ် အႏုပညာေၾကး အားလုံးကို Q Center အသီးသီးမွ ေစတနာ့ဝန္ထမ္း Volunteer မ်ားအတြက္ ကူညီပံ့ပိုးေပးသြားမယ္လို႔ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ေတးသံရွင္ ေအာင္ရင္ကလည္း ေမလသံစဥ္ရဲ႕ အလႉေလးကို သာဓု ေခၚဆိုထားတာေတြ႕ရၿပီး

သူမရဲ႕ ဖန္ေတြကလည္း ဒီအလႉေလးအတြက္ သေဘာတူၾကေၾကာင္း တူညီစြာ မွတ္ခ်က္ေပး အားေပးဝန္းရံေနၾကပါတယ္။ အခုလို အႏုပညာေၾကးေလးေတြနဲ႔ လႉဒါန္းမယ့္ ေမလသံစဥ္ေလးရဲ႕ အလႉေလးကို ပရိသတ္ေတြကလည္း ဝန္းရံေပးၾကပါဦးေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်နဲ့ပတ်သက်ပြီး အနုပညာရှင်အသီးအသီးက မိမိတို့တတ်အားသမျှ ပါဝင်ကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး လတ်တလောမှာတော့ ပရိသတ်အချစ်တော် အဆိုတော်မလေး မေလသံစဉ်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်လှုပ်ရှားလာခဲ့ပါတယ်။

Q စင်တာတွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာ အခက်အခဲတွေဖြစ်နေကြတာ သတင်းတွေတက်လာတော့ မေလ တစ်ထောင့်တစ်နေရာက ဘယ်လိုကူညီ ပံ့ပိုးပေးနိုင်လဲလို့ စဉ်းစားခဲ့တယ်လို့ ပရိသတ်တွေကို ပြောပြလာခဲ့တာပါ။

ရန်ကုန်တစ်မြို့တည်းမှာ Q camp ၂၀ ကျော်ရှိပါတယ်။ ရိုးမစင်တာလိုနေရာမျိုး Q ၁၄၀၀ နီးပါးကို Volunteer ၃၀ ကျော်နဲ့လုပ်နေရတော့ အရမ်းလည်း လူရောစိတ်ပါ ပင်ပန်းနေကြပါပြီ။ ဒါကြောင့် အင်အားလေးတစ်ခုအနေနဲ့ မေလ တတ်နိုင်တာလေး ပါဝင်ချင်ပါတယ်။

လို့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီကိုဗစ်ကာလမှာ ဘာအလုပ်မှ မလုပ်တော့ဖို့ စိတ်ကူးပီးသားဆိုပေမယ့် အန္တရာယ်ကင်းကင်း Live လွှင့်ပြီး ဈေးရောင်းပေးဖို့ အလုပ်အပ်သူတွေကိုတော့ အရင်ကလိုမငြင်းတော့ပဲ Live လွှင့်ဈေးရောင်းလို့

ရသမျှ အနုပညာကြေး အားလုံးကို Q Center အသီးသီးမှ စေတနာ့ဝန်ထမ်း Volunteer များအတွက် ကူညီပံ့ပိုးပေးသွားမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ တေးသံရှင် အောင်ရင်ကလည်း မေလသံစဉ်ရဲ့ အလှူလေးကို သာဓု ခေါ်ဆိုထားတာတွေ့ရပြီး

သူမရဲ့ ဖန်တွေကလည်း ဒီအလှူလေးအတွက် သဘောတူကြကြောင်း တူညီစွာ မှတ်ချက်ပေး အားပေးဝန်းရံနေကြပါတယ်။ အခုလို အနုပညာကြေးလေးတွေနဲ့ လှူဒါန်းမယ့် မေလသံစဉ်လေးရဲ့ အလှူလေးကို ပရိသတ်တွေကလည်း ဝန်းရံပေးကြပါဦးနော်။