လက္​တ​ေလာမွာ​ သူမရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ခံစားခ်က္ေတြကုိ ဖြင့္ဟလာခဲ့တဲ့ နီနီခင္ေဇာ္

နီနီခင္ေဇာ္ ေက တာ့ Melody World သီခ်င္းဆိုၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ရင္း ဂီတေလာကထဲကို ဝင္ေရာက္လာခဲ့သူပါ။ အခုဆို ရင္ေတာ့ သူမဟာ ဂီတေလာကရဲ႕ Star တစ္ေယာက္အျဖစ္ ေအာင္ျမင္စြာ

ရပ္တည္ေနၿပီျဖစ္သလို အႏုပညာအလုပ္အျပင္ Super Red အလွကုန္ပစၥည္းေတြကို ပါ ထုတ္လုပ္ေရာင္းခ်ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ နီနီ႔ရဲ႕ ပရိသတ္ေတြကေတာ့ စီးပြားေရးတစ္ဖက္ အႏုပညာ

အလုပ္ေတြတဖက္နဲ႔ မအားလပ္တဲ့ သူမရဲ႕ အခ်စ္ေရးကိုလည္း အထူးစိတ္ဝင္စား ေနခဲ့ၾကပါတယ္။ လတ္တေလာမွာေတာ့ နီနီက မင္းက စ ခ်စ္တယ္လို႔ဖြင့္ေျပာခဲ့တာပါ တကယ္တမ္းက် ေဝးၿပီးတဲ့ေနာက္မွသိလာတယ္

ကိုယ္ဟာ အခ်စ္ပိုခဲ့ရသူပါ ႏွစ္ဖက္လုံး ဆုံးရႈံးခဲ့ရရင္ေတာင္ ကိုယ္က ပိုဆုံးရႈံးရသူေပါ့ ဆိုတဲ့စာသားေလးကို သူမရဲ႔လူမႈကြန္ယက္ စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပလာခဲ့ပါတယ္။ နီနီကေတာ့ သူမရဲ႕အေတြး

အပိုင္းအစမ်ားလို႔ ေရးသားထားေပမယ့္ ပရိသတ္ေတြကေတာ့ အရမ္းကိုစိတ္ဝင္စားေန ၾကပါတယ္။ နီနီ႔ရဲ႕ ဖန္ေတြကေတာ့ သူမရဲ႕သီခ်င္းေတြကို ႀကိဳက္သလို သူမေရးသားထားတဲ့ စာေလးကလည္း သူတို႔ရဲ႕

ရင္ဘတ္ခ်င္းအရမ္းတိုက္ဆိုင္ေနပါတယ္ဆိုတဲ့ မွတ္ခ်က္ေလးေတြေရးသားထားၾကတာေတြ႕ရပါတယ္။ တခ်ိဳ႕ပရိသတ္ေတြကေတာ့ သူမကို အားတင္းထားဖို႔အတြက္ အားေပးစကားေတြေရးသားထားၾကပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

နီနီခင်ဇော် ကေ တာ့ Melody World သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင်း ဂီတလောကထဲကို ဝင်ရောက်လာခဲ့သူပါ။ အခုဆို ရင်တော့ သူမဟာ ဂီတလောကရဲ့ Star တစ်ယောက်အဖြစ် အောင်မြင်စွာ

ရပ်တည်နေပြီဖြစ်သလို အနုပညာအလုပ်အပြင် Super Red အလှကုန်ပစ္စည်းတွေကို ပါ ထုတ်လုပ်ရောင်းချနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နီနီ့ရဲ့ ပရိသတ်တွေကတော့ စီးပွားရေးတစ်ဖက် အနုပညာ

အလုပ်တွေတဖက်နဲ့ မအားလပ်တဲ့ သူမရဲ့ အချစ်ရေးကိုလည်း အထူးစိတ်ဝင်စား နေခဲ့ကြပါတယ်။ လတ်တလောမှာတော့ နီနီက မင်းက စ ချစ်တယ်လို့ဖွင့်ပြောခဲ့တာပါ တကယ်တမ်းကျ ဝေးပြီးတဲ့နောက်မှသိလာတယ်

ကိုယ်ဟာ အချစ်ပိုခဲ့ရသူပါ နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရရင်တောင် ကိုယ်က ပိုဆုံးရှုံးရသူပေါ့ ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာခဲ့ပါတယ်။ နီနီကတော့ သူမရဲ့အတွေး

အပိုင်းအစများလို့ ရေးသားထားပေမယ့် ပရိသတ်တွေကတော့ အရမ်းကိုစိတ်ဝင်စားနေ ကြပါတယ်။ နီနီ့ရဲ့ ဖန်တွေကတော့ သူမရဲ့သီချင်းတွေကို ကြိုက်သလို သူမရေးသားထားတဲ့ စာလေးကလည်း သူတို့ရဲ့

ရင်ဘတ်ချင်းအရမ်းတိုက်ဆိုင်နေပါတယ်ဆိုတဲ့ မှတ်ချက်လေးတွေရေးသားထားကြတာတွေ့ရပါတယ်။ တချို့ပရိသတ်တွေကတော့ သူမကို အားတင်းထားဖို့အတွက် အားပေးစကားတွေရေးသားထားကြပါတယ်။