သူ႔ရဲ႕အသက္ ၅ ထိပ္​စီး​ေျပာင္​း​ေသာ​ေမြးေန့အတြက္ ရန္ကုန္ျမိဳ့က ေနရာအခ်ိဳ႕ကို အလွဴလုပ္ခဲ့ရင္း အလိုခ်င္ဆံုး ဆုတစ္ဆုတည္းကုိသာ ေတာင္းခဲ့တဲ့ လြင္မိုး

ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ မင္းသားႀကီး လြင္မိုးကေတာ့ တစ္ေခတ္တစ္ခါမွာ ေအာင္ျမင္မႈအႀကီးအက်ယ္ရရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အားေပးသူ ပရိသတ္အခိုင္အမာရရွိခဲ့သူပဲ ျဖစ္ပါတယ္။ လြင္မိုးက အသက္အ႐ြယ္

တစ္ခုေရာက္ရွိလာခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြကို ေတာ္ေတာ္ႀကီး ေလွ်ာ့ခ်ခဲ့ၿပီး စီးပြားေရးအလုပ္ေတြကိုသာ ဦးစားေပးလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ လြင္မိုးအျပင္ လြင္မိုးရဲ႕ သမီးေတြနဲ႔ ေျမးေလး Liam ကိုလည္း

သူနဲ႔ထပ္တူ ခ်စ္ခင္ၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန႔ စက္တင္ဘာလ (၁၇)ရက္ေန႔ကေတာ့ မင္းသားႀကီး လြင္မိုးရဲ႕ အသက္ (၅၀) ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ လြင္မိုးက သူ႔ရဲ႕ ေမြးေန႔မွာ ရန္ကုန္ၿမိဳ႕က ေနရာအခ်ိဳ႕ကို အလႉလုပ္ရင္း အလိုခ်င္းဆုံး

ဆုတစ္ဆုတည္းကိုသာ ေတာင္းခဲ့ေၾကာင္း “ဒီေန႔ (၅၀) ျပည့္ပါတယ္။ ေ႐ႊရတုေပါ့ We love yangon နဲ႔ ေနရာတခ်ိဳ႕ အလႈလုပ္ျဖစ္ခဲ့ပါတယ္။ ကိုဗစ္ကာလ အားလုံးေဘးရန္ကင္းၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ပုံမွန္ဘဝကိုအျမန္ဆုံးျပန္ေရာက္ပါေစ

ဆိုေသာဆု တစ္ခုသာေပးပါ” ဆိုၿပီး သူ႔ရဲ႕ ေမြးေန႔အတြက္ ေမြးေန႔ဆုေတာင္းစကားေလး ဆိုထားပါတယ္။ လြင္မိုးကေတာ့ သူ႔ရဲ႕ေမြးေန႔မွာ အလႉအတန္းေတြ ျပဳလုပ္ရင္းနဲ႔သာ ေအးေအးေဆးေဆးေလး ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးလည္း ဒီကေန႔ရဲ႕ ေမြးေန႔ရွင္ လြင္မိုးအတြက္ ေမြးေန႔ဆုေတာင္းစကားေလး ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်ငံကျော်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး လွင်မိုးကတော့ တစ်ခေတ်တစ်ခါမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာရရှိခဲ့သူပဲ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ်

တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေကို တော်တော်ကြီး လျှော့ချခဲ့ပြီး စီးပွားရေးအလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လွင်မိုးအပြင် လွင်မိုးရဲ့ သမီးတွေနဲ့ မြေးလေး Liam ကိုလည်း

သူနဲ့ထပ်တူ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၁၇)ရက်နေ့ကတော့ မင်းသားကြီး လွင်မိုးရဲ့ အသက် (၅၀) ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လွင်မိုးက သူ့ရဲ့ မွေးနေ့မှာ ရန်ကုန်မြို့က နေရာအချို့ကို အလှူလုပ်ရင်း အလိုချင်းဆုံး

ဆုတစ်ဆုတည်းကိုသာ တောင်းခဲ့ကြောင်း “ဒီနေ့ (၅၀) ပြည့်ပါတယ်။ ရွှေရတုပေါ့ We love yangon နဲ့ နေရာတချို့ အလှုလုပ်ဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကာလ အားလုံးဘေးရန်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ပုံမှန်ဘဝကိုအမြန်ဆုံးပြန်ရောက်ပါစေ

ဆိုသောဆု တစ်ခုသာပေးပါ” ဆိုပြီး သူ့ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေး ဆိုထားပါတယ်။ လွင်မိုးကတော့ သူ့ရဲ့မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်ရင်းနဲ့သာ အေးအေးဆေးဆေးလေး ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် လွင်မိုးအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။