ခ်စ္ခင္​ၾကင္​နာတတ္သူေတြရဲ႕ ႏွလုံးသားကို သိမ္းပုိက္သြားခဲ့​ေသာ အလုပ္သမားေလးတစ္ဦးဓာတ္ပုံရဲ႕ ေနာက္ကြယ္က လြမ္​းစရာဇာတ္​လမ္​း​ေလး

ခ်စ္တတ္သူေတြရဲ႕ ႏွလုံးသားကို သိမ္းပုိက္သြားခဲ့တဲ့ အလုပ္သမားေလးတစ္ဦးရဲ႕ ဓာတ္ပုံ။ ကိုယ္ခ်င္းစာတရားဆုိတာ ကိုယ္တုိင္ တစ္စုံတစ္ေယာက္ေနရာမွာ စာနာစြာ၊ သနားစြာ၊ အျပည့္အဝ နားလည္မႈရွိတဲ့

အခါမ်ိဳးမွ ျဖစ္တတ္တာပါ။ အခ်စ္ဆုိတာ လူတစ္ေယာက္နဲ႔တစ္ေယာက္ ခံစားတဲ့ပုံစံခ်င္း မတူညီရင္ေတာင္မွ တစ္စုံတစ္ေယာက္ကို လြမ္းတဲ့အခါ လုပ္ေလ့ရွိတဲ့အမူအယာေတြဟာ အၾကမ္းဖ်ဥ္းအားျဖင့္

တူညီတတ္ပါတယ္။ တကယ္လုိ႔ ကိုယ္တုိင္က မိသားစု၊ ဇနီးမယား၊ သမီးသားကို စြန္႔ခြာၿပီး ျပည္ပမွာ အလုပ္လုပ္ေနရတယ္ဆုိရင္ သက္ဆုိင္သူေတြကို လြမ္းၾကမွာ အမွန္ပါဘဲ။ တစ္ခ်ိဳ႕ဆုိ (၂၄)နာရီနဲ႔

လြမ္းတာ မေလာက္လုိ႔ ဟုိဘက္ရက္က (၅)နာရီေလာက္ေခ်းၿပီး လြမ္းလုိက္ခ်င္ေသးတယ္လုိ႔ တင္စားတတ္ၾကပါေသးတယ္။ အခုလည္း ဒူဘုိင္းမွာ သန္႔ရွင္းေရးဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္ေနရတဲ့

အမ်ိဳးသားတစ္ေယာက္ဟာ အိမ္သူခ်စ္ဇနီးကို လြမ္းေနရွာပါတယ္။ သူဟာ သူသိမ္းရမယ့္ အမႈိက္ေတြကိုေတာင္ အသည္းပုံေလးေတြ လုပ္ၿပီးမွ၊ ဇနီးရဲ႕မ်က္ႏွာေလးကို ျမင္ေယာင္ၿပီးမွ သိမ္းေလ့ရွိတာပါ။

သူ႔အမည္ကေတာ့ Ramesh Gangarajam Gandi ျဖစ္ၿပီး ကုမၸဏီတစ္ခုရဲ႕ အေထြေထြလုပ္သားပါ။ သူဟာ အိႏၵိယႏုိင္ငံသားျဖစ္ၿပီး၊ ဇနီးဆီကို အျမန္ျပန္ခ်င္ေသာ္လည္း၊ သူရဲ႕ လုပ္ခလစာနဲ႔ ဒီမိသားစုက

မီွခုိေနတာမုိ႔ ေဝးေဝးကပဲ လြမ္းေနရရွာပါတယ္။ ဒီဓာတ္ပုံဟာ လူမႈကြန္ရက္ အသီးသီးမွ ပ်ံ႕ႏွံ႔ၿပီး နာမည္ႀကီးသြားခဲ့ပါတယ္။ သူဟာ အၿမဲတမ္း ဒီလုိ ကဗ်ာဆန္ဆန္ လြမ္းေနသူေတာ့ မဟုတ္ေပမယ့္

ဘယ္ေလာက္လြမ္းေၾကာင္း ထုတ္မေျပာဘဲ သိမ္းထားတဲ့ စကားလုံးေတြ ရွိေနမွာပါ။ သူ႔အသက္ကေတာ့ (၃၀)ျဖစ္ပါတယ္။ ဒီဓာတ္ပုံေလးကို အနီးအနားက ႐ုံးခန္းမွာ အလုပ္လုပ္တဲ့ Nesma Farahat အမည္ရ

အမ်ိဳးသမီးငယ္က လူမႈကြန္ရက္ေပၚ တင္ခဲ့တာပါ။ ဒီဓာတ္ပုံေလးက နာမည္ႀကီးသြားေတာ့ Gandi လည္း နာမည္ႀကီးသြားပါတယ္။ သူဟာ သူ႔ကို တစ္ေယာက္ေယာက္က ေစာင့္ၾကည့္ေနလိမ့္မယ္လုိ႔

မထင္ေၾကာင္း၊ ဒီပုံေလးေၾကာင့္ အရမ္းကို အံ့အားသင့္တယ္လုိ႔ ဆုိပါတယ္။ သူဟာ ဇနီးျဖစ္သူနဲ႔ (၂၀၁၉) စက္တင္ဘာမွာ လက္ထပ္ခဲ့ၿပီး၊ ေနာက္တစ္လမွာ ဒူဘုိင္းကို ေရာက္လာခဲ့တာပါ။ ဇနီးနဲ႔ တစ္ေလာက္ပဲ

ၾကည္ျဖဴခဲ့ရရွာသူ ျဖစ္ပါတယ္။ ဒီဓာတ္ပုံေလးေၾကာင့္ ဇနီးျဖစ္သူ Latha အေနနဲ႔လည္း အလြန္ကို ဝမ္းသာဝမ္းနည္း ျဖစ္ခဲ့ရရွာပါတယ္။ သူမရဲ႕ခင္ပြန္းကို ေက်းဇူးေတြ တင္ေနရွာပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ချစ်တတ်သူတွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့တဲ့ အလုပ်သမားလေးတစ်ဦးရဲ့ ဓာတ်ပုံ။ ကိုယ်ချင်းစာတရားဆိုတာ ကိုယ်တိုင် တစ်စုံတစ်ယောက်နေရာမှာ စာနာစွာ၊ သနားစွာ၊ အပြည့်အဝ နားလည်မှုရှိတဲ့

အခါမျိုးမှ ဖြစ်တတ်တာပါ။ အချစ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ခံစားတဲ့ပုံစံချင်း မတူညီရင်တောင်မှ တစ်စုံတစ်ယောက်ကို လွမ်းတဲ့အခါ လုပ်လေ့ရှိတဲ့အမူအယာတွေဟာ အကြမ်းဖျဉ်းအားဖြင့်

တူညီတတ်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က မိသားစု၊ ဇနီးမယား၊ သမီးသားကို စွန့်ခွာပြီး ပြည်ပမှာ အလုပ်လုပ်နေရတယ်ဆိုရင် သက်ဆိုင်သူတွေကို လွမ်းကြမှာ အမှန်ပါဘဲ။ တစ်ချို့ဆို (၂၄)နာရီနဲ့

လွမ်းတာ မလောက်လို့ ဟိုဘက်ရက်က (၅)နာရီလောက်ချေးပြီး လွမ်းလိုက်ချင်သေးတယ်လို့ တင်စားတတ်ကြပါသေးတယ်။ အခုလည်း ဒူဘိုင်းမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေရတဲ့

အမျိုးသားတစ်ယောက်ဟာ အိမ်သူချစ်ဇနီးကို လွမ်းနေရှာပါတယ်။ သူဟာ သူသိမ်းရမယ့် အမှိုက်တွေကိုတောင် အသည်းပုံလေးတွေ လုပ်ပြီးမှ၊ ဇနီးရဲ့မျက်နှာလေးကို မြင်ယောင်ပြီးမှ သိမ်းလေ့ရှိတာပါ။

သူ့အမည်ကတော့ Ramesh Gangarajam Gandi ဖြစ်ပြီး ကုမ္ပဏီတစ်ခုရဲ့ အထွေထွေလုပ်သားပါ။ သူဟာ အိန္ဒိယနိုင်ငံသားဖြစ်ပြီး၊ ဇနီးဆီကို အမြန်ပြန်ချင်သော်လည်း၊ သူရဲ့ လုပ်ခလစာနဲ့ ဒီမိသားစုက

မှီခိုနေတာမို့ ဝေးဝေးကပဲ လွမ်းနေရရှာပါတယ်။ ဒီဓာတ်ပုံဟာ လူမှုကွန်ရက် အသီးသီးမှ ပျံ့နှံ့ပြီး နာမည်ကြီးသွားခဲ့ပါတယ်။ သူဟာ အမြဲတမ်း ဒီလို ကဗျာဆန်ဆန် လွမ်းနေသူတော့ မဟုတ်ပေမယ့်

ဘယ်လောက်လွမ်းကြောင်း ထုတ်မပြောဘဲ သိမ်းထားတဲ့ စကားလုံးတွေ ရှိနေမှာပါ။ သူ့အသက်ကတော့ (၃၀)ဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးကို အနီးအနားက ရုံးခန်းမှာ အလုပ်လုပ်တဲ့ Nesma Farahat အမည်ရ

အမျိုးသမီးငယ်က လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။ ဒီဓာတ်ပုံလေးက နာမည်ကြီးသွားတော့ Gandi လည်း နာမည်ကြီးသွားပါတယ်။ သူဟာ သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေလိမ့်မယ်လို့

မထင်ကြောင်း၊ ဒီပုံလေးကြောင့် အရမ်းကို အံ့အားသင့်တယ်လို့ ဆိုပါတယ်။ သူဟာ ဇနီးဖြစ်သူနဲ့ (၂၀၁၉) စက်တင်ဘာမှာ လက်ထပ်ခဲ့ပြီး၊ နောက်တစ်လမှာ ဒူဘိုင်းကို ရောက်လာခဲ့တာပါ။ ဇနီးနဲ့ တစ်လောက်ပဲ

ကြည်ဖြူခဲ့ရရှာသူ ဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးကြောင့် ဇနီးဖြစ်သူ Latha အနေနဲ့လည်း အလွန်ကို ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရရှာပါတယ်။ သူမရဲ့ခင်ပွန်းကို ကျေးဇူးတွေ တင်နေရှာပါတယ်။ ခရက်ဒစ်