မၾကာခင္မွာ ေသြးသားတစ္ဦးထပ္တိုးေတာ့မယ္ဆိုတဲ့အတြက္ စိတ္လႈပ္ရွားရင္ခုန္ေနတဲ့ ခင္လိႈင္

နုိင္ငံေက်ာ္ လူရႊင္ေတာ္၊ ဇာတ္ပို့သရုပ္ေဆာင္၊ ဒါရိုက္တာ ခင္လိႈင္ကေတာ့ သူ့ရဲ့ တစ္ဘဝလံုးကို သူခ်စ္တဲ့ အနုပညာအေပၚမွာ ရင္းနွီးျမွဳပ္နွံထားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခင္လိႈင္က သူ့ရဲ့

သားအလတ္ ေနရဲနဲ့ သမီးငယ္ သဇင္ထူးျမင့္တို့ကိုလည္း သူ့ရဲ့ အနုပညာအေမြေတြကို လက္ဆင့္ကမ္းေပးထားနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခင္လိႈင္နဲ႔တကြ ခင္လိႈင္တို႔

တစ္မိသားစုလံုးကို ခ်စ္ခင္စြာနဲ့ အားေပးၾကတာပဲ ျဖစ္ပါတယ္။ မင္းသားၾကီး ခင္လိႈင္က ဒီရက္ပိုင္းမွာေတာ့ ဝမ္းသာစရာသတင္းေတြကို ဆက္တိုက္ၾကားေနရတာျဖစ္ျပီး မၾကာခင္မွာလည္း

သူ့ရဲ့သားအၾကီးအမ်ိဳးသမီးက ေမြးဖြားမယ့္ ဒုတိယေျမာက္ ရင္ေသြးေလးအတြက္ အရမ္းရင္ခုန္ေနတာပဲ ျဖစ္ပါတယ္။ ခင္လိႈင္က ေျမးမိန္းကေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားျပီးျပီျဖစ္ျပီး မၾကာခင္မွာ

လူ့ေလာကထဲေရာက္ရိွလာမယ့္ ေျမးမေလးအတြက္လည္း ရင္ခုန္ေနျပီး အခုကတည္းက နာမည္ေတြေတာင္ ေရြးေနျပီပဲ ျဖစ္ပါတယ္။ ခင္လိႈင္တို့ မိသားစုေလးကေတာ့ တစ္ေယာက္နဲ့တစ္ေယာက္

ေဖးမကူညီမႈေတြနဲ့ သိုက္သိုက္ဝန္းဝန္းရိွတာ အရမ္းေပ်ာ္စရာေကာင္းတာပဲေနာ္။ ပရိသတ္ၾကီးလည္း ခင္လိႈင္တို့ မိသားစုရဲ့ ပံုရိပ္ေတြကိုၾကည့္ျပီး အေပ်ာ္ေတြ ကူးစက္သြားမယ္ ထင္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်ငံကျော် လူရွှင်တော်၊ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကတော့ သူ့ရဲ့ တစ်ဘဝလုံးကို သူချစ်တဲ့ အနုပညာအပေါ်မှာ ရင်းနှီးမြှုပ်နှံထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်လှိုင်က သူ့ရဲ့

သားအလတ် နေရဲနဲ့ သမီးငယ် သဇင်ထူးမြင့်တို့ကိုလည်း သူ့ရဲ့ အနုပညာအမွေတွေကို လက်ဆင့်ကမ်းပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခင်လှိုင်နဲ့တကွ ခင်လှိုင်တို့

တစ်မိသားစုလုံးကို ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး ခင်လှိုင်က ဒီရက်ပိုင်းမှာတော့ ဝမ်းသာစရာသတင်းတွေကို ဆက်တိုက်ကြားနေရတာဖြစ်ပြီး မကြာခင်မှာလည်း

သူ့ရဲ့သားအကြီးအမျိုးသမီးက မွေးဖွားမယ့် ဒုတိယမြောက် ရင်သွေးလေးအတွက် အရမ်းရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်က မြေးမိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးပြီဖြစ်ပြီး မကြာခင်မှာ

လူ့လောကထဲရောက်ရှိလာမယ့် မြေးမလေးအတွက်လည်း ရင်ခုန်နေပြီး အခုကတည်းက နာမည်တွေတောင် ရွေးနေပြီပဲ ဖြစ်ပါတယ်။ ခင်လှိုင်တို့ မိသားစုလေးကတော့ တစ်ယောက်နဲ့တစ်ယောက်

ဖေးမကူညီမှုတွေနဲ့ သိုက်သိုက်ဝန်းဝန်းရှိတာ အရမ်းပျော်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခင်လှိုင်တို့ မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်။