ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္က်င္းပ​ေတာ့မယ့္ ကား​ေပၚက​ေနၾကည့္ရတဲ့ ဂီတ​ေဖ်ာ္​​ေျဖပြဲ

ကမာၻမွာ EDM ဂီတဟာ ​ေခတ္စားလာတာနဲ႔အညီ EDM Festival ​ေတြဟာလည္း ​​ေက်ာ္ၾကားလာပါတယ္။ျမန္မာႏိုင္ငံမွာဆိုရင္လည္း အခု​​ေနာက္ပိုင္းႏွစ္​ေတြမွာ EDM ​ေဖ်ာ္​ေျဖပြဲ​ေတြကို တစ္ႏွစ္ကို ၅ ပြဲ ၆ ပြဲ​​ေလာက္ထိ က်င္းပလာၾကတာကို​​ေတြ႕ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ဂယက္႐ိုက္မႈ​ေၾကာင့္ ျမန္မာမွာ​ေရာ ကမာၻမွာပါ ၂၀၂၀ ခုနစ္အတြက္ EDM ​ေဖ်ာ္​ေျဖပြဲအမ်ားစုဖ်က္သိမ္းခဲ့ရပါတယ္။ အဲ့ဒီလို လူစုလူ​​ေဝးနဲ႔ EDM ပြဲ​ေတြ က်င္းပလို႔ မရတဲ့ လတ္တ​ေလာကိုဗစ္ကာလမွာ ​ေခတ္စားလာတာက​ေတာ့ drive-in

rave festival ​ေတြျဖစ္ပါတယ္။ ကား​ေပၚက​ေန ၾကည့္ရႈၾကရတဲ့ ​ေဖ်ာ္​ေျဖပြဲကို ဆိုလိုတာပါ။ Drive-In Raveပြဲကိုပထမဆုံးစတင္ခဲ့တဲ့သူေတြကေတာ့World Club Dome Festivalကျဖစ္ၿပီး ေနာက္ပိုင္း အေမရိကန္ႏိုင္ငံ အႏွံ႔အျပားမွာ

Carnage၊ Borgore၊ Valentino Khan ၊ အစရွိတဲ့ကမာၻ​ေက်ာ္ DJ Artist ေတြကအစ ဦးေဆာင္ၿပီး က်င္းပလာၾကတာျဖစ္ပါတယ္။ Drive-In Raveပြဲေတြနာမည္ႀကီးလာတာနဲ႔အတူျမန္မာျပည္ကိုလည္းမၾကာခင္မွာေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက Hardstyleပြဲေတြအဓိကက်င္းပေလ့ရွိတဲ့Blackjack Entertainmentအဖြဲ႕အစည္းေအာက္ကျဖစ္တဲ့Invasion Festival ကေတာ့ လာမယ့္ စက္တင္ဘာ ၂၆ ရက္ေန႔မွာDrive-In Raveပြဲကိုျပဳလုပ္ေတာ့မွာလည္းျဖစ္ပါတယ္။

ပြဲက်င္းပမယ့္ရက္ကို တရားဝင္ ထုတ္ျပန္ထား​ေပမယ့္ ပြဲနဲ႔ပက္သက္တဲ့ အ​ေသးစိတ္အခ်က္အလက္​ေတြကို​ေတာ့ မသိရ​ေသးပါဘူး။ ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ​ေတာ့ ပြဲလမ္းသဘင္နဲ႔ ​ေပ်ာ္ပြဲ႐ႊင္ပြဲ​ေတြ က်င္းပခြင့္ျပဳမယ္လို႔ အစိုးရဘက္က တရားဝင္

ထုတ္ျပန္ထားျခင္း မရွိ​ေသးသလို ျမန္ျပည္ရဲ႕ တင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္း​​ေတြ​ေၾကာင့္ အခုလို ပထမဆုံး အႀကိမ္ျပဳလုပ္မယ့္ Drive-In ပြဲဟာ ​​​ေအာင္​ေအာင္ျမင္ျမင္က်င္းပခြင့္ရပါ့မလားဆိုတာ​ေတာ့ စိတ္ဝင္တစား​ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကမ္ဘာမှာ EDM ဂီတဟာ ခေတ်စားလာတာနဲ့အညီ EDM Festival တွေဟာလည်း ကျော်ကြားလာပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်း အခုနောက်ပိုင်းနှစ်တွေမှာ EDM ဖျော်ဖြေပွဲတွေကို တစ်နှစ်ကို ၅ ပွဲ ၆ ပွဲလောက်ထိ ကျင်းပလာကြတာကိုတွေ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဂယက်ရိုက်မှုကြောင့် မြန်မာမှာရော ကမ္ဘာမှာပါ ၂၀၂၀ ခုနစ်အတွက် EDM ဖျော်ဖြေပွဲအများစုဖျက်သိမ်းခဲ့ရပါတယ်။ အဲ့ဒီလို လူစုလူဝေးနဲ့ EDM ပွဲတွေ ကျင်းပလို့ မရတဲ့ လတ်တလောကိုဗစ်ကာလမှာ ခေတ်စားလာတာကတော့ drive-in

rave festival တွေဖြစ်ပါတယ်။ ကားပေါ်ကနေ ကြည့်ရှုကြရတဲ့ ဖျော်ဖြေပွဲကို ဆိုလိုတာပါ။ Drive-In Raveပွဲကိုပထမဆုံးစတင်ခဲ့တဲ့သူတွေကတော့World Club Dome Festivalကဖြစ်ပြီး နောက်ပိုင်း အမေရိကန်နိုင်ငံ အနှံ့အပြားမှာ

Carnage၊ Borgore၊ Valentino Khan ၊ အစရှိတဲ့ကမ္ဘာကျော် DJ Artist တွေကအစ ဦးဆောင်ပြီး ကျင်းပလာကြတာဖြစ်ပါတယ်။ Drive-In Raveပွဲတွေနာမည်ကြီးလာတာနဲ့အတူမြန်မာပြည်ကိုလည်းမကြာခင်မှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက Hardstyleပွဲတွေအဓိကကျင်းပလေ့ရှိတဲ့Blackjack Entertainmentအဖွဲ့အစည်းအောက်ကဖြစ်တဲ့Invasion Festival ကတော့ လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှာDrive-In Raveပွဲကိုပြုလုပ်တော့မှာလည်းဖြစ်ပါတယ်။

ပွဲကျင်းပမယ့်ရက်ကို တရားဝင် ထုတ်ပြန်ထားပေမယ့် ပွဲနဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိတော့ ပွဲလမ်းသဘင်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခွင့်ပြုမယ်လို့ အစိုးရဘက်က တရားဝင်

ထုတ်ပြန်ထားခြင်း မရှိသေးသလို မြန်ပြည်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် အခုလို ပထမဆုံး အကြိမ်ပြုလုပ်မယ့် Drive-In ပွဲဟာ အောင်အောင်မြင်မြင်ကျင်းပခွင့်ရပါ့မလားဆိုတာတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။