ယူနီကုဒ်ဖြင့် ဖတ်ရန်
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုသည် ဂျာဗားကျွန်းရှိ Batang စက်မှုဇုန် ဥယျာဉ်သစ်ဖွင့်ပွဲ တက်ရောက်ရင်း ကမ္ဘာကြီးအား အင်ဒိုနီးရှား သည် စီးပွားရေး လုပ်ငန်းတွေ အတွက် အချိန်ပြည့် တံခါးဖွင့်ထားသည်ဟု သတင်း စကားပါးလိုက်သည်။
”ပေါက်ဖော်တို့က လာမယ့်ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့ လိုချင်ပါတယ်။ ဂျပန်၊ ကိုးရီးယား၊ တိုင်ဝမ် နဲ့ အမေရိကန် ကမ္ဘာ့ဘယ်ဒေသက စီးပွားရေးလုပ်ငန်းတွေ မဆို အင်ဒိုနီးရှားကို ရွှေ့ပြောင်း လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ပါတယ် ” လို့ အင်ဒိုနီးရှားသမ္မတက ပြောကြားလိုက်ပါတယ်။
ပေါက်ဖော်တို့ဆီမှ ပြန်ခွာတော့မည့် နိုင်ငံခြားစက်မူလုပ်ငန်းများစွာ ကို ထိုင်းနဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အပြိုင်အဆိုင်ဆွဲဆောင် အခုလို မိမိတို့နိုင်ငံကို စီးပွားရေး လုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ အပြိုင်အဆိုင်ဆွဲဆောင်နေကြတာကတော့
အရှေ့တောင်အာရှ မှာ အင်ဒိုနီးရှား တစ်နိုင်ငံတည်း မဟုတ်ပဲ ဒေသတွင်း နိုင်ငံများ အားလုံးပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင် ကမ္ဘာ့ကြီး နဲ့ နိုင်ငံရေးတင်းမာမှု ရှိနေတဲ့ ပေါက်ဖော်တို့နိုင်ငံကို နိုင်ငံခြားကုမ္ပဏီတွေ စွန့်ခွာဖို့ပြင်ဆင်နေကြ ချိန်မှာ
ဗိုင်းရပ်စ်နဲ့အတူ ပြိုကျနေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဒီလို ပေါက်ဖော်တို့စွန့်လုပ်ငန်းတွေကို ဖိတ်ခေါ် အစားထိုးဖို့ ဒေသတွင်း နိုင်ငံတွေ အပြိုင်အဆိုင် ကြိုးစားနေကြ တာပါ။ ဗိုင်းရပ်စ်ကာလ မတိုင်ခင် ကတည်း က ပေါက်ဖော်- အမေရိကန်
ကုန်သွယ်ရေးစစ်ပွဲတင်းမာမှုတွေနဲ့အတူ ပေါက်ဖော်ကိုစွန့်ခွာမဲ့ အမေရိကန်ကုမ္ပဏီတွေကို အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေက အထူးအခွင့်အရေးတွေပေးပြီး မိမိတို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြ ဖို့ ဆောင်ရွက်ခဲ့ကြပါသေးတယ်။ပေါက်ဖော်တို့ဆီမှ ပြန်ခွာတော့မည့်
နိုင်ငံခြားစက်မူလုပ်ငန်းများစွာကို ထိုင်းနဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အပြိုင်အဆိုင်ဆွဲဆောင် အခုလို ပေါက်ဖော်စွန့်လုပ်ငန်းတွေ အရှေ့တောင်အာရှဒေသမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံရင်တောင် ကိုဗစ် ရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုက
ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ယခုနှစ်အတွက် ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားပါတယ်။ အင်ဒိုနီးရှားသမ္မတက ” တကယ်လို့ အခြားတိုင်းပြည် တစ်ခု က စက်ရုံတည်ဖို့မြေ အတွက် ဒေါ်လာ တစ်သန်းတောင်းရင်း
ကျွန်တော်တို့ အင်ဒိုနီးရှား က ဒေါ်လာ ငါးသိန်းနဲ့ မြေရအောင်ဆောင်ရွက်ပေးမှာပါ” လို့ ပြောကြားခဲ့ ပါတယ်။ အင်ဒိုနီးရှားဟာ ၂၀၂၄ မှာ စက်မှုဇုန် ၁၉ ခုထိ အသစ် တည်ဆောက်ပြီးစီးဖို့ မျှော်မှန်းထားတာဖြစ် ပါတယ်။ ကော်ပိုရေးရှင်းတွေ အတွက်
အခွန်ခ နှုန်းထားကိုလည်း ယခုနှစ်မှာ ၂၅ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းအထိ လျှော့ချထားပြီး ၂၀၂၂ မှာ ၂၀ ရာခိုင်နှုန်းအထိလျှော့ချမှာဖြစ်တယ်လို့ စီမံချက်ရေးဆွဲထားပြီးသားပါ။ အခြားဒေသတွင်း နိုင်ငံတွေကလည်း အခုလိုမျိုးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ
ရောက်ရှိလာဖို့ ကြိုးစားနေကြ ပါတယ်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီက လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံသူတွေ အတွက် အထူးအခွင့်အရေးတွေပေးပြီး ဆွဲဆောင်ထား ပါတယ်။ ဒါဟာ လည်း ပေါက်ဖော်တို့နိုင်ငံကို စွန့်ခွာလာကြမယ့်
လယ်ယာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် အဓိက ပြစ်မှတ်ထားဆောင်ရွက်တာ လို့ ဆိုပါတယ်။ မလေးရှားကလည်း ဇွန်လ ၅ ရက်နေ့မှာ သူ့နိုင်ငံအတွင်း ကန်ဒေါ်လာ ၁၁၇ သန်းအထက် လာရောက်ရင်းနှီးမြှုပ်နှံမဲ့ ကုန်ထုတ် လုပ်ငန်းတွေကို
အခွန်ကင်းလွတ်ခွင့် ၁၅ နှစ်အထိပေးမယ်လို့ ကြေညာလိုက် ပါတယ်။ မြန်မာနိုင်ငံကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အားသွန်ခွန်စိုက် ဖိတ်ခေါ်နေပြီး နိုင်ငံရဲ့ ဘဏ္ဍာရေးကို ပြည်ပရင်းနှီးမြှုပ်နှံမှုက တစ်ဆင့် ခိုင်မာအောင်ဆောင်ရွက်ဖို့
ကြိုးစားနေတာ တွေ့ရပါတယ်။ ပေါက်ဖော်မှ ပြန်ခွာတော့မည့် နိုင်ငံခြားစက်မူလုပ်ငန်းများစွာကို ထိုင်းနဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အပြိုင်အဆိုင်ဆွဲဆောင် ဗီယက်နမ် ကလည်း ဥရောပကုမ္ပဏီတွေ နိုင်ငံတွင်း အကျိုးရှိရှိ
အလွယ်တကူလာရောက်ရင်းနှီးမြှုပ်နှံနိုင်မဲ့ စီမံချက် တစ်ခုကို သြဂုတ်လ ၁ ရက်နေ့ကစပြီး အသက်သွင်း မှာဖြစ်ပါတယ်။ဒေသတွင်းနိုင်ငံတွေ ရဲ့ နောက်ထပ် အာရုံစိုက်မှု တစ်ခုကတော့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်တွေကို မိမိနိုင်ငံအတွင်း
ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလာမှုပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုနဲ့အတူ ၎င်းတို့ဟာ mask နဲ့ အခြား ကာကွယ်ရေးဝတ်စုံတွေ အားလုံးနီးပါးကို ပေါက်ဖော်နိုင်ငံကို မှီခိုပြီးဝယ်ယူသုံးစွဲခဲ့ရတာဖြစ်ပါတယ်။အင်ဒိုနီးရှားသမ္မတက
အမေရိကန်သမ္မတထရမ့်နဲ့ ဧပြီလအတွင်း ဖုန်းဆက်ပြောကြားစဉ် အမေရိကန် ကျန်းမာရေးစောင်ရှောက်မှု ကုန်ထုန်လုပ်ငန်းတွေ အင်ဒိုနီးရှားကို ဗဟိုပြုထုတ်လုပ်ဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာလည်း
ကျန်းမာရေး ထုတ်ကုန်တွေ ထုတ်လုပ်၊ ရောင်းဝယ်၊ တင်ပို့မှုအားလုံး အတွက် အခွန်ကင်းလွတ်ခွင့် ပေးခဲ့ ပါတယ်။ ထိုင်းနိုင်ငံကလည်း ဆေးဝါးကုမ္ပဏီတွေ နဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ ထုတ်လုပ်တဲ့ကုမ္ပဏီတွေ ကို အခွန်လုံးဝကင်းလွတ်ခွင့်ပြုပြီး
နိုင်ငံကို ကျန်းမာရေး ထုတ်ကုန်ဗဟိုပြုဌာနဖြစ်ဖို့ စဉ်းစားနေတယ်လို့ ဆို ပါတယ်။ပေါက်ဖော်မှ ပြန်ခွာတော့မည့် နိုင်ငံခြားစက်မူလုပ်ငန်းများစွာ ကို ထိုင်းနဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အပြိုင်အဆိုင်ဆွဲဆောင်
အခုလိုကြိုးစားအား ထုတ်မှုတွေဟာ အမေရိကန်၊ အီးယူနဲ့ ဂျပန်နိုင်ငံတွေက ၎င်းတို့ကုမ္ပဏီတွေ၊ ၎င်းတို့လိုအပ်တဲ့ပစ္စည်းတွေ တင်ပို့ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကို ပေါက်ဖော်နိုင်ငံကနေ အခြားဒေသတွင်း နိုင်ငံတွေ ကို ရွှေ့ပြောင်း ဖို့ဆောင်ရွက်မှုကို
အခွင့်ကောင်းယူပြီး မိမိနိုင်ငံတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အားကောင်းအောင် ဆောင်ရွက်နေကြာတဖြစ် ပါတယ်။ပြီးခဲ့တဲ့ ဧပြီလက အတည်ပြုခဲ့တဲ့ ဘတ်ဂျက်အရ ဂျပန်နိုင်ငံဟာ ပေါက်ဖော်တို့ဆီကနေ အရှေ့တောင်အာရှဒေသကို ရွှေ့ပြောင်းမဲ့ ကုမ္ပဏီတွေကို
ထောက်ပံ့ဖို့ ကန်ဒေါ်လာ ၂၁၉ သန်းထိပေးဖို့ လျာထားတာဖြစ်ပါတယ်။ ပေါက်ဖော်ကြီးနိုင်ငံဟာ သူ့နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ထဲကိုင်ပြီး ၎င်းရဲ့ သံတမန်ဆက်ဆံရေးကို အကျပ်ကိုင်တဲ့နည်းနဲ့
တည်ဆောက်ဆောင်ရွက်နေတာဟာ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့အတွက် ပေါက်ဖော်ကလုပ်ငန်းတွေကို စွန့်ခွာပြီး ၎င်းတို့နဲ့ အဆင်ပြေတဲ့ အရှေ့တောင်အာရှဒေသတွင်း ရင်းနှီးမြှုပ်နှံဖို့ စိုင်းပြင်းနေစေတာပဲဖြစ်ပါတယ်။ ခရက်ဒစ်