ရန္ကုန္ ကမ္းနားလမ္းမွာရပ္ထားတဲ့ ကုန္တင္ကားကုိ လူ ၄ ေယာက္က ျပန္ေပးဆြဲမႈျဖစ္ပြား

ရန္ကုန္၊ လမ္းမေတာ္ၿမိဳ႕နယ္ ကမ္းနားလမ္းမွာ ကုန္တင္ယာဥ္တစ္စီးနဲ႔ ယာဥ္ေနာက္လိုက္ကို ဓားေထာက္ၿပီး ျပန္ေပးဆြဲသြားတဲ့အဖြဲ႕ထဲက တစ္ေယာက္ကို ဧရာဝတီတိုင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕မွာ မေန႔ညက ဖမ္းဆီးရမိခဲ့တယ္လို႔

ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သိရပါတယ္။ ဇြန္လ ၂၉ ရက္၊ ည ၈ နာရီက ကမ္းနားလမ္းမွာ ကုန္တင္ယာဥ္နဲ႔ ယာဥ္ေစာင့္ယာဥ္ေနာက္လိုက္ကို လူ ၄ ေယာက္ေက်ာ္က ဓားေထာက္ျပန္ေပးဆြဲလာၿပီး ဧရာဝတီတုိင္းဖက္သုိ႔ ေမာင္းႏွင္စဥ္ ရန္ကုန္-ပုသိမ္ကားလမ္း၊ ေညာင္တုန္းၿမိဳ႕နယ္၊ မဲဇလီနယ္ေျမရဲစခန္း

အပိုင္အေရာက္မွာ ဖမ္းဆီးရမိခဲ့တာလို႔ သိရပါတယ္။ “မေန႔က တစ္ေယာက္ဖမ္းမိတယ္ၾကားတယ္။ ဒီျဖစ္စဥ္က ရန္ကုန္အပိုင္ပါ။ ကြၽန္ေတာ္ဆီေတာ့ ျဖစ္စဥ္ မတက္လာေသးဘူး။”လို႔ ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ဒုတိယရဲမႉး ဦးထြန္းေ႐ႊ

က ေျပာပါတယ္။ မဲဇလီနယ္ေျမရဲစခန္းက ဖမ္းဆီးခဲ့တာမွာ ျပန္ေပးဆြဲတဲ့အဖြဲ႕ထဲက(၁)ေယာက္ကို ဖမ္းဆီးရမိခဲ့ၿပီး ေပါင္မွာ ဓားဒဏ္ရာရထားတဲ့ ကုန္ကားယာဥ္ေနာက္လိုက္ကိုေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ “ညေစာင့္အိပ္ကထဲက ယာဥ္ေမာင္းမရွိဘူးဗ်။ ယာဥ္ေနာက္လိုက္နဲ႔ပဲ ေစာင့္အိပ္တယ္။

​ေလာေလာဆယ္ေတာ့ စစ္ေဆးဆဲမို႔လို႔ပါ။”လို႔ လမ္းမေတာ္ၿမိဳ႕နယ္ရဲစခန္းရဲ႕ စခန္းမႉးဒုရဲမႉးၫြန႔္ဝင္းက ​ေျပာပါတယ္။ က်န္တဲ့ျပန္ေပးအဖြဲ႕ဝင္ေတြကေတာ့ ေခ်ာင္းကိုျဖတ္ကူးၿပီး ထြက္ေျပးလြတ္ေျမာက္သြားတာေၾကာင့္ ထန္းတပင္နဲ႔ တပ္သစ္

ရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ဝိုင္းဝန္းရွာေဖြေနတယ္လို႔ သိရပါတယ္။ အဲဒီအဖြဲ႕ကိုေတာ့ လမ္းမေတာ္ၿမိဳ႕မရဲစခန္းက (ပ)၃၁၃/၂၀၂၀၊ ပုဒ္မ(၃၉၄/၃၄၁/၁၁၄)နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းမှာ ကုန်တင်ယာဉ်တစ်စီးနဲ့ ယာဉ်နောက်လိုက်ကို ဓားထောက်ပြီး ပြန်ပေးဆွဲသွားတဲ့အဖွဲ့ထဲက တစ်ယောက်ကို ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့မှာ မနေ့ညက ဖမ်းဆီးရမိခဲ့တယ်လို့

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။ ဇွန်လ ၂၉ ရက်၊ ည ၈ နာရီက ကမ်းနားလမ်းမှာ ကုန်တင်ယာဉ်နဲ့ ယာဉ်စောင့်ယာဉ်နောက်လိုက်ကို လူ ၄ ယောက်ကျော်က ဓားထောက်ပြန်ပေးဆွဲလာပြီး ဧရာဝတီတိုင်းဖက်သို့ မောင်းနှင်စဉ် ရန်ကုန်-ပုသိမ်ကားလမ်း၊ ညောင်တုန်းမြို့နယ်၊ မဲဇလီနယ်မြေရဲစခန်း

အပိုင်အရောက်မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ “မနေ့က တစ်ယောက်ဖမ်းမိတယ်ကြားတယ်။ ဒီဖြစ်စဉ်က ရန်ကုန်အပိုင်ပါ။ ကျွန်တော်ဆီတော့ ဖြစ်စဉ် မတက်လာသေးဘူး။”လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးထွန်းရွှေ

က ပြောပါတယ်။ မဲဇလီနယ်မြေရဲစခန်းက ဖမ်းဆီးခဲ့တာမှာ ပြန်ပေးဆွဲတဲ့အဖွဲ့ထဲက(၁)ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ပေါင်မှာ ဓားဒဏ်ရာရထားတဲ့ ကုန်ကားယာဉ်နောက်လိုက်ကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “ညစောင့်အိပ်ကထဲက ယာဉ်မောင်းမရှိဘူးဗျ။ ယာဉ်နောက်လိုက်နဲ့ပဲ စောင့်အိပ်တယ်။

လောလောဆယ်တော့ စစ်ဆေးဆဲမို့လို့ပါ။”လို့ လမ်းမတော်မြို့နယ်ရဲစခန်းရဲ့ စခန်းမှူးဒုရဲမှူးညွန့်ဝင်းက ပြောပါတယ်။ ကျန်တဲ့ပြန်ပေးအဖွဲ့ဝင်တွေကတော့ ချောင်းကိုဖြတ်ကူးပြီး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ထန်းတပင်နဲ့ တပ်သစ်

ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝိုင်းဝန်းရှာဖွေနေတယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ကိုတော့ လမ်းမတော်မြို့မရဲစခန်းက (ပ)၃၁၃/၂၀၂၀၊ ပုဒ်မ(၃၉၄/၃၄၁/၁၁၄)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။