ကညနမှာ ခလိုင်စင်ကို လူမပါဘဲ လုပ်လို့ရတယ်ဆိုတာ သင်သိပါသလား
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကညနမှာ ခလိုင်စင် လူမပါဘဲလုပ်လို့ရတယ်ဆိုတာ သင် သိပါသလား။ ကညနမှာ အပတ်စဉ်ဖွင့်တဲ့ ယာဉ်မောင်းသင်တန်းများမှာ လိုင်စင်ဖြေဆိုသူသင်တန်းသား အပြည့်
မရှိဘဲ လူမလာတဲ့ သင်တန်းသားနာမည် လက်မှတ်တွေကို တက်ရောက်စာရင်းမှာ ဝန်ထမ်းက ဖြည့်ပေးထားပြီး ယာဉ်စည်းကမ်း မေးခွန်းစာရွက်ကိုလဲ ဝန်ထမ်းက
ကိုယ်စားဖြေပေးလို့ရတယ်ဆိုတာ သင်သိပါသလား။ လူကိုယ်တိုင်လာရောက်ဖြေဆိုရမည်၊ ခလိုင်စင် Smart Cardမှာ လိုင်စင်ဖြေဆိုသူဓာတ်ပုံကို ရုံးက ရိုက်ပေးတဲ့
ကိရိယာ Web Camပုံနဲ့ပဲ လိုင်စင်ထုတ်ပေးမယ်လို့ ကညနက ကြေငြာထားပေမယ့် လူကိုယ်တိုင်လာရောက်မဖြေဆိုဘဲ အပိုကြေးသိန်းဂ‌ဏန်းရယူထားတဲ့လိုင်စင်များ
ကိုတော့ လိုင်စင်စစ်ဆေးရေးဝန်ထမ်းတွေကိုပေးထားတဲ့ပတ်စ်ပို့ပုံနဲ့ပဲလိုင်စင်ထုတ်ပေးနေတာကို သင်သိပါသလား။ တစ်နိုင်ငံလုံးမှာ ရုပ်ပျက်ဆင်းပျက် ယာဉ်တိုက်ခိုက်
မှုတွေ များပြားလာတဲ့ အကြောင်းရင်းတွေထဲမှာ ကညနရဲ့ခေတ်မမှီတော့တဲ့ လိုင်စင်ဖြေဆိုစစ်ဆေးခြင်းနည်းစနစ်တွေကြောင့်လဲ ဖြစ်ပါတယ်။ ကညနက ကျင့်သုံးနေတဲ့
လိုင်စင်ဖြေဆိုစစ်ဆေးခြင်းနည်းစနစ်ရဲ့ အဓိကအားနည်းချက်ကတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားမလည် ကားမောင်းမကျွမ်းကျင်ဘဲ လူကိုယ်တိုင် လာရောက်
ဖြေဆိုခြင်းမရှိတဲ့သူတွေကို ပေးထားတဲ့ပတ်စ်ပို့ပုံနဲ့ပဲ လိုင်စင်ထုတ်ပေးလို့ရတဲ့ လမ်းကြောင်းရှိနေခြင်းပါပဲ လူကိုယ်တိုင်လာရောက်မဖြေဆိုဘဲ အပိုကြေးသိန်းဂဏန်းအထိ
ရယူပြီး လိုင်စင်ထုတ်ပေးတဲ့ ကညနရုံးအချို့ကတော့ တမူး ကျောက်မဲ ဗန်းမော် အောင်ပန်းရုံးတွေပဲ ဖြစ်ပါတယ်။ ကျန်ကညနရုံးတွေကိုလဲ ဆက်လက်ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။ ကညနအနေနဲ့ မော်တော်ယာဉ်နဲ့ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းလုပ်ငန်းတွေမှာ ပေါ့လျော့စွာ စီစဉ်ဆောင်ရွက်နေခြင်းဟာ လမ်းပေါ်မှာ လူတွေသေစေဖို့ ပါမစ်ပေးနေသလိုဖြစ်နေပါကြောင်း။ ခရက်ဒစ်