ယူနီကုဒ်ဖြင့် ဖတ်ရန်
မအားလပ်ဘူးဆိုခဲ့ရင်တောင် တစ်နေ့ကို တစ်ခါလောက်ဖြစ်ဖြစ်ခင်ဗျား ချစ်သူဆီ ဖုန်းခေါ်ပါ။ ဖုန်းခေါ်ခြင်းဖြင့် ခင်ဗျား ချစ်သူ ရဲ့ “စိတ်ပူခြင်း”တွေကို လျှော့ချ ပေးပါ။
ခင်ဗျား အဆင်ပြေကြောင်း ခင်ဗျားချစ်သူ သိပါစေ။ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ အပြန်အလှန် အားပေးစကားလေးတွေ ပြောပေးကြပါ “ပတ်ဝန်းကျင်”က အားပေး
စကားတွေထက် ခင်ဗျားရဲ့အားပေးစကားတစ်ခွန်းကသာ သူ့အတွက် ပိုထိရောက်စေတယ်ဆိုတာ ခင်ဗျား သိပါစေ။ ဆေးလိပ်၊ ကွမ်း၊ အရက် စသည် ဖြတ်ခိုင်းလာရင်
အကြောင်းမရှိ အကြောင်းရှာပြီး ”ရစ်”တယ်လို့မထင်ပါနဲ့ ဘယ်လို အကြောင်းမျိုးနဲ့မှ သူ့အနားကနေ ခင်ဗျားကို ထွက်သွားခွင့်မပေးနိုင်ဘူးလေ။ ခင်ဗျားရဲ့နာမ်စားလေး
ကိုလည်း သူ ကြာကြာခေါ်ခွင့်မရမှာ ကြောက်နေတတ်တာမျိုးပါ။ သူ့ကိုယ်သူထက် ခင်ဗျားကို ပိုချစ်မိလို့ဆိုတာ ခင်ဗျားသိပါစေ။ တခြားသူတွေကပေးတဲ့ စိတ်ဆင်းရဲခြင်း
တွေထက် ကိုယ့်ချစ်သူကပေးတဲ့ စိတ်ဆင်းရဲခြင်းတွေက အဆမတန် ကြီးမားနေတတ်တယ်ဆိုတာ လည်း ခင်ဗျားသိပါစေ။ ခင်ဗျားကြောင့် ခင်ဗျားချစ်သူစိတ်ထိခိုက်တာမျိုး
မဖြစ်ပါစေနဲ့။ တကယ်ချစ်ရင် တစ်ယောက် ကိုယ်တစ်ယောက် တန်ဖိုးထားပါ၊ ဂရုစိုက်ပါ ခင်ဗျားရဲ့ဂရုစိုက်မှု သေးသေးလေးဟာ သူ့အတွက်တော့ အရာရာဖြစ်နေတတ်တာပါ။ ခရက်ဒစ်