မဂၤလာသတင္း – ဆန္စပါး အဓိကတင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံအျဖစ္ USDA ကအသိအမွတ္ျပဳခံလိုက္ရတဲ့ ျမန္မာျပည္

ပထမ ၈ လအတြင္း ဆန္တန္ခ်ိန္ ၂ သန္း တင္ပို႔ႏိုင္ခဲ့တဲ့အတြက္ ျမန္မာဟာ ထိုင္း၊ ဗီယက္နမ္၊ အိႏၵိယ၊ ပါကစၥတန္တို႔နဲ႔အတူ ဆန္ အဓိကတင္ပို႔သူ ျဖစ္လာပါေတာ့တယ္။ USDA က အသိအမွတ္ ျပဳလိုက္တဲ့အတြက္ ျမန္မာ့ဆန္ဟာ အရင္လို တ႐ုတ္ခ်ည္း

အားကိုးမေနၾကရေတာ့ဘဲ ႏိုင္ငံတကာက ဆန္ဝယ္ယူေရး တင္ဒါေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ တစ္ႏွစ္လွ်င္ ဆန္တန္ခ်ိန္ ၃ သိန္းသြင္းရတဲ့ ဖိလစ္ပိုင္က ဆန္တင္ဒါတစ္ခုကို မၾကာခင္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး၊ ျမန္မာ့ဆန္ဟာ

နာမည္ေက်ာ္ၿပိဳင္ဖက္ ထိုင္းနဲ႔အိႏၵိယကိုေက်ာ္ၿပီး ဗီယက္နမ္နဲ႔အတူ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဒါေတြဟာ သူ႔ဖာသာျဖစ္လာတဲ့ တိုက္ဆိုင္မႈေတြ မဟုတ္ပါဘူး။ အလုပ္သမား ရွားပါးမႈကို စက္မႈလယ္ယာဖက္ အားေပးေနတဲ့ ေပၚလစီ၊ ေရသြင္းစိုက္ဖို႔ ေအာင္ေရရဖို႔

ေသျခာေစမယ့္ ဆည္ေရေသာက္ စီမံကိန္းေတြ၊ လယ္ေတြကိုေပါင္းလို႔ စုေပါင္းကုန္ထုတ္စနစ္ကို ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို ဖိတ္ေခၚတဲ့အစီအမံေတြ၊ လယ္သမားေတြကို စိုက္စရိတ္လုံေလာက္ေအာင္ ေခ်းေပးသလို၊ စပါးေဈးႏႈန္းကို ပြဲစားေတြအျဖတ္မခံဘဲ

အစိုးရက တင္း ၁၀၀ ဘယ္ေဈးေပးရမယ္လို႔ သတ္မွတ္ၿပီး လယ္သမား အက်ိဳးစီးပြါးေတြကို ကာကြယ္ေပးခဲ့တာ၊ ကုန္ထုတ္လမ္းေတြ ႏိုင္ငံတဝွမ္း ေဖာက္ေနတာေတြေၾကာင့္ရဲ႕ အသီးအပြင့္ေတြပါပဲ။ တစ္ခ်ိန္ ကိုလိုနီေခတ္က ျမန္မာ့ဆန္တင္ပို႔မႈဟာ

ထိပ္တန္းေရာက္ခဲ့ေပမယ့္၊ စစ္အစိုးရ ေခတ္တေလွ်ာက္ စီမံခန႔္ခြဲမႈ အလြဲေတြေၾကာင့္ ျပန္လည္က်ဆင္းခဲ့ရပါတယ္။ အခုေတာ့ ျပည္သူ႔အစိုးရရဲ႕ အေျမာ္အျမင္ေတြေၾကာင့္ ေနရာမွန္တစ္ခုကို ၄ ႏွစ္အတြင္း ျပန္ေရာက္ခဲ့ရပါၿပီ။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပထမ ၈ လအတွင်း ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ခဲ့တဲ့အတွက် မြန်မာဟာ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့နဲ့အတူ ဆန် အဓိကတင်ပို့သူ ဖြစ်လာပါတော့တယ်။ USDA က အသိအမှတ် ပြုလိုက်တဲ့အတွက် မြန်မာ့ဆန်ဟာ အရင်လို တရုတ်ချည်း

အားကိုးမနေကြရတော့ဘဲ နိုင်ငံတကာက ဆန်ဝယ်ယူရေး တင်ဒါတွေကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ တစ်နှစ်လျှင် ဆန်တန်ချိန် ၃ သိန်းသွင်းရတဲ့ ဖိလစ်ပိုင်က ဆန်တင်ဒါတစ်ခုကို မကြာခင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ မြန်မာ့ဆန်ဟာ

နာမည်ကျော်ပြိုင်ဖက် ထိုင်းနဲ့အိန္ဒိယကိုကျော်ပြီး ဗီယက်နမ်နဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါတွေဟာ သူ့ဖာသာဖြစ်လာတဲ့ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အလုပ်သမား ရှားပါးမှုကို စက်မှုလယ်ယာဖက် အားပေးနေတဲ့ ပေါ်လစီ၊ ရေသွင်းစိုက်ဖို့ အောင်ရေရဖို့

သေခြာစေမယ့် ဆည်ရေသောက် စီမံကိန်းတွေ၊ လယ်တွေကိုပေါင်းလို့ စုပေါင်းကုန်ထုတ်စနစ်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အစီအမံတွေ၊ လယ်သမားတွေကို စိုက်စရိတ်လုံလောက်အောင် ချေးပေးသလို၊ စပါးဈေးနှုန်းကို ပွဲစားတွေအဖြတ်မခံဘဲ

အစိုးရက တင်း ၁၀၀ ဘယ်ဈေးပေးရမယ်လို့ သတ်မှတ်ပြီး လယ်သမား အကျိုးစီးပွါးတွေကို ကာကွယ်ပေးခဲ့တာ၊ ကုန်ထုတ်လမ်းတွေ နိုင်ငံတဝှမ်း ဖောက်နေတာတွေကြောင့်ရဲ့ အသီးအပွင့်တွေပါပဲ။ တစ်ချိန် ကိုလိုနီခေတ်က မြန်မာ့ဆန်တင်ပို့မှုဟာ

ထိပ်တန်းရောက်ခဲ့ပေမယ့်၊ စစ်အစိုးရ ခေတ်တလျှောက် စီမံခန့်ခွဲမှု အလွဲတွေကြောင့် ပြန်လည်ကျဆင်းခဲ့ရပါတယ်။ အခုတော့ ပြည်သူ့အစိုးရရဲ့ အမြော်အမြင်တွေကြောင့် နေရာမှန်တစ်ခုကို ၄ နှစ်အတွင်း ပြန်ရောက်ခဲ့ရပါပြီ။